DVB Logo
Home
မြန်မာသတင်း
ဝက်နားရွက်ပြာ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး တိကျသေချာသည့် သတင်းထုတ်သင့်
DVB
·
July 7, 2011
ဝက်နားရွက်ပြာ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး တိကျသေချာသည့်  သတင်းထုတ်သင့်
Donate to DVB

ဝက်နားရွက်ပြာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက တိကျရှင်းလင်း သေချာတဲ့ သတင်း ထုတ်သင့်တယ်လို ၀က်နားရွက်ပြာ ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်ထားတဲ့ သုတေသီပညာရှင် ဒေါက်တာ အောင်မြင့်က ပြောပါတယ်။

ဝက်နားရွက်ပြာကာကွယ်ဆေး မသုံးကြဖို့ စာထုတ်ထားတယ်၊ ကာကွယ်ဆေးသုံးလို့ ၀က်တွေသေဆုံးတာကြောင့် တားမြစ်ရတာဖြစ်တယ်လို့ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနက ဒေါက်တာအောင်ကြီးက ဇွန်လ ၂၃ ရက်နေ့ထုတ် ဆဲဗင်းဒေးဂျာနယ်မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

[caption id="attachment_12367" align="alignleft" width="310" caption="ဒေါက်တာ အောင်မြင့်"][/caption]

ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာလည်း ၀က်နားရွက်ပြာရောဂါ ကာကွယ်ဆေးကြောင့် ၀က်တွေပိုသေဆုံးတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဒါကြောင့် ၀က်နားရွက်ပြာကာကွယ်ဆေးနဲ့ပတ်သက်ပြီး အများပြည်သူကို ရှင်းလင်းတိကျတဲ့သတင်း ထုတ်ပြန်ပေးသင့်တယ်လို့  သုတေသီက ပြောလိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ နိုင်ငံခြားက တရားမ၀င် ၀င်ရောက်လာတဲ့ ကာကွယ်ဆေးတွေ မသုံးသင့်တဲ့အကြောင်း အသိပေးသင့်တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာအောင်မြင့်ဟာ ပြည်တွင်းမှာဖြစ်နေတဲ့ ၀က်နားရွက်ပြာရောဂါကို လေ့လာပြီး ၀က်နားရွက်ပြာ ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်ထားသူ သုတေသီ ပညာရှင်တဦး ဖြစ်ပါတယ်။

သူစမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို သက်ဆိုင်ရာ မွေးမြူကုသရေး ဦးစီးဌာနထံ တင်ပြထားတာ တလကျော်ကြာခဲ့ပေမယ့် သက်ဆိုင်ရာက အခုထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

ဝက်နားရွက်ပြာရောဂါ သိပ်ပြီးမပျံ့နှံ့ခင် အရေးပေါ် အထူးကိစ္စတရပ်အနေနဲ့ ကာကွယ်ဆေးထုတ်ခွင့်ပေးရင် ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဆေးထုတ်ခွင့် တင်ပြခဲ့တာ ဖြစ်တယ်လို့လည်း ဒေါက်တာအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင်  စမ်းသပ်သုံးဖူးတဲ့ သူတွေက ဆေးဆက်သုံးဖို့ ရှိနေတာကြောင့် ဆေးထုတ်ခွင့် ရချင်ကြောင်းလည်း  ခုလိုပြောပြပါတယ်။

“အဖြေမထွက်လာသေးတော့ ရောဂါကတော့ ဆက်ပြီးပျံ့နှံ့နေတာ ကျနော်လည်း စိတ်ထဲမှာ မကောင်းဘူးခင်ဗျ။ နောက်တခါ စောစောပိုင်း စမ်းထိုးခဲ့တဲ့ လူတွေကလည်း နောက်တကြော့များ သူတို့ဆီကို ပြန်ဝင်လာမလား။ သူ့တိရစ္တာန်တွေ စောစောတုန်းကတော့ ရောဂါမဖြစ်ဘဲနဲ့ ကျန်နေခဲ့တယ်ပေါ့နော်။ အဲဒီကောင်တွေကို ဆေးများ ထပ်ထိုးဖို့ လိုမလားဆိုပြီး လိုချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ကျနော်ကတော့ စမ်းသပ်ကာလ ပြီးဆုံးသွားတော့ ဆေးကို ဘယ်သူ့ကိုမှ ထပ်မပေးဘဲနဲ့ ထိန်းထားတယ်ပေါ့လေ။ ဆက်လည်း မထုတ်ဘူးပေါ့နော်။ စမ်းတဲ့ အရေအတွက် လောက် ထုတ်ပြီးတော့ အခု ရပ်ထားတယ်။ အဲဒီတော့ လိုချင်သူတွေ ရအောင် မြန်မြန် လေးတော့ ထုတ်ခွင့် ရချင်တယ်ပေါ့ဗျာ။”

ဝက်နားရွက်ပြာရောဂါဟာ ပြည်နယ်တိုင်း ခုနှစ်ခုမှာ ဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ လောလောဆယ်မှာ ဧရာဝတီိတိုင်း၊ ရန်ကုန်တိုင်းနဲ့ သန်လျင်ဒေသဘက်တွေမှာ ဆက်လက်ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013