DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ထိုင်း​ရောက် မြန်မာအလုပ်သမား​များ​အတွက် နိုင်ငံကူး​လက်မှတ် သက်တမ်း​တိုး
DVB
·
July 5, 2011
ထိုင်း​ရောက် မြန်မာအလုပ်သမား​များ​အတွက် နိုင်ငံကူး​လက်မှတ် သက်တမ်း​တိုး
Donate to DVB

မြန်မာအလုပ်သမား​ ယာယီနိုင်ငံကူး​လက်မှတ်​တွေကို သက်တမ်း​ နှစ်ဆတိုး​ပေး​ဖို့​ မြန်မာ-ထိုင်း​ နှစ်ဘက်အာဏာပိုင်​တွေ စတင်​ဆောင်ရွက်​နေပြီလို့​HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က အကြံ​ပေး​ပုဂ္ဂိုလ်တဦး​ဖြစ်တဲ့​ မစ္စတာ အန်ဒီ​ဟောလ်က ​ပြောပါတယ်။

“မြန်မာအလုပ်သမား​တွေအတွက် ကိစ္စကို HRDF က ထိုင်း​နဲ့​ မြန်မာအစိုး​ရတို့​ဆီကို ​တောင်း​ဆိုချက် တင်သွင်း​ခဲ့​တာဟာ ၂၀၀၉ ထဲက ကျ​နော်တို့​စခဲ့​တာပါ။ အဲဒီတုန်း​က​တော့​ နိုင်ငံသား​စိစစ်​ရေး​ကိစ္စက အထ​မြောက်ခဲ့​တယ်။ ယာယီနိုင်ငံကူး​လက်မှတ်​တွေကို သက်တန်း​နှစ်ဆ တိုး​ ​ပေး​ဖို့​နဲ့​ ထိုင်း​အစိုး​ရကဘက်ကလည်း​ ဗီဇာသက်တန်း​ နှစ်ဆတိုး​ပေး​ဖို့​ကိစ္စ​တောင်း​ဆိုတာက​တော့​ တနှစ်​လောက်ရှိပါပြီ။ ခုမှ ဆိုင်ရာ အစိုး​ရ​တွေက တုံ့​ပြန်လာကြတာပါ။ ဒါဟာ မြန်မာအလုပ်သမား​အတွက်တင်မက မြန်မာ​ရော ထိုင်း​နိုင်ငံအတွက်ပါ အကျိုး​အမြတ်ဖြစ်တယ်။”

ထိုင်း​မှာ မြန်မာအလုပ်သမား​ နှစ်သန်း​ကျော် ရှိ​နေပြီး​ ပြည်တွင်း​မှာကျန်ခဲ့​တဲ့​ သူတို့​ရဲ့​မိသား​စု ​လေး​ငါး​သန်း​လောက်ကို လစဉ် ​ထောက်ပံ့​ငွေ​တွေ ပို့​ပေး​နေကြပါတယ်။

ထိုင်း​အလုပ်ရှင်​တွေကလည်း​ ထိုင်း​အလုပ်သမား​ထက် လုပ်အား​ခ​ဈေး​ချိုတဲ့​ မြန် မာလုပ်သား​တွေ​ကြောင့်​ အမြတ်အစွမ်း​တွေ အများ​ကြီး​ရှိ​နေတဲ့​အတွက် နှစ်ဘက်အစိုး​ရ​တွေအ​နေနဲ့​ မြန်မာအလုပ်သမား​တွေကို ကြည့်​ရှု​စောင့်​ရှောက်ရမယ့်​ တာဝန်ရှိပါတယ်လို့​လည်း​ မစ္စတာအန်ဒီ​ဟောလ်က ​ပြောပါတယ်။

အခုလို နိုင်ငံကူး​လက်မှတ်​ရော ဗီဇာသက်တမ်း​ပါ နှစ်ဆတိုး​လိုက်တဲ့​အတွက် မြန်မာအလုပ်သမား​တွေဟာ ဒီကိစ္စအတွက် ကုန်ကျစရိတ် တဝက်​လျော့​သွား​မှာ ဖြစ်တယ်လို့​ ဘန်​ကောက်အ​ခြေစိုက် BAT ​ခေါ် ထိုင်း​-မြန်မာအသင်း​ တာဝန်ခံ ဦး​ကျော်​သောင်း​က ​ပြောပါတယ်။

“ယာယီပတ်စပို့​လုပ်တာ ၈ ​ထောင်၊​ ၉ ​ထောင်၊​ ၁ ​သောင်း​ကုန်ပြီး​ ဝပ်ပါမစ်ကလည်း​ ၆ ​ထောင်က​နေ၊​ ၈ ​ထောင်ဝန်း​ကျင်ကုန်တယ်။ ဆို​တော့​ ဒီပိုက်ဆံကို အလုပ်သမား​ လူတန်း​စား​တရပ်အ​နေနဲ့​က မလွယ်ဘူး​။ မလုပ်မ​နေရလို့​သာ လုပ်​နေရတာ။ သက်တမ်း​ကို များ​များ​တိုး​ပေး​တာက အလုပ်သမား​တွေအတွက် သက်သာ​စေတာ​ပေါ့​။”

ထိုင်း​နိုင်ငံမှာ ဥပ​ဒေပြင်ပက အလုပ်လုပ်​နေရတဲ့​ မြန်မာအလုပ်သမား​တွေကို ထိုင်း​အစိုး​ရက ဇွန်လ ၁၅ ရက်ကစပြီး​ အလုပ်သမား​မှတ်ပုံတင်​တွေ စတင်လုပ်​ပေး​နေပြီး​ ဇူလိုင်လ ၄ ရက်​နေ့​အထိ မှတ်ပုံတင်လုပ်သူ​ပေါင်း​ ၅ သိန်း​ကျော်ရှိပြီ ဖြစ်ပါတယ်။

ထိုင်း​က ​ရွှေ့​ပြောင်း​အလုပ်သမား​တွေထဲမှာ မြန်မာနိုင်ငံသား​ သုံး​သိန်း​ငါး​သောင်း​ရှိပြီး​ လာအိုက ငါး​သောင်း​နဲ့​ က​မ္ဘောဒီး​ယား​ တသိန်း​တ​သောင့်း​​ ရှိတယ်လို့​ ထိုင်း​အလုပ်သမား​ရှာ​ဖွေ​ရေး​ရုံး​ တာဝန်ခံတဦး​က ​ပြောပါတယ်။

အလုပ်သမား​တွေ ကိုယ်စား​ အလုပ်သမား​တွေကို မှတ်ပုံလာတင်​ပေး​တဲ့​ အလုပ်ရှင်​ပေါင်း​က ရှစ်​သောင်း​လောက်ရှိတယ် လို့​လည်း​ သိရပါတယ်။

အလုပ်သမား​မှတ်ပုံတင် ​နောက်ဆုံး​ရက်ဖြစ်တဲ့​ ဇူလိုင် ၁၄ ရက်အထိ အလုပ် သမား​ တသန်း​လောက်ကို မှတ်ပုံတင်လုပ်​ပေး​နိုင်မယ်လို့​ ခန့်​မှန်း​ရပြီး​ ခုလို ဗီဇာသက်တမ်း​ ထပ်တိုး​လိုက်မယ်ဆိုရင်​တော့​ အလုပ်သမား​လက်မှတ်​တွေ တိုး​လုပ်လာကြမယ်လို့​လည်း​ ထိုင်း​အလုပ်သမား​ ရှာ​ဖွေ​ရေး​ရုံး​ တာဝန်ခံက ခန့်​မှန်း​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013