DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ဝန်ကြီး​၏ ကိုယ်စား​လှယ်များ​ကို ​ကေအိုင်အို ​တွေ့​ဆုံ
DVB
·
July 6, 2011
ကချင်ပြည်နယ်ဝန်ကြီး​၏ ကိုယ်စား​လှယ်များ​ကို ​ကေအိုင်အို ​တွေ့​ဆုံ
Donate to DVB

ကချင်ပြည်နယ်အတိုင်ပင်ခံအဖွဲ့​ဥက္ကဋ္ဌ ဦး​ဆင်ဝါး​နော်နဲ့​ အတွင်း​ရေး​မှူး​တို့​ နှစ်ဦး​ဟာ ဒီက​နေ့​ တရုတ်-မြန်မာနယ်စပ်က ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ​ရောက်ရှိလာပြီး​ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေကို ​တွေ့​ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ်လုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင် ​ပေး​လိုက်တဲ့​စာကို ယူလာပြီး​ ​ကေအိုင်အိုကို ​ပေး​တာဖြစ်ပါတယ်။

စာမှာအဓိကအား​ဖြင့်​ ​ကေအိုင်​အေဘက်က တပ်​တွေကို ပစ်ခတ်တာရပ်စဲဖို့​ အမိန့်​ပေး​ဖို့​ ​တောင်း​ဆိုထား​တာ ဖြစ်ပါတယ်။

ဒီ​တွေ့​ဆုံမှုဟာ ဇွန်လ ၃၀ ရက်​နေ့​က ဗိုလ်မှူး​ကြီး​သန်း​အောင်နဲ့​ ​ကေအိုင်အို ဒုစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်တို့​ ​တွေ့​ဆုံအပြီး​ တပတ်အတွင်း​မှာ ထပ်မံ​တွေ့​ဆုံမှု ဖြစ်ပါတယ်။

ဒီ​တွေ့​ဆုံပွဲနဲ့​ပတ်သက်လို့​ ​ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​ကို ​မေး​ထား​ပါတယ်။

“သူတို့​ဘက်က ဇွန်လ ၁၈ ရက်က စပြီး​ မပစ်ခတ်ဖို့​ သက်ဆိုင်ရာ​တွေကို ကမ်း​လှမ်း​ထား​ပြီး​ပြီဆိုတဲ့​ အ​ကြောင်း​ပါ။ အဲဒါ​ကြောင့်​မို့​ တူညီတဲ့​တုံ့​ပြန်မှုအ​နေနဲ့​ ကျ​နော်တို့​ ​ကေအိုင်​အေကလည်း​ ပြန်ပြီး​တော့​ အပစ်အခတ်ရပ်ဖို့​ ညွှန်ကြား​ပေး​ပါဆိုတဲ့​အချက်ပါ။”

အစိုး​ရတပ်စခန်း​တွေနဲ့​ပတ်သက်လို့​ ပစ်ခတ်ခြင်း​မပြုဖို့​ဆိုတဲ့​ အချက်​တွေ ပါလား​။

“​ဒေသတည်ငြိမ်​အေး​ချမ်း​ရေး​လုပ်ငန်း​စဉ်မှာ ဒါ​တွေက တိုက်ပွဲ​တွေဘာ​တွေ မဖြစ်ဘူး​ဆိုရင် သက်​သေပြယုဂ်တခုဖြစ်မယ်ဆိုပြီး​ စာမှာ ​ရေး​ထား​ပါတယ်။ ​နောက်တခုက ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ ထာဝရငြိမ်း​ချမ်း​ရေး​ကို ဦး​တည်​ဆောင်ရွက်မှာဖြစ်တဲ့​အတွက်မို့​ အချိန်​တော့​ ယူရမယ်ဆိုတဲ့​ဟာ​တွေ​ပေါ့​နော်။ အဲလို အချိန်ယူတဲ့​အခါမှာ တဖက်နဲ့​တဖက် ယုံကြည်မှုတည်​ဆောက်ပြီး​တော့​ ​ရှေ့​လုပ်ငန်း​စဉ်​တွေကို အ​ကောင်ထည်​ဖော်​ရေး​မှာ ယုံကြည်မှုရှိရမယ်ဆိုတဲ့​ အချက်​တွေပါပဲ။”

ကေအိုင်​အေက ​တောင်း​ဆိုထား​တဲ့​ အပစ်ခတ်ရပ်စဲ​ကြောင်း​ အ​ထောက်အထား​ မပြဘဲ အခုလို လုပ်​နေတာဟာ အစိုး​ရဘက်က​နေ သုံး​ခေါက်ရှိပြီလာတာ၊​ ​ကေအိုင်​အေဘက်က​နေပြီး​တော့​ တိုက်ပွဲလိုတယ်ဆိုပြီး​တော့​ တချိန်ချိန်မှာ ​ဝေဖန်ဖို့​အတွက် နိုင်ငံ​ရေး​အမြတ်ထုတ်တယ်ဆိုတဲ့​ပုံစံမျိုး​ ​ဝေဖန်တာ​တွေရှိတယ်။ အခု ခရီး​စဉ် သုံး​ရပ်အ​ပေါ်မှာ ဘယ်လိုမျိုး​ မြင်လဲ။

“အခုလာတာ ညှိနှိုင်း​ရေး​အဖွဲ့​ကို ကိုယ်စား​ပြုပြီး​လာတဲ့​ သ​ဘောမျိုး​တော့​ မဟုတ်ဘူး​ ကျ​နော်တို့​ခန့်​မှန်း​ကြည့်​တာ။ ကချင်အမျိုး​သား​များ​ အတိုင်ပင်ခံအဖွဲ့​ရဲ့​ ဥက္ကဋ္ဌရယ် အတွင်း​ရေး​မှူး​ရယ် လာကြတာပါ။ အဲ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ပတ်သက်ပြီး​ ဒီ​တွေ့​ဆုံမှုနဲ့​ အဆင့်​တဆင့်​လို့​ ​ပြောလို့​မရဘူး​။ ”

အဲ​တော့​ သူတို့​ ​စော​စောက ​ပြောတဲ့​ အချက်အလက်​တွေက ဘယ်သူက ​ပေး​လိုက်တာပါလဲ။

“စာ​ရေး​လိုက်တာက​တော့​ အဖွဲ့​ခေါင်း​ဆောင် ဗိုလ်မှူး​ကြီး​ သန်း​အောင်က​နေပြီး​တော့​ ​ရေး​လိုက်တဲ့​စာပါ။ အဓိကက​တော့​ သူတို့​တပ်ဖွဲ့​တွေအ​နေနဲ့​ မပစ်ဖို့​ ညွှန်ကြား​ထား​ပြီး​ပြီ။ အဲ​တော့​ တူညီတဲ့​တုံ့​ပြန်မှုအ​နေနဲ့​ ခင်ဗျား​တို့​အ​နေနဲ့​ ​ရှေ့​တန်း​မှာ ပစ်လား​ခတ်လား​မလုပ်ဖို့​ပေါ့​ အဓိက အဲဒါပါပဲ။ ငြိမ်း​ချမ်း​ရေး​လုပ်တဲ့​အခါမှာ အချိန်​တော့​ ​တော်​တော်​လေး​ယူရမယ်။ ဒါ​ကြောင့်​ နှစ်ဖက်ကို ယုံကြည်မှုကိုလည်း​ တည်​ဆောက်မယ်ဆိုတဲ့​ သ​ဘောနဲ့​ပြောတာပါ။”

ဗိုလ်မှူး​ကြီး​သန်း​အောင်က​နေပြီး​တော့​ အပစ်ခတ်ကို ၁၈ ရက်​နေ့​ကတည်း​က ရပ်ထား​ပြီး​ပြီလို့​ပြောတယ်။ ဒါ​ပေမယ့်​ မ​နေ့​က ညတုန်း​က ၁၀ နာရီက​နေ မနက် ၂ နာရီအထိ တိုက်ပွဲ​တွေ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး​တွေနဲ့​လည်း​ အစိုး​ရဘက်က ပစ်တယ်လို့​ပြောတယ်။ အဲ​တော့​ ဗိုလ်မှူး​ကြီး​သန်း​အောင် ​ပြောကြား​ချက်က ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ်က ကတိကို ချိုး​ဖောက်တာလား​၊​ ဘယ်လိုမြင်လဲ။ ​ကေအိုင်​အေ တပ်မဟာ ၃ လက်​အောက် တပ်ရင်း​ ၁၅ ဘက်မှာ တိုက်ပွဲ​တွေ ဖြစ်တယ်ကြား​တယ်။

“ကျ​နော်လည်း​ အဲဒါ ကြား​မိပါတယ်။ အခုထက်ထိ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​ကို နှစ်ဦး​နှစ်ဖက်က​နေ သ​ဘောတူညီချက် မရ​သေး​တဲ့​အတွက်​ကြောင့်​မို့​ အဲလိုမျိုး​ ပစ်ခတ်မှုကို ကျ​နော်တို့​ဘက်က​တော့​ ဘာမှ ​ပြောဆိုစရာ​တော့​ မရှိဘူး​ခင်ဗျ။ သူတို့​ဘက်က​နေပြီး​ အပစ်အခတ်ရပ်ဆိုင်း​ထား​တယ်ဆိုတာ ကျ​နော်တို့​ဘက်ကို လာ​ပြောတာရှိတယ်၊​ ပြီး​တော့​ စာထဲမှာ သူတို့​ စစ်တိုင်း​မှူး​က ညွှန်ကြား​ထား​သည်ဆိုတဲ့​ စာပိုဒ်​လေး​ ပြန်ပြီး​တော့​ ​ဖော်ပြထား​တာ​လေး​ ရှိတယ်။ ဒါ​ပေမယ့်​ အဲဒါ​ကြောင့်​ ကျ​နော်တို့​ပြောတာ​ပေါ့​။ ဒါက​တော့​ ယုံကြည်ရခက်တယ်။ သက်ဆိုင်ရာ စစ်ဖက်အရာရှိက​နေပြီး​တော့​ အမှန်တကယ်ပဲ အပစ်အခတ်ရပ်ဆိုင်း​ထား​ခိုင်း​တယ်ဆိုတဲ့​ သက်​သေအ​ထောက်အထား​ ​တောင်း​တာ အဲဒီအတွက်​ကြောင့်​ပါ။ သူတို့​ အဲလိုမျိုး​ ​ပြော​ပေမယ့်​ ပစ်ခတ်မှု​တွေဖြစ်လာတာက ကျ​နော်တို့​အတွက် ဘာမှ ထူး​ခြား​တဲ့​ ဖြစ်စဉ်လို့​တော့​ မသတ်မှတ်ပါဘူး​ခင်ဗျ။”

၃ ရက်​နေ့​က ညွှန်ကြား​ချက်ကို​ရော အစိုး​ရဘက်က ​တောင်း​ရင် ဦး​လနန်း​တို့​ဘက်က ​ပေး​ဖို့​ အဆင်သင့်​ပဲလား​။

“သူတို့​က​နေပြီး​ ဒီ​တောင်း​ဆိုမှုက​တော့​ မရှိဘူး​။ ဒါက​တော့​ အပစ်ခတ်ရပ်ဆိုင်း​ရေး​မဟုတ်ဘူး​။ ကျ​နော်တို့​ညွှန်ကြား​ထား​တာက​တော့​ ကျ​နော်တို့​ဘက်က အပစ်ခတ်ရပ်ဆိုင်း​ထား​တယ်ဆိုတဲ့​ဟာမျိုး​မဟုတ်ဘူး​။ ကျ​နော်တို့​ လိုအပ်ရင်လိုအပ်သလို ​ရှေ့​တန်း​မှာ ရင်ဆိုင်မှုဖြစ်ရင်​တော့​ တိုက်ပွဲ​လေး​တွေ​တော့​ ဖြစ်မှာပါ။ ကျ​နော်တို့​ဘက်က အပစ်အခတ်ရပ်ဆိုင်း​တဲ့​ ညွှန်ကြား​ချက်မဟုတ်ပါဘူး​။”

ဒီည လိုင်ဇာမှာ အိပ်မှာ​ပေါ့​နော် ကိုယ်စား​လှယ်နှစ်​ယောက်က။

“ဟုတ်တယ်။ သူတို့​က နည်း​နည်း​မိုး​ချုပ်သွား​တော့​ တညအိပ်ပြီး​တော့​ မနက်ဖြန် ပြန်ကြမှာပါ။ တခြား​တော့​ ဘာမှ ထူး​ထူး​ထွေ​ထွေ ​ပြော​နေစရာမရှိပါဘူး​။”

နောက်တခါ ဘယ်​တော့​ ထပ်​တွေ့​မလဲ၊​ ခရီး​စဉ်​တွေက​တော့​ စိပ်​နေတယ်​နော်။

“လွှတ်​တော်ကိုယ်စား​လှယ်​တွေက​တော့​ စကား​နဲ့​ပါး​တာတို့​၊​ စာနဲ့​ပါးတာတို့​မျိုး​ပဲရှိတယ်။ တပ်ပိုင်း​ဆိုင်ရာက​တော့​ မ​နေ့​က ပစ်တာခတ်တာ​တော့​ ရှိတယ်။ ကျ​နော်တို့​ဘက်က ပစ်တာ​တော့​မဟုတ်ဘူး​၊​ သူတို့​ဘက်က ပစ်တာလို့​ ​ပြောတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013