DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ပုပ္ပါး​ဒေသကို သွား​ရောက်​လေ့​လာ
DVB
·
July 6, 2011
ဒေါ်​အောင်ဆန်း​စုကြည် ပုပ္ပါး​ဒေသကို သွား​ရောက်​လေ့​လာ
1 / 3
Donate to DVB

မြန်မာ့​ယဉ်​ကျေး​မှု ​ရှေး​ဟောင်း​အ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​ကို သား​ငယ် ကိုထိန်လင်း​နဲ့​အတူ ဘုရား​ဖူး​ ရောက်ရှိ​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီ​နေ့​ မနက်ပိုင်း​မှာ ပုပ္ပါး​ဒေသကို သွား​ရောက်​လေ့​လာခဲ့​ပါတယ်။

[caption id="attachment_12239" align="alignleft" width="310" caption="ဒေါ်​အောင်ဆန်းစုကြည် သစ်တောဦးစီးဌာနရှိ ပရဆေးပင်များကို ကြည့်ရှုလေ့လာနေစဉ် (ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

ပုဂံအနီး​ရှိ​ကျောက်ပန်း​တောင်း​မြို့​နယ်အတွင်း​ ပုပ္ပါး​ဒေသက ထင်ရှားတဲ့​နေရာအချို့​နဲ့​ သစ်​တော​ရေး​ရာဝန်ကြီး​ဌာနက ဖွင့်​လှစ်ထား​တဲ့​ ပညာ​ပေး​ပြခန်း​တွေကို သွား​ရောက်​လေ့​လာခဲ့​ကြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အဖွဲ့​ဟာ တည်း​ခိုရာ ပုဂံဟိုတယ်က​နေ ဒီက​နေ့​မနက် ၉ နာရီ​ကျော်မှာ စထွက်ခွာပြီး​ ဗျတ္တပန်း​ဆက်လမ်း​က​နေ အဲ့​ဒီကို သွား​ရောက်ခဲ့​ကြတာဖြစ်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ လုံခြုံ​ရေး​အဖွဲ့​ ကား​တွေနဲ့​အတူ ပြည်တွင်း​ပြည်ပမီဒီယာ​တွေရဲ့​ ကား​တွေ အပါအဝင် စုစု​ပေါင်း​ ကား​ ၁၀ စီး​လောက် ပါဝင်ခဲ့​ပါတယ်။

ဒီခရီး​စဉ်အ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ ခရီး​စဉ်မှာ လိုက်ပါလာတဲ့​ အဖွဲ့​ချုပ် လူငယ်တဦး​က အခုလို ​ပြောပြပါတယ်။

“ပုပ္ပါး​မှာ တနာရီ​ကျော်​ကျော်​လောက်​တော့​ ကြာမယ်ထင်ပါတယ်။ ​တောင်​ပေါ်​တော့​ မတက်ဖြစ်ဘူး​။ အဓိကက ပုပ္ပါး​မှာ သစ်​တော​ရေး​ရာဝန်ကြီး​ဌာနက ဖွင့်​ထား​တဲ့​ ပညာ​ပေး​ပြခန်း​မှာ ​တော်​တော်ကြာတယ်။ ပြတိုက်လည်း​ ရှိတယ်။”

အဲဒီပြတိုက်က တာဝန်ရှိသူ​တွေက​ရော လိုက်ပြီး​ ရှင်း​ပြတာ​တွေ ရှိလား​။

“ပြတိုက်က တာဝန်ရှိသူ​တွေအကုန်လုံး​လည်း​ပါတယ်။ အကုန်လုံး​ လှိုက်လှိုက်လှဲလှဲ ​လေး​လေး​စား​စား​ ရှိပါတယ်။ ​ဒေသခံ​တွေနဲ့​တော့​ အခုမနက်ခရီး​စဉ်မှာ ထိ​တွေ့​တာ​တွေ မရှိဘူး၊​ ပုပ္ပါး​တောင်ကလပ်အထိ မ​ရောက်​တော့​။”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သား​ငယ် ကိုထိန်လင်း​ဟာ ​နေ့​လယ်ပိုင်း​ ပုဂံကို ပြန်​ရောက်ရင် ​ညောင်ဦး​ဈေး​ကို ဝင်ဖို့​ရှိတယ်လို့​ ဆိုပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ပုဂံဘုရား​ဖူး​ ခရီး​စဉ်မှာ လွတ်လပ်စွာ သွား​လာနိုင်ပြီး​ ပြည်သူ​တွေနဲ့​ ​တွေ့​ဆုံခွင့်​ရတဲ့​အ​ပေါ် အ​မေရိကန်အစိုး​ရက မြန်မာနိုင်ငံရဲ့​ အလား​အလာ​ကောင်း​အဖြစ် ကြိုဆိုထား​ပါတယ်။ အ​မေရိကန် နိုင်ငံခြား​ရေး​ဌာန ​ပြောခွင့်​ရသူ ဗစ်တိုရီယာ တိုရီယာ နူလန် (Victoria Toria Nuland) က အင်္ဂါ​နေ့​ကလုပ်တဲ့​ ပုံမှန်သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောကြား​ခဲ့​တာ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ မ​နေ့​က ခရီး​စဉ်အတွင်း​မှာ​တော့​ အာနန္ဒာ၊​ သဗ္ဗညု၊​ မြ​စေတီနဲ့​ မနူဟာဘုရား​တွေကို မနက်ပိုင်း​မှာ သွား​ရောက်ဖူး​မြော်ခဲ့​ပြီး​ ည​နေပိုင်း​မှာ​တော့​ တည်း​ခိုရာ ပုဂံဟိုတယ်မှာ အနား​ယူခဲ့​ပါတယ်။

ဒီခရီး​စဉ်အတွင်း​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​ရဲ့​မိသား​စုခရီး​စဉ်ဖြစ်တဲ့​အတွက် သူ့​အ​နေနဲ့​ လွတ်လွတ်လပ်လပ်ရှိချင်တဲ့​အ​ကြောင်း​ ပုဂ္ဂိုလ်​ရေး​ လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​လေး​စား​ဖို့​ သတင်း​ထောက်​တွေနဲ့​ မနက်ပိုင်း​ ​တွေ့​ဆုံစဉ်မှာ ​ပြောကြား​ခဲ့​ပါတယ်။

 

http://burmese2.dvb.no/wp-admin/ 

 

 

 

 

 

 

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013