Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ၄ ရက်​မြောက် ပုဂံခရီး​စဉ် ပြည်သူများ​ လှိုက်လှဲစွာကြိုဆို
DVB
·
July 7, 2011
မြန်မာ့​ရှေး​ဟောင်း​ယဉ်​ကျေး​မှုအ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​ကို ​ရောက်ရှိ​နေတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​ ၄ ရက်​မြောက် ခရီး​စဉ်အဖြစ် ပုဂံအနီး​က ဇီး​အိုသစ်လှရွာပတ်ဝန်း​ကျင်နဲ့​ ​ညောင်ဦး​ဈေး​တွေကို သွား​ရောက်ခဲ့​ပါတယ်။ ဒီခရီး​စဉ်​တွေမှာ ​ဒေသခံ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ကို စည်ကား​စွာ အား​ပေး​ကြိုဆိုခဲ့​ကြပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သား​ငယ် ကိုထိန်လင်း​တို့​ ပါဝင်တဲ့​အဖွဲ့​ဟာ ဒီက​နေ့​ ၄ ရက်​မြောက် ခရီး​စဉ်အဖြစ် ပုဂံအနီး​က ဇီး​အိုသစ်လှရွာနဲ့​ အနီး​မှာရှိတဲ့​ သစ်​တော​ရေး​ရာဝန်ကြီး​ဌာန လက်​အောက်ရှိ သစ်​တောဦး​စီး​ဌာန၊​ သဘာဝတ်ဝန်း​ကျင်နှင့်​ တိရစ္ဆာန်ထိန်း​သိမ်း​က ဇီး​အိုသစ်လှအင်ကြင်း​တော သဘာဝထိန်း​သိမ်း​ရေး​နယ်​မြေ အပါအဝင် ​ညောင်ဦး​ဈေး​တွေကို သွား​ရောက်ခဲ့​ကြပါတယ်။ ဇီး​အိုသစ်လှရွာမှာ​တော့​ ​ကျေး​ရွာ ​သောက်သုံး​ရေ ရရှိ​ရေး​အပါအဝင်၊​ ​ဆေး​ခန်း​နဲ့​ စာသင်​ကျောင်း​ဖွင့်​လှစ်နိုင်​ရေး​တွေအတွက် ကူညီနိုင်တာ​တွေကို ​ပြောကြား​ခဲ့​တယ်လို့​ ခရီး​စဉ်လုံခြုံ​ရေး​ တာဝန်ယူထား​တဲ့​ အဖွဲ့​ချုပ်လူငယ်တာဝန်ခံတဦး​က ​ပြောပါတယ်။ “အဲဒီရွာမှာ သဘာဝ ပျက်စီး​နေတဲ့​ဟာ​တွေ၊​ ​နောက်ပြီး​တော့​ အဲဒီရွာမှာ ​ပေါက်​နေတဲ့​ အပင်​တွေ​ပေါ့​နော်။ တကယ့်​တောနဲ့​ တူတယ်။ ဒီဘက်မှာ ​တောပြုန်း​သွား​ပြီး​ ကျန်တဲ့​ ​တောအုပ်​ပေါ့​နော်။ လိုက်ကြည့်​ရင်း​နဲ့​ အန်တီက အဲဒီမှာ ​ရေတွင်း​ တတွင်း​ပဲ ရှိတယ်​ပေါ့​နော်။ ​နောက် ​ရေတွင်း​တွေလည်း​ လုပ်ဖို့​။ ​နောက်ပြီး​တော့​ ​ဆေး​ပေး​ခန်း​ လုံး​ဝ မရှိဘူး​ခင်ဗျ။ ကျန်း​မာ​ရေး​ဆေး​ပေး​ခန်း​ လုပ်ဖို့​၊​ ​နောက်ပြီး​တော့​ စာသင်​ကျောင်း​ တ​ကျောင်း​လောက် ထပ် လုပ်​ပေါ့​နော် တိုက်တွန်း​ခဲ့​တယ် အန်တီက​လေ။ အန်တီဘက်ကလည်း​ ဘာ​တွေလုပ်​ဆောင်မယ် ညာ​တွေ လုပ်မယ်လို့​တော့​ အစီအစဉ်​တွေ ရှိတယ်လို့​ ကြား​တယ်ဗျ။” အဲ့​ဒီ​နောက် ဇီး​အိုသစ်လှအင်ကြင်း​တော သဘာဝထိန်း​သိမ်း​ရေး​ နယ်​မြေကို သွား​ရောက်​လေ့​လာပြီး​ တာဝန်ရှိသူ​တွေက လိုက်လံရှင်း​ပြခဲ့​ပါတယ်။ ဒီအ​ကြောင်း​ကို ခရီး​စဉ်မှာ လိုက်ပါသတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို​ပြောပြပါတယ်။ “ကျ​နော်တို့​က ဝန်ထမ်း​ဟုတ်မဟုတ်​တော့​ မသိဘူး​။ ယူနီ​ဖောင်း​မပါဘူး​။ ဒါ​ပေမယ့်​ လူတ​ယောက် ​တော်​တော်​လေး​ကို လိုက်ရှင်း​ပြတယ်။ ဗမာလို​ရော၊​ အင်္ဂလိပ်လို​ရော ​ကောင်း​ကောင်း​ ရှင်း​ပြတယ်။ သူတို့​ ဘယ်လို take care လုပ်ထား​တယ် ဆိုတဲ့​အ​ကြောင်း​၊​ ​နောက် အန်တီကလည်း​ သိချင်တာ​တွေ အကုန်​မေး​တယ်။ သူတို့​ အကုန်​ပြောပြပါတယ်။ သိချင်တာ ​မေး​ပြီး​တော့​မှ အင်ကြင်း​ကျောက် ကြည့်​ချင်တယ် ဘယ်နား​မှာလဲတဲ့​။ အင်ကြင်း​ပင်က ​ကျောက်ဖြစ်​နေတဲ့​ဟာ​ပေါ့​နော်။ လိုက်ပြမယ်ဆိုပြီး​ သူတို့​ သွား​ကြပြီး​ ​နောက်ပြီး​ကျ​တော့​ မရှိဘူး​တဲ့​၊​ မရှိဘူး​ဆိုတာ ရှိတယ်။ ဒါ​ပေမယ့်​ သဲပြန်ဖုံး​သွား​တာတို့​ ဘာတို့​ ဖြစ်သွား​ပြီး​တော့​မှ ​တော်​တော်တူး​ယူရမှာတဲ့​၊​ အချိန်​တော်​တော်ယူလိမ့်​မယ်တဲ့​ ကြည့်​ဖို့​။ မလွယ်ဘူး​ပေါ့​နော် ​လော​လောဆယ်။ အဲဒါဆိုလည်း​ ထား​လိုက်ပါ​တော့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က။” ဒီခရီး​စဉ်အတွင်း​မှာလည်း​ ​ဒေသခံ​တွေအများ​အပြား​ လာ​ရောက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို နှုတ်ဆက်ခဲ့​ကြပါတယ်။ အဲ့​ဒီ​နောက် ည​နေပိုင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ညောင်ဦး​ဈေး​ကို သွား​ရောက်တဲ့​အခါမှာလည်း​ ပုဂံ-​ညောင်ဦး​ မြို့​ခံ​တွေက လှိုက်လှိုက်လှဲကြိုဆိုခဲ့​ကြတယ်လို့​ ခရီး​စဉ်လုံခြုံ​ရေး​တာဝန်ယူထား​တဲ့​ အဖွဲ့​ချုပ်လူငယ်တာဝန်ခံက အခုလို ​ပြောပါတယ်။ “​ညောင်း​ဦး​ဈေး​ထဲကို ဒီက​နေ ဟိုတယ်က​နေ ​ညောင်ဦး​ထွက်တဲ့​ အချိန်မှာ ​ညောင်ဦး​ဈေး​နား​ ​ရောက်တဲ့​အချိန်မှာ လူ​တွေက အရမ်း​များ​နေတယ်။ အဲဒါ ကျ​နော်တို့​ ​ညောင်ဦး​ဈေး​ထဲကို ဝင်တယ် ပစ္စည်း​ဝယ်ဖို့​။ အန်တီဝင်တဲ့​အချိန်မှာ ​တော်​တော်​လေး​ တိုး​ယူရတယ်​ပေါ့​နော်။ ​ညောင်ဦး​ဈေး​သူ ​ဈေး​သား​တွေ​ရော၊​ ​ညောင်ဦး​ မြို့​ခံသူ မြို့​ခံသား​တွေ​ရော အကုန်လုံး​ ပန်း​စည်း​တို့​ ပန်း​တို့​နဲ့​ပေါ့​နော် ကြိုဆို​နေတယ်။ ကျ​နော်တို့​ ဝယ်မယ့်​ဆိုင်ကို သွား​ဝယ်တယ်။ ​တော်​တော်တိုး​ယူရတယ်ဗျ။ ဆိုင်ကယ်​တွေနဲ့​ရော ကား​တွေနဲ့​ရော လာပြီး​တော့​နော် နှုတ်ဆက်တဲ့​ လူ​တွေ များ​ပါတယ်ဗျာ။ ကြိုဆိုကြတဲ့​ လူ​တွေ ​တော်​တော်များ​ပါတယ်ဗျာ။” ဒီလို​ညောင်ဦး​ဈေး​မှာ မြို့​ခံ​တွေက လှိုက်လှိုက်လှဲလှဲကြိုခဲ့​ကြပုံ​တွေကို လိုက်ပါသတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို​ပြောပါတယ်။ “​ရောက်လာပြီ ဆိုကတည်း​က အ​ပေါက်ဝကတည်း​က ဝင်မရ​တော့​ဘူး​။ ပန်း​တွေနဲ့​ ကြိုတယ်၊​ ​နောက် လက်​ဆောင်​တွေ ​ပေး​တာလည်း​ မနည်း​ဘူး​။ အခု ယွန်း​ထည်အရုပ်​တွေလို အိမ်မှာ အလှထား​တယ်​လေ ​ဒေါင်း​လိုဟာမျိုး​တွေ အဲဒါ​ပေး​တယ်။ အများ​ကြီး​ပဲ ပစ္စည်း​တွေက​တော့​ ဝိုင်း​ပေး​ကြတာ။ လူအုပ်ကြီး​က တအား​များ​လာ​တော့​ အန်တီက ဘယ်​လောက် ကြာသွား​လဲဆို​တော့​ မိနစ် ၂၀ ​ကျော်​လောက်ပဲ သူ​နေနိုင်လိုက်တယ်၊​ မ​နေနိုင်ဘူး​။ အစိုး​ရဘက်က​တော့​ လုံခြုံ​ရေး​တော့​ သီး​သန့်​ပေး​ထား​တာ မရှိဘူး​။ အန်အယ်လ်ဒီက​တော့​ သူ့​လုံခြုံ​ရေး​သူ​ပေါ့​၊​ သူပါလာတဲ့​လူ။ ဒါ​ပေမယ့်​ အဲဒီ​လောက်လူများ​သွား​တာ သူတို့​လည်း​ ဘာမှ မလုပ်နိုင်ပါဘူး​။ ​လေး​ငါး​ယောက်​လောက် ဝိုင်း​ရံထား​ပြီး​ လူအုပ်ကို မတိုး​ပါနဲ့​ မတိုး​ပါနဲ့​ ဘာမှ ​တောင်း​ပန်လို့​ မရဘူး​။ ကျန်း​မာပါ​စေ ချမ်း​သား​ပါ​စေလို့​ ​အော်တာမျိုး​မဟုတ်ဘူး​ဗျ။ သူ့​ဟာသူ အန်တီကျန်း​မာပါ​စေ အဲဒီလိုမျိုး​ ဝိုင်း​ပြီး​ လက်ဆွဲနှုတ်ဆက်ပြီး​ လက်​ဆောင်​ပေး​ကြတာ များ​တယ်။” ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပုဂံခရီး​စဉ် အတွင်း​မှာပဲ ဒုတိယ​နေ့​ဖြစ်တဲ့​ ၅ ရက်​နေ့​ ည​နေပိုင်း​ကလည်း​ အချိန်ကာလ တိုက်ဆိုင်စွာနဲ့​ ပုဂံကိုတရား​ပွဲကြွချီလာတဲ့​ နိုင်ငံ​ကျော် ​ရွှေပါရမီ​တောရ ဆရာ​တော် အရှင်ဆန္ဒာဓိကကို ပုဂံဟိုတယ်မှာ ​တွေ့​ဆုံ ဖူး​မျှော်ခဲ့​ပါ​သေး​တယ်။ ဒီမှာ ဆရာ​တော်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အပြန်အလှန်​လျှောက်ထား​ မိန့်​ကြား​တာ​တွေကိုလည်း​ လိုက်ပါခွင့်​ရခဲ့​တဲ့​ ခရီး​စဉ် လုံခြုံ​ရေး​တာဝန်ယူထား​တဲ့​ အဖွဲ့​ချုပ်လူငယ်တာဝန်ခံကပဲ အခုလို ​ပြောပြပါတယ်။ “ဆရာ​တော်ကလည်း​ ပုဂံမှာ တရား​လာ​ဟောတဲ့​ အချိန်ဖြစ်တယ်။ အန်တီကလည်း​ ဒီ​ရောက်​နေတယ်။ ​နောက်ပြီး​တော့​ အန်တီကို ​တွေ့​ချင်တယ်၊​ အန်တီကလည်း​ ​တွေ့​ချင်တယ်ဆို​တော့​ အဲဒါ ကျ​နော်တို့​ ဆရာ​တော်အခန်း​ကို သွား​ပြီး​တော့​ ကျ​နော်တို့​ ဆရာ​တော်ကို သွား​ဖူး​ပါတယ်​ပေါ့​နော်။ ဆရာ​တော်ကလည်း​ ကျ​နော်တို့​ကို စာအုပ်​တွေ၊​ တရား​စာအုပ်​တွေ၊​ ​နောက် တရား​အ​ကြောင်း​တွေ ဆရာ​တော်နဲ့​ အန်တီနဲ့​ ​တော်​တော်များ​များ​ ​ပြောဖြစ်ပါတယ်။ ​နောက် ဆရာ​တော်ကလည်း​ ပရဟိတ လုပ်ငန်း​လေး​တွေ လုပ်​နေတယ်။ အန်တီကလည်း​ လုပ်​နေတယ်ဆို​တော့​ ကိုယ့်​ဗမာလူမျိုး​တွေအတွက် ဗမာပြည်တွင်း​အတွက် လုပ်ရမယ် ​ပေါ့​နော်။ အဲဒါ​တွေ ​တော်​တော်များ​များ​ ​ပြောဖြစ်ပါတယ်။ ဆရာ​တော်ကလည်း​ နိုင်ငံ​ရေး​နဲ့​ ဘာသာ​ရေး​ ဘာညာဆိုတာလည်း​ ဒါ ဆက်နွှယ်​နေတာပဲ​လေ။ ဆရာ​တော် မိန့်​သွား​တာက​တော့​ ဗိုလ်ချုပ်​အောင်ဆန်း​ တိုက်ယူ​ပေး​ခဲ့​တဲ့​အတွက် ဘာသာ၊​ သာသနာလည်း​ ကျန်​နေတယ်​ပေါ့​နော်။ အဲဒီအတွက် သူတို့​လည်း​ ဘာသာကို ထွန်း​ကား​အောင် ဆရာ​တော်ကလည်း​ ဆရာ​တော်အပိုင်း​ ဘာသာ သာသနာအတွက်ကို သူလည်း​ ကြိုး​စား​အား​ထုတ်ပြီး​တော့​ လုပ်တယ်၊​ ​နောက်ပြီး​တော့​ ပရဟိတလုပ်ငန်း​တွေကို ဆရာ​တော် လုပ်တယ်ဆိုတဲ့​ အ​ကြောင်း​တွေ ဆရာ​တော်က ​ပြောပြတယ်။ ​နောက်လုပ်မယ့်​ အစီအစဉ်​လေး​တွေကိုလည်း​ ​ပြောပြတယ်။ ​နောက် အန်တီကလည်း​ အန်တီလုပ်​နေတဲ့​ ဟာ​လေး​တွေ ​နောက်လုပ်မယ့်​ ဟာ​လေး​တွေ ဆရာ​တော်နဲ့​ပေါ့​နော် ဖလှယ်ကြတယ်​ပေါ့​နော်။ ဒါ​ပေမယ့်​ ဆရာ​တော်ကလည်း​ ဘာ​ပြောလဲဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် အသက် ၂၀ ​လောက်ကသာ အိမ်​ထောင်ပြုခဲ့​မယ်ဆိုရင် ကျ​နော်တို့​လည်း​ သား​ပဲ​ပေါ့​နော် ဆိုပြီး​တော့​ ​ပြောပါတယ်။ ဆရာ​တော်ကလည်း​ အဲဒီလို သ​ဘော​လေး​ပေါ့​နော် အဲဒီလို သ​ဘော​လေး​တွေ ​ပြောတာ​ပေါ့​။ အသက်အရွယ် အပိုင်း​အခြား​ကို ဆရာ​တော်က ဦး​စား​ပေး​ပြီး​ ​ပြောတာ​ပေါ့​နော်။ အား​လုံး​ကလည်း​ အ​မေစုလို့​ ​ခေါ်ကြတဲ့​အတွက် သူလည်း​ ​ခေါ်မယ်​ပေါ့​နော် အဲဒီလို မျိုး​လေး​တွေ​ပေါ့​နော်။ သူလည်း​ အဲဒါကို သ​ဘောကြတယ်​ပေါ့​ဗျာ အား​လုံး​က အဲလိုမျိုး​တွေ​ပေါ့​။” ဒေါ်​အောင်ဆန်း​စုကြည်ဟာ မိသား​စုပုဂံဘုရား​ဖူး​ခရီး​စဉ်အဖြစ် ဒီလ ၄ ရက်​နေ့​ ကတည်း​က ပုဂံကို ​ရောက်ရှိ​နေတာဖြစ်ပြီး​ ၈ ရက်​နေ့​ မနက်မှာ​တော့​ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024