DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြပွဲဖြစ်ခဲ့​သည့်​ လှိုင်သာယာက ဆံပင်တုစက်ရုံ ပိတ်လိုက်ပြီ
DVB
·
July 6, 2011
ဆန္ဒပြပွဲဖြစ်ခဲ့​သည့်​ လှိုင်သာယာက ဆံပင်တုစက်ရုံ ပိတ်လိုက်ပြီ
Donate to DVB

ဒီနှစ်ဆန်း​ပိုင်း​က ဆန္ဒပြမှုဖြစ်ခဲ့​တဲ့​ လှိုင်သာယာစက်မှုဇုန်ထဲက ကိုရီး​ယား​ပိုင် ဂလိုဘယ်ဟဲ (Global Hair) ဆံပင်တုစက်ရုံကို ဒီလဆန်း​ကစပြီး​ လုံး​ဝ ပိတ်လိုက်တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

[caption id="attachment_12261" align="alignleft" width="310" caption="လှိုင်သာယာစက်မှုဇုန် အလုပ်သမားများ (ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

ဒီလဆန်း​ပိုင်း​ကတည်း​က ​အော်ဒါမရလို့​ဆိုပြီး​ စက်ရုံကို ၄ ရက်ပိတ်ထား​ပြီး​ အခုလ ၅ ရက်​နေ့​၊​ အင်္ဂါ​နေ့​မှာ​တော့​ စက်ရုံပိတ်လိုက်တဲ့​အ​ကြောင်း​ အလုပ်သမား​တွေကို အသိ​ပေး​ခဲ့​တာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

နစ်နာ​ကြေး​အ​နေနဲ့​ လုပ်သက်တနှစ်ပြည့်​တဲ့​ အလုပ်သမား​တွေကို တ​ယောက်ကို ၉ ​သောင်း​၊​ လုပ်သက်တနှစ်မပြည်တဲ့​ အလုပ်သမား​တွေကို ၆ ​သောင်း​ လျော်​ကြေး​ပေး​တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

ကြိုတင်သတိမ​ပေး​ဘဲ ရုတ်တရက်ပိတ်လိုက်တဲ့​အတွက် အခက်အခဲရှိတယ်လို့​ အလုပ်သမား​တ​ယောက် အခုလို​ပြောပါတယ်။

"သမီး​တို့​မှာ ကြို​ပြောရင် အလုပ်ရှာထား​လို့​ ရတယ်။ ကြိုမ​ပြောဘဲ ဗြုန်း​စား​ကြီး​ ဒုက္ခအ​တော်​ရောက်တယ်။ အိမ်လည်း​မရှိဘူး​၊​ ငှား​နေရတယ်။ နယ်ကလာတဲ့​ လူ​တွေဆို ပိုဒုက္ခ​ရောက်တယ်။"

အလုပ်သမား​တွေအ​ပေါ် မှီခို​နေတဲ့​ မိသား​စုလည်း​ ဒုက္ခ​ရောက်တယ်လို့​ မိခင်တ​ယောက်က အခုလို ​ပြောတယ်။

"အန်တီဆို ဒီလဆို အိမ်စ​ပေါ်တင်ရတယ်။ က​လေး​က ပြန်လာပြီး​ သမီး​တို့​ စက်ရုံ နား​လိုက်ပြီဆို​တော့​ ​တော်​တော်​လေး​ စိတ်မ​ကောင်း​ဖြစ်သွား​တယ်။ အခုအချိန်ကလည်း​ ကုန်​ဈေး​နှုန်း​တွေတက်ပြီး​၊​ အရမ်း​အလုပ်ရှား​တဲ့​အချိန်၊​ မိုး​တွင်း​ဘက်ဆို​တော့​ အန်တီက အရမ်း​စိတ်ပူတယ်။ ဗြုန်း​စား​ကြီး​ဆို​တော့​ အရမ်း​အခက်အခဲဖြစ်သွား​တယ်။ ဒီလစာ​လေး​ရလို့​ရှိရင် လှည့်​ပတ်ပြီး​ စား​ရတယ်။ ​ကြွေး​ဆပ်စရာရှိဆပ်ရတယ်။ အခုလို အလုပ်လက်မဲ့​ဖြစ်သွား​တော့​ ​တော်​တော်​လေး​ ဒုက္ခ​ရောက်သွား​တာ​ပေါ့​။”

ဒီစက်ရုံမှာ အလုပ်သမား​ ၁ ​ထောင်ဝန်း​ကျင်ရှိပြီး​ ဇန်နဝါရီလတုန်း​ကလည်း​ လုပ်အား​ခ နည်း​တာ၊​ အချိန်ပို ခိုင်း​တာနဲ့​ ရုံး​ပိတ်ရက် မရှိတာ​တွေအ​ပေါ်မှာ မ​ကျေနပ်လို့​အလုပ်သမား​တချို့​ ဆန္ဒပြခဲ့​ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013