A d v e r t i s e m e n t With Us

စိတ်ကျန်းမာရေး အနည်းငယ်ယိုယွင်းသည့်အတွက် ဖီဖာဥက္ကဋ္ဌဟောင်းကို ဆေးရုံတင်

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဆပ်ဘလတ္တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အနည်းငယ်ချွတ်ယွင်းတဲ့ အတွက် ဆေးရုံ တင်လိုက်ရပါတယ်။ အသက် ၇၉ နှစ် ဘလတ္တာက ဖီဖာကို ၁၈ နှစ်ကြာ ဦးဆောင်ခဲ့ပြီး အကျင့်ပျက်ခြစားမှုတွေကြောင့် ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရပါတယ်။ လက်ရှိမှာတော့ ရှောခ့်ဖြစ်ပြီး ပြန်လည် သက်သာဖို့ မျှော်လင့်နေပါတယ်။ နိုဝင်ဘာ ၁၇ ရက်အထိ ဆေးရုံမှာ ကုသခံရမှာ ဖြစ်သလို အရင်တပတ်ကလည်း စစ်ဆေးမှုခံယူဖို့ ဆေးရုံကို ပို့ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အရင် ၅ ရက်က ရှေ့နေ ရစ်ချက်ကာလင်ကလည်း ဖိအားနဲ့ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘလတ္တာနဲ့ အတူ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီကလည်း ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရသလို ဘလတ္တာက ဘယ်ကော်မတီကမှ သူကို ထုတ်ပစ်လို့မရဘူးလို့ သူငယ်ချင်းတွေကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up