အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမည့်ကိစ္စသည် မှန်ကန်သည့်လုပ်ရပ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀ါရှင်တန်ပို့စ် သတင်းထောက်နှင့် တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - General Min Aung Hlaing Facebook)
အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမယ့် ကိစ္စဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၀ါရှင်တန်ပို့စ်သတင်းစာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။ သမ္မတကိုယ်တိုင်ကလည်း အစိုးရ အလွှဲအပြောင်းအတွက် ကတိပြုထားပြီးဖြစ်လို့ တပ်မတော်ကလည်း ဒီအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အရပ်သားအစိုးရကို အာဏာတွေ အခုထက် တိုးပေးသွားဖို့ကိုလည်း တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တပြည်လုံး ငြိမ်းချမ်းဖို့၊ ပါတီစုံဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာဖို့နဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ အချက် ၃ ချက် လိုအပ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up