DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရသူ ၉ နှစ်အရွယ် က​လေး​ငယ်အတွက် ​ရှေ့​နေ မရှိ၊​ ​ဆေး​ဖိုး​မရှိ
DVB
·
July 6, 2011
နှိပ်စက်ခံရသူ ၉ နှစ်အရွယ် က​လေး​ငယ်အတွက် ​ရှေ့​နေ မရှိ၊​ ​ဆေး​ဖိုး​မရှိ
Donate to DVB

ဧရာဝတီတိုင်း​ ဟင်္သာတမြို့​မှာ လျှပ်စစ်မီး​ပူနဲ့​ ထိုး​တာအပါအဝင် အပြင်း​အထန် နှိပ်စက်ခံရပြီး​ ဒဏ်ရာ​တွေနဲ့​ ​ဆေး​ရုံတက်ရတဲ့​ ကိုး​နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်​လေး​ဟာ ​ဆေးဖိုး​မတတ်နိုင်လို့​ ဟင်္သာတ​ဆေး​ရုံက ဆင်း​ခဲ့​ရပါတယ်။

ဟင်္သာတမြို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်အပါအဝင် ဘယ်အဖွဲ့​အစည်း​ကမှ က​လေး​ရဲ့​ အခက်အခဲကို ဝင်​ရောက် မ​ဖြေရှင်း​ပေး​သေး​သလို ​ရှေ့​နေမရှိ​သေး​ဘူး​လို့​ နယ်​မြေအ​ခြေစိုက် လူ့​အခွင့်​အ​ရေး​သမား​တွေက ​ပြောပါတယ်။

ဟင်္သာတမြို့​က You & Me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး​လုပ်​နေတဲ့​ ၉ နှစ်အရွယ် မိဘမဲ့​လေး​ ​မောင်ထိပ်ကွက်ကို ပြီး​ခဲ့​တဲ့​ ဇွန်လ ၂၇ ရက်​နေ့​တုန်း​က ဆိုင်ရှင်သမက် ကိုစနိုး​က ရိုက်နှက်ပြီး​ လျှပ်စစ်မီး​ပူနဲ့​ ​ပေါင်၊​ ​ကျောနဲ့​ ဗိုက်​တွေကို ထိုး​တဲ့​အတွက် ဒဏ်ရာအပြင်း​အထန်ရပြီး​ ဟင်္သာတ ​ဆေး​ရုံမှာ တက်ကုရတာပါ။

က​လေး​ရဲ့​ ဒဏ်ရာ မ​ပျောက်​သေး​ပေမယ့်​ ​ဆေး​ဖိုး​မတတ်နိုင်လို့​ ​ဆေး​ရုံက အခုလ ၃ ရက်​နေ့​က ဆင်း​ခဲ့​ရပါတယ်လို့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူတဦး​က ခုလို ​ပြောပါတယ်။

“​ဆွေနီး​မျိုး​စပ်​တော်တဲ့​ အ​ဒေါ်အိမ်မှာ လိုက်​နေရတယ်။ ပိုဆိုး​တာက အနာမကျက်​သေး​ဘဲနဲ့​ ​ဆေး​ရုံအုပ်ကြီး​က ဆင်း​လို့​ ရပြီဆို​တော့​ သူတို့​ကလည်း​ ဆက်​နေဖို့​ ရပ်တည်ဖို့​ ရှိပုံ မ​ပေါ်ပါဘူး​။ ​ဆေး​ရုံကလည်း​ အခမဲ့​ ကြည့်​မ​ပေး​တော့​ဘူး​၊​ ဗမာပြည်​ဆေး​ရုံထုံး​စံက​တော့​။ ရပ်မိရပ်ဖ​တွေက ​ငွေ​ကြေး​မ​ပြောနဲ့​ မုန့်​စား​ဖို့​တောင် ဘယ်သူမှ သွား​မ​ပေး​ဘူး​။”

ပထမပိုင်း​တုန်း​က ကျူး​လွန်သူဘက်က ​ဆေး​ဖိုး​ဝါး​ခ လိုက်ပါကူညီ​ပေး​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ထောင်သွင်း​ချုပ်​နှောင်ပြီး​ အာမခံမရတဲ့​ ​နောက်ပိုင်း​မှာ မကူညီ​တော့​တာ​ကြောင့်​ ​ဆေး​ဖိုး​မတတ်နိုင်ဘဲ ​ဆေး​ရုံက ဆင်း​ခဲ့​ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်က​တော့​ ​မောင်ထိပ်ကွက်က ​ခွေး​ကို ရိုက်လို့​ဆိုပြီး​ ဆိုင်ရှင် သမက် ကိုစနိုး​က လျှပ်စစ်မီး​ပူတဲ့​ ​ကျောကုန်း​၊​ ​ပေါင်၊​ ဗိုက်နဲ့​ လက်မှာ ထိုး​လို့​ ဒဏ်ရာအပြင်း​အထန် ရရှိခဲ့​တဲ့​အမှုကို ဒီက​နေ့​ ဟင်္သာတတရား​ရုံး​မှာ စစ်ပါတယ်။

မြို့​နယ်တရား​သူကြီး​ ဦး​သက်ထွန်း​က တရား​လိုပြသက်​သေ​တွေကို စစ်ပါတယ်။

က​လေး​ထွက်​ပြေး​တာကို လက်ခံတဲ့​အိမ်က သက်​သေနဲ့​ ​ဆေး​ရုံလိုက်ပို့​သူ​တွေကို စစ်ပါတယ်။ ဒီက​လေး​ဘက်က လိုက်ပါ​ဆောင်ရွက်ရမယ့်​ ​ရှေ့​နေ တဦး​မှ မ​ပေါ်လာ​သေး​ပါဘူ။

ဒီက​နေ့​ တရား​ရုံး​မှာ ထွက်ဆိုတဲ့​ က​လေး​ဘက်က သက်​သေ မ​အေး​အေး​စိုး​ကို ​မေး​မြန်း​ရာမှာ အဲဒီ​နေ့​တုန်း​က သူအလုပ်ကအပြန် ထမင်း​ဆိုင်မှာစား​နေတုန်း​ အ​မှောင်ထဲမှာ တုန်ရီ​နေတဲ့​ ဒဏ်ရာအများ​ကြီး​နဲ့​ က​လေး​ကို သနား​လို့​ အိမ်ကို​ခေါ်ပြီး​ ​မေး​မြန်း​ရာမှ သိသမျှကို ထွက်ဆိုခဲ့​တယ်လို့​ ​ပြောပါတယ်။

“အဲဒီ​တော့​ စနိုး​က သူကို့​ မီး​ပူနဲ့​ ထိုး​တယ်တဲ့​။ ​ပေါင်ကို အရင်ထိုး​တာတဲ့​၊​ ​ပေါင်မှာလည်း​ မီး​ပူရာ ​တွေ့​ရတယ်။ ​နောက်ပြီး​ ကျောကုန်း​ကိုလည်း​ ထိုး​ထား​တဲ့​ အရာ​တွေ ​တွေ့​ရတယ်။ ​နောက်ပြီး​တော့​ လက်မှာလည်း​ အစက်က​လေး​တွေ ​တွေ့​လို့​မေး​တော့​ ပလတ်စတစ်ကို မီး​ရှို့​ပြီး​တော့​ သူ့​လက်ကို အစက်နဲ့​ ချတာတဲ့​။ သား​ကတဲ့​... သူ့​ကို ​ရေစာလို့​ ​တောင်း​လည်း​တောင်း​ရော မင်း​ကို ​ရေ​တော့​ မတိုက်ဘူး​ဆိုပြီး​တော့​ ​သေး​ပဲတိုက်မယ် ဆိုပြီး​တော့​ ​သေး​ပေါက်ပြီး​တော့​ သူ့​ပါစပ်ထဲ ထည့်​တယ်တဲ့​။ အဲဒါ ​ရေစာ​တော့​ မျိုချလိုက်ရတယ်တဲ့​။ ည​နေ​စောင်း​လောက် ဗိုက်စာလို့​ ထမင်း​တောင်း​တော့​ ​ခွေး​ချေး​ခြောက်​တွေ ယူပြီး​တော့​ ကြွပ်ကြွပ်အိတ်နဲ့​ သူ့​ပါး​စပ်ထဲ ထည့်​ပြီး​တော့​ အဝတ်စနဲ့​ ဆို့​ထား​တယ်တဲ့​။ သူ့​မိန်း​မလည်း​ ပါတယ်တဲ့​။ သူ့​မိန်း​မက သူ့​ကို ကြိုး​နဲ့​ တုပ်ပြီး​တော့​ ရိုက်တယ်တဲ့​။”

ဒီက​နေ့​ထိ တရား​ခွင်မှာ က​လေး​ဘက်က ​ရှေ့​နေလိုက်​ပေး​မယ့်​သူ မရှိဖြစ်​နေပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​စီး​လုပ်​ဆောင်​နေတဲ့​ ​ရှေ့​နေကွန်ရက်ထံက အကူအညီရရှိ​ရေး​ကို ​ဒေသခံ​တွေက ကြိုး​ပမ်း​နေကြဆဲဖြစ်ပါတယ်။

လူမမယ်က​လေး​ငယ်ကို အပြင်း​အထန်နှိပ်စက်ကလူပြု​ပေမယ့်​ ရဲက သာမန်နာကျင်​စေမှုနဲ့​သာ ဖွင့်​ခဲ့​တဲ့​အတွက် ​ဒေသခံ​တွေမ​ကျေနပ်သံ​တွေ ထွက်​ပေါ်ခဲ့​ပြီး​နောက် ညှဉ်း​ပန်း​နှိပ်စက်မှုနဲ့​ ​ပြောင်း​လဲပြီး​ အာမခံမ​ပေး​တော့​ဘဲ ​ထောင်ချုပ်မှာ ချုပ်ထား​ပါတယ်။

ဒီက​နေ့​ ​နောက်ဆုံး​အ​ခြေအ​နေအရ ကျူး​လွန်သူဘက်က ဒီအမှု​ကျေ​အေး​အောင် ကျပ်​ငွေ ငါး​သိန်း​နဲ့​ အမှုပိတ်ဖို့​ ကြိုး​ပမ်း​နေသလို ခိုကိုး​ရာမဲ့​ မိဘမဲ့​က​လေး​ငယ်ဘက်က ​ကျေ​အေး​ရမယ့်​ အ​ခြေအ​နေ ဆိုက်​နေတယ်လို့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013