DVB Logo
Home
နိုင်ငံရေး
ဒေါ်​အောင်ဆန်း​စုကြည် ပုဂံကို ပြန်လည်​ရောက်ရှိ
DVB
·
July 6, 2011
ဒေါ်​အောင်ဆန်း​စုကြည် ပုဂံကို ပြန်လည်​ရောက်ရှိ
Donate to DVB

ဒီက​နေ့​မနက်ပိုင်း​ ပုပ္ပါး​ဒေသကို သွား​ရောက်​လေ့​လာတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နေ့​ခင်း​ပိုင်း​မှာ ပုဂံဟိုတယ်ကို ပြန်လည်​ရောက်ရှိ​နေပြီဖြစ်ပါတယ်။

အစပိုင်း​က ​ညောင်း​ဦး​ဈေး​ကို ဝင်​ရောက်ဖို့​ ရှိ​ပေမယ့်​လည်း​ ရာသီဥတုပူပြင်း​တာ​ကြောင့်​ အစီအစဉ်ကို ဖျက်ပြီး​ ပြန်လည် အနား​ယူ​နေတာဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်လုံခြုံ​ရေး​ လိုက်ပါ​ဆောင်ရွက်​ပေး​နေသူတဦး​က အခုလို ​ပြောပြပါတယ်။

“မဝင်ဖြစ်ဘူး​ဗျ။ ​ညောင်ဦး​ဈေး​က ​လျှောက်လမ်း​လေး​တွေ ကျဉ်း​ပြီး​တော့​ နယ်​ဈေး​က​လေး​တွေ ထုံး​စံအတိုင်း​ အထဲမှာ ​မှောင်အိုက်အိုက်က​လေး​ ဖြစ်​နေတယ်။ အဲလိုမျိုး​ကြောင့်​ မသွား​ဖြစ်တာထင်တယ်။ ​နောက် အန်တီလည်း​ ပင်ပန်း​သွား​တာ ဖြစ်နိုင်တယ်။ ကျ​နော်တို့​ ဒီ​နေ့​ထွက်တာ ​နောက်ကျပြီး​ ပြန်​တော့​ ​နေ​ကောင်း​ကောင်း​ပူ​နေပြီ။ ရန်ကုန်တို့​လို မဟုတ်ဘူး​။ ရန်ကုန်မှာ မိုး​မရွာတာ အများ​ကြီး​နေသာတယ်။ ဒီဘက်မှာက အရမ်း​ပူတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သား​ငယ် ကိုထိန်လင်း​ တို့​ပါဝင်တဲ့​ အဖွဲ့​ဟာ ပုပ္ပါး​ကအပြန် ပုဂံအဝင်မှာ ​နေ့လယ်စာ စား​သုံး​စဉ် ​ဒေသခံပြည်သူ​တွေက လာ​ရောက် အား​ပေး​မှု​တွေလည်း​ ရှိခဲ့​ပါတယ်။

ဒါ​တွေနဲ့​ပတ်သက်ပြီး​ ခရီး​စဉ်မှာ လိုက်ပါသတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို ​ပြောပြပါတယ်။

“ပုဂံနား​မှာရှိတဲ့​ လမ်း​ဘေး​ဆိုင်​လေး​ တဆိုင် မန်ကျည်း​ပင်​အောက်မှာ ရှိတယ်။ အဲဒီဆိုင်​လေး​မှာ သူ ထမင်း​ဝင်စား​တယ်။ အဲမှာ သူ ထမင်း​စား​တယ်ဆိုတဲ့​ သတင်း​လည်း​ ကြား​ရော ပရိသတ်က ထိန်း​မရ​တော့​ဘူး​။ ရုပ်ရှင်ကြည့်​ပရိသတ်ထက်များ​တယ်။ ဆိုင်ကယ်​တွေနဲ့​ ​ရောက်လာတယ်။ ထမင်း​စား​နေ​တော့​ ခဏရပ်​နေကြတယ်။ စား​လို့​ပြီး​တော့​ အကုန်လုံး​ ဝိုင်း​ပြီး​ နှုတ်ဆက်ကြတယ်။ မနည်း​တား​ပြီး​ ပြန်ထွက်လာရတယ်။ ကျန်း​မာပါ​စေဆိုပြီး​ တ​ယောက်က ​အော်သလိုလုပ်လိုက်​သေး​တယ်။ အန်အယ်လ်ဒီပါတီဝင်​တွေက လှမ်း​တား​တယ်၊​ ဒါဟာ လုပ်ရမယ့်​အချိန်မဟုတ်ဘူး​ပေါ့​။ ဘာလို့​လဲဆို​တော့​ ဒါမလုပ်ရဘူး​လေ။ အဲလို​အော်လိုက်လို့​ တခုခုဖြစ်တယ်ဆိုရင် တဖက်လူလည်း​ မ​ကောင်း​ဘူး​။ ခဏ​လေး​အတွင်း​မှာ လူက သုံး​လေး​ဆယ် ဖြစ်သွား​တယ်။ အများ​ကြီး​ ရုတ်တရက်​ရောက်လာ​တော့​ ဘာလုပ်ရမှန်း​မသိဘူး​ ဖြစ်သွား​တယ်။ ​ဘောပင်​တွေနဲ့​ အင်္ကျီ​တွေဘာ​တွေမှာ လက်မှတ်ထိုး​ခိုင်း​တဲ့​သူနဲ့​ ဦး​ထုပ်​တွေမှာ လက်မှတ်ထိုး​ခိုင်း​တဲ့​ ​ကောင်မ​လေး​တွေနဲ့​ အဲလိုဖြစ်တာ။ ထမင်း​စား​တဲ့​အချိန်မှာ အား​လုံး​ကလည်း​ ဓာတ်ပုံမရိုက်ပါနဲ့​ လွတ်လွတ်လပ်လပ်စား​ပါ​စေဆိုပြီး​။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ မနက်ပိုင်း​မှာတုန်း​က ပုဂံအနီး​ရှိ ​ကျောက်ပန်း​တောင်း​မြို့​နယ်၊​ ပုပ္ပါး​ဒေသက ထင်ရှား​တဲ့​နေရာအချို့​နဲ့​အတူ သစ်​တော​ရေး​ရာဝန်ကြီး​ဌာနက ဖွင့်​လှစ်ထား​တဲ့​ ပညာ​ပေး​ပြခန်း​တွေကို သွား​ရောက် ​လေ့​လာခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။

ဒီက​နေ့​ည​နေပိုင်း​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သား​ငယ် ကိုထိန်လင်း​က ပုဂံဟိုတယ်မှာ ဟင်း​လျာချက်ပြုတ်​ကျွေး​မွေး​ဧည့်​ခံဖို့​ အစီအစဉ်​တွေ ရှိ​နေပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ မြန်မာ့​ရှေး​ဟောင်း​ယဉ်​ကျေး​မှု အ​မွေအနှစ်မြို့​တော်ဖြစ်တဲ့​ ပုဂံမြို့​ဟောင်း​ကို ၁၉၈၈ ခုနှစ်က တကြိမ်သာ ​ရောက်ရှိခဲ့​ဖူး​ပြီး​ ရက်ရှည်ဘုရား​ဖူး​ခရီး​အဖြစ် အခုအကြိမ်က ပထမဆုံး​အ​နေနဲ့​ အကြာဆုံး​လာ​ရောက်ခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပုဂံမြို့​ဟောင်း​ကို ဒီလ ၄ ရက်​နေ့​က စတင်​ရောက်ရှိခဲ့​တာဖြစ်ပြီး​ မ​နေ့​က​တော့​ အာနန္ဒာ၊​ သဗ္ဗညု၊​ မြ​စေတီနဲ့​ မနူဟာဘုရား​တွေကို သွား​ရောက်ဖူး​မြော်ခဲ့​ပါတယ်။

အခုလို ​ဒေါ်​အောင်ဆန်း​ဆုကြည်အ​နေနဲ့​ ဒီခရီး​စဉ်မှာ လွတ်လပ်စွာသွား​လာနိုင်ပြီး​ ပြည်သူ​တွေနဲ့​ ​တွေ့​ဆုံခွင့်​ရတဲ့​အ​ပေါ် အ​မေရိကန် အစိုး​ရက မြန်မာနိုင်ငံရဲ့​ အလား​အလာ​ကောင်း​အဖြစ် ကြိုဆိုထား​ပါတယ်။

ဒါ​ပေမယ့်​ မြန်မာအစိုး​ရရဲ့​ အာဏာပိုင်အဆင့်​ဆင့်​က​တော့​ ​ဒေသခံပြည်သူ​တွေအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို မကြိုဆိုဖို့​၊​ အား​မ​ပေး​ဖို့​ ဖိအား​ပေး​ခြိမ်း​ခြောက် ဟန့်​တား​မှု​တွေလည်း​ ရှိခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013