DVB Logo
Home
မြန်မာသတင်း
အ​ဆောင်သူကို မုဒိမ်း​ကျင့်​မှုဖြင့် ​ဘော်ဒါ​ဆောင်ပိုင်ရှင် စွပ်စွဲခံရ
DVB
·
July 6, 2011
Donate to DVB

စစ်ကိုင်း​တိုင်း​ စစ်ကိုင်း​မြို့​မှာ ​ဘော်ဒါ​ဆောင်ပိုင်ရှင် ဆရာဝန်တဦး​ဟာ အရွယ်မ​ရောက်​သေး​တဲ့​ အ​ဆောင်​နေ ဆယ်တန်း​ကျောင်း​သူကို မုဒိမ်း​ပြုကျင့်​တယ်လို့​ စွပ်စွဲခံရပြီး​ ဖမ်း​ဆီး​စစ်​ဆေး​ခံ​နေရပါတယ်။

စစ်ကိုင်း​မြို့​ ရွာ​ထောင်ရပ်မှာ ဖွင့်​ထား​တဲ့​ ဒီအီး​စီ ပုဂ္ဂလိက ​ဘော်ဒါ​ဆောင်ပိုင်ရှင် အသက် (၅၀) ခန့်​အရွယ် ​ဒေါက်တာ ​ဇော်​လေး​ စွပ်စွဲခံရတာဖြစ်ပြီး​ ရဲက ဖမ်း​ဆီး​စစ်ဆေး​နေတာပါ။

သူဟာ သူ့​အ​ဆောင်က ၁၆ နှစ်ဝန်း​ကျင် အ​ဆောင်သူ ဆယ်တန်း​ကျောင်း​သူကို ပြီး​ခဲ့​တဲ့​စ​နေ​နေ့​ ​ဆေး​ခန်း​လိုက်ပို့​ပြီး​အပြန်မှာ မင်း​လမ်း​က စံတည်း​ခိုခန်း​ကို မြူဆွယ်​ခေါ်ယူပြီး​ ပြုကျင့်​တာလို့​ စွပ်စွဲခံထား​ရတာဖြစ်ပါတယ်။

အဲဒီ​ကျောင်း​သူဟာ ရွာအပြန်ကား​ဂိတ်မှာ တ​ယောက်တည်း​ ထိုင်ငို​နေတာကို အတန်း​ဖော်​တွေက ​တွေ့​လို့​ ​မေး​မြန်း​ရာက သူ့​မိဘ​တွေသိသွား​ပြီး​ အမှတ် (၁) ရဲစခန်း​မှာ တိုင်ကြား​ခဲ့​ပါတယ်။

ရဲက အမှုလက်ခံပြီး​တဲ့​နောက် ​နေ့​တွင်း​ချင်း​ပဲ ​ဒေါက်တာ​ဇော်​လေး​ကို ဖမ်း​ဆီး​ စစ်​ဆေး​နေတာလို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

အဲဒီ​ဘော်ဒါ​ဆောင်နံ​ဘေး​မှာ ​နေထိုင်သူတဦး​က ဖြစ်စဉ်အကျဉ်း​ချုပ်ကို ခုလို ​ပြောပြပါတယ်။

“က​လေး​မ​လေး​ကို ​နေမ​ကောင်း​တော့​ ​ဆေး​ထိုး​ပေး​မယ်ဆိုပြီး​တော့​ သူ့​ဆေး​ခန်း​ ​ခေါ်သွား​တာ​ပေါ့​ဗျာ။ ​ဆေး​ခန်း​ခေါ်သွား​ပြီး​တော့​ ​ဆေး​ခန်း​က​နေ ပြီး​တော့​မှ တခါ မြို့​ထဲကို တခါ တခြား​ဆေး​ခန်း​ ​ခေါ်သွား​မယ်လို့​ ​ပြောပြီး​ မ​ခေါ်ဘဲနဲ့​ သူက မင်း​လမ်း​က စံတည်း​ခိုခန်း​ကို ​ခေါ်သွား​ပြီး​တော့​မှ လုပ်လိုက်တဲ့​သ​ဘောဗျ။ ​ကောင်မ​လေး​က အဲက​နေပြီး​တော့​မှ အ​ဆောင်ဘက် ပြန်လာတဲ့​အချိန်မှာမှ နည်း​နည်း​ သတိပြန်လည်လာတဲ့​သ​ဘော​ပေါ့​ဗျာ။”

သတိပြန်လည်လာတယ်ဆို​တော့​ ​ဆေး​တွေ တိုက်ထား​တဲ့​သ​ဘောလား​။

“သူက အဲလို ဖြစ်တဲ့​သ​ဘော​ပေါ့​ဗျာ။

ဒီကိစ္စနဲ့​ပတ်သက်ပြီး​၊​ စစ်ကိုင်း​အမှတ် (၁) ရဲစခန်း​ကို ဒီဗွီဘီက ဆက်သွယ်​မေး​ကြည့်​ရာမှာ တာဝန်ကျရဲအရာရှိက အမှုဖွင့်​စစ်​ဆေး​နေတယ်လို့​ ​ပြောပါတယ်။

ဒီအီး​စီ​ဘော်ဒါ​ဆောင်ပိုင်ရှင်က မုဒိမ်း​မှုနဲ့​ ဆရာတို့​ဆီမှာ ဖမ်း​ထား​တယ် ကြား​လို့​ပါ။

“အမှုဖွင့်​ထား​တာ ရှိတယ်ဗျ။ ကျ​နော်တို့​ဆီမှာ ဖွင့်​ထား​တာ​တော့​ ရှိတယ်။”

အ​သေး​စိတ် အချက်အလက် ​မေး​မြန်း​ပေမယ့်​ တာဝန်ကျရဲက ​ဖြေဆိုဖို့​ ငြင်း​ဆန်ပါတယ်။ ဒါ​ကြောင့်​ ပြစ်မှု​မြောက် မ​မြောက် အ​ထောက်အထား​ဖြစ်တဲ့​ ဆရာဝန်​ဆေး​စစ်ချက် ရလဒ်ကို မသိနိုင်ပါဘူး​။

အ​ထောက်အထား​ခိုင်လုံရင်​တော့​ အဓမ္မပြုကျင့်​မှုကို​ရော၊​ အရွယ်မ​ရောက်​သေး​သူအ​ပေါ် ကျူး​လွန်မှုကိုပါ ပြစ်ဒဏ်စီရင်ခံရမှာဖြစ်သလို တား​မြစ်​ဆေး​ဝါး​ သုံး​စွဲ​ကြောင်း​ ​ပေါ်လွင်ရင်​တော့​ ပိုအပြစ်ကြီး​မယ့်​သ​ဘော ရှိတာ​ကြောင့်​ ဒီအမှုကို မြို့​ခံ​တွေက စိတ်ဝင်စား​နေပါတယ်။

ဒေါက်တာ​ဇော်​လေး​ဟာ ဒီ​ဘော်ဒါ​ဆောင်ဖွင့်​သက် ၄ နှစ်ခန့်​ရှိပြီး​ လက်ရှိမှာ အ​ဆောင်​နေသူ ၇၀ ​လောက်ရှိ​နေတာပါ။ အခုဖြစ်ပွား​တဲ့​ကိစ္စ​ကြောင့်​ က​လေး​မိဘ​တွေက သား​သမီး​တွေကို ပြန်​ခေါ်သွား​ကြပြီး​ ရဲကလည်း​ အ​ဆောင်ကို ပိတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013