DVB Logo
Home
နိုင်ငံရေး
ကေအိုင်​အေနှင့်​အစိုး​ရတပ် ဆက်လက်တိုက်ခိုက်
DVB
·
July 5, 2011
ကေအိုင်​အေနှင့်​အစိုး​ရတပ် ဆက်လက်တိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​တဖွဲ့​နဲ့​ ကချင်လွတ်လပ်​ရေး​တပ်မ​တော် ကိုယ်စား​လှယ်အဖွဲ့​ ​တွေ့​ဆုံပြီး​ ​လေး​ရက်ကြာတဲ့​ထိ တဖက်နဲ့​ တဖက် ဘာအဆက်အသွယ်မှ မရှိကြဘဲ တိုက်ခတ်မှု​တွေ ဆက်ဖြစ်​နေပါတယ်။

အခုလဆန်း​ပိုင်း​က တိုက်ပွဲစရာ မိုး​မောက်မြို့​နယ်တွင်း​ တာပိန်​ရေအား​လျှပ်စစ် စက်ရုံဝန်း​ကျင်မှာ တပ်စခန်း​ အပြင်ထွက်လာတဲ့​ အစိုး​ရတပ်သား​တွေကို အခုလ ၃ ရက်​နေ့​တုန်း​က ​ကေအိုင်​အေတပ်​တွေက ​ချောင်း​ပစ်ခဲ့​သလို တဖက်ကလည်း​ လက်နက်ကြီး​တွေနဲ့​ ပြန်ပစ်ခတ်ခဲ့​မှု အခိုက်အတန့်​ဖြစ်ပွား​တယ်လို့​ ​ကေအိုင်​အေ ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။

နှစ်ဘက်ကြား​ အပစ်အခတ်ရပ်စဲ​ရေး​ဆိုင်ရာ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ပတ်သက်လို့​တော့​ မထူး​ဘူး​လို့​ ​ပြောပါတယ်။

“ဖြစ်ထွန်း​တိုး​တက်မှု​တော့​ မရှိဘူး​ခင်ဗျ။ ပုံမှန်ပဲခင်ဗျ။ ဒီ​နေ့​အဖို့​က​တော့​ ထူး​ခြား​ဖြစ်စဉ်လည်း​ မရှိ​သေး​ဘူး​။ သူတို့​က​နေပြီး​တော့​ ဘာမှ အ​ကြောင်း​ကြား​တာမျိုး​တော့​ မရှိ​သေး​ဘူး​။”

ဇွန် ၃၀ ရက်​တွေ့​တုန်း​က ပြည်နယ်အစိုး​ရဘက်က ကိုယ်စား​လှယ်က တဖက်သတ်အပစ်ရပ်ထား​ပြီး​ပြီဆိုတာ အ​ထောက်အထား​ကင်း​မဲ့​စွာနဲ့​ ထပ်မံ​ပြောဆိုခဲ့​သလို ​ကေအိုင်အိုဘက်ကလည်း​ အပစ်ရပ်တယ်ဆိုတဲ့​ အ​ထောက်အထား​သာ တိတိကျကျပြပါလို့​ ထပ်မံကမ်း​လှမ်း​ရင်း​နဲ့​ ​တွေ့​ဆုံပွဲ အဆုံး​ သတ်ခဲ့​တာပါ။

နယ်စပ်စစ်ဘက်ရပ်ကွက် သတင်း​ရပ်ကွက်ထံက ​နောက်ဆုံး​ကြား​သိချက် အရက​တော့​ ​ကေအိုင်​အေက ​ရှေ့​တန်း​တပ်​တွေကို အခုလ ၃ ရက်​နေ့​က ညွှန်ကြား​ချက်တ​စောင်ထုတ်ပြန်ရာမှာ မြို့​ပေါ်လူ​နေထူထပ်တဲ့​နေရာ အစိုး​ရယန္တရား​တွေကို မတိုက်ခိုက်ဖို့​၊​ အစိုး​ရဘက်က အခိုင်အမာတပ်စခန်း​တွေကို ဝင် ​ရောက်စီး​နင်း​ တိုက်ခိုက်ခြင်း​ မပြုလုပ်ဖို့​ ဆိုတဲ့​အချက်​တွေ ပါဝင်တယ်လို့​ ဆိုပါတယ်။

ဒီညွှန်ကြား​ချက်ဟာ ​ပြောက်ကျား​စစ်ဆင်​ရေး​ မလုပ်ရ​တော့​ဘူး​လို့​ညွှန်ကြား​ချက် လုံး​လုံး​မဟုတ်ဘူး​လို့​ အမည်မ​ဖော်လိုတဲ့​ ​ကေအိုင်အို ထိပ်ပိုင်း​ခေါင်း​ဆောင်တဦး​က ​ပြောပါတယ်။

လက်ရှိမှာ​တော့​ အပစ်မရပ်နိုင်ဘဲ စစ်​ပြေး​ဒုက္ခသည်​ထောင်​ပေါင်း​များ​စွာဟာ အိုး​အိမ်လယ်ယာ​တွေ၊​ စာသင်​ကျောင်း​တွေကို စွန့်​ခွာပြီး​ ကချင်ပြည်နယ်တွင်း​ မြို့​တွေ ရွာ​တွေ၊​ တရုတ်နိုင်ငံတွင်း​ကို၊​ တရုတ်-မြန်မာနယ်စပ်ကို ထွက်​ပြေး​ရောက်ရှိ​နေကြပြီး​ စား​ဝတ်​နေ​ရေး​ ခက်ခဲ​နေပါတယ်။

ကချင်ပြည်နယ်မှာ ပညာ​ရေး​မှူး​အဖြစ် သုံး​နှစ်နီး​ပါး​ တာဝန်ကျခဲ့​ဖူး​တဲ့​ အသက် ၇၅ နှစ်အရွယ် မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ကချင်​ဒေသခံ​တွေရဲ့​ ပညာ​ရေး​အတွက် ပူပန်တယ်လို့​ ​ပြောပါတယ်။

“စိတ်ထဲမှာမ​ကောင်း​ဘူး​လေ။ ဟိုတုန်း​ကဆိုရင် အဲဒီလိုမျိုး​၊​ ​နောက်ပိုင်း​ကျလို့​ရှိရင် ကချင်မှာ ဘယ်​လောက်ထိ ဖြစ်လာလဲဆိုရင် ၆ တန်း​ ​အောင်တဲ့​လူ​တွေကို ကျ​နော်တို့​က ရှာတယ်။ သူ့​ဒေသခံဖြစ်​နေ​တော့​ ၆ တန်း​ ​အောင်တဲ့​လူ​တွေကို သင်တန်း​ပေး​ဖူး​တယ်။ သင်တန်း​မှာ သုံး​လသင်တန်း​ပေး​ပြီး​ရင် ​ကျောင်း​ဆရာလုပ်ခိုင်း​မယ်ဆိုပြီး​ လုံး​ဝ ဗမာ​တွေ​ပေါ့​ဗျာ။ ဒီကလူ​တွေ မသွား​နိုင်တဲ့​လူ​တွေ ကျ​နော်တို့​ခန့်​လိုက်တယ်။ ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ အခု​တော့​ ရှိ​သေး​လား​၊​ မရှိ​တော့​ဘူး​လား​ မသိ​တော့​ဘူး​။”

သူတို့​ပါတီအပါအဝင် တိုင်း​ရင်း​သား​ ငါး​ပါတီက စစ်ပွဲမဖြစ်ခင်ကတည်း​က ​ဆွေး​နွေး​ဖို့​ ကြိုတင်တိုက်တွန်း​ထား​တာပါလို့​ နိုင်​ငွေသိန်း​က ​ပြောဆိုပါတယ်။

“အဓိပ္ပာယ်က​တော့​ ဒီလိုစကား​မျိုး​ပြောမယ်ဆိုရင် မတိုက်ကြပါနဲ့​တော့​၊​ ​တော်ပါ​တော့​၊​ အဲဒီလိုအဓိပ္ပာယ်မျိုး​နဲ့​ ​ပြောကြတာ။ တ​ယောက်နဲ့​တ​ယောက် ​ဆွေး​နွေး​ကြပါ။ ဖလှယ်ကြပါ။ တ​ယောက်နဲ့​တ​ယောက် ငြိမ်း​ချမ်း​အောင် လုပ်ကြပါဆိုပြီး​တော့​ ​ပြောချင်တယ်။ လက်နက်ကိုင်ရတာ ဝသွား​ပြီ။ အခုနှစ် ၆၀ ​လောက်ဖြစ်​နေပြီ။”

အစိုး​ရတပ်​တွေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေရဲ့​တိုက်ပွဲဟာ နယ်ခြား​စောင့်​ တပ်အသွင်​ပြောင်း​ရေး​ အတင်း​အကျပ်လုပ်​ဆောင်ခဲ့​ပြီး​တဲ့​နောက် ပြန်လည်ဖြစ်ပွား​ခဲ့​တာပါ။ ကချင်၊​ ကရင် နဲ့​ ရှမ်း​ပြည်နယ်​တွေမှာ ​နေ့​စဉ်လို တိုက်ပွဲ​တွေ ဖြစ်ပွား​နေပါတယ်။

ကချင်ပြည်နယ်ထဲက စစ်​ပြေး​ဒုက္ခသည်ကိစ္စကို မြန်မာအစိုး​ရက မ​ပြော​သေး​သလို အစိုး​ရထိန်း​ချုပ်တဲ့​ မီဒီယာ​တွေက​နေ တရုတ်နိုင်ငံသား​ ၂၁၅ ဦး​ကို ​နေရပ်ရင်း​ ပြန်ပို့​ခဲ့​ရတယ်လို့​သာ ​ရေး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013