A d v e r t i s e m e n t With Us

သ​င်္ဘောသား​ရာထူး​တိုး​စာ​မေး​ပွဲ မ​ရေရာ

ရေ​ကြောင်း​ကောလိပ်နဲ့​ ​ရေ​ကြောင်း​ဦး​စီး​ဌာနကြား​မှာ ဖြစ်​နေတဲ့​ ပြဿနာ​ကြောင့်​ သ​င်္ဘောသား​တွေရဲ့​ ရာထူး​တိုး​ စာ​မေး​ပွဲ​တွေကို ဆိုင်း​ငံ့​ထား​ရတာ နစ်နာတယ်လို့​ သင်္ဘောသား​တွေက ​ပြောပါတယ်။ ပုံမှန်ဆိုရင် ပထမတန်း​အရာရှိသင်တန်း​နဲ့​ ဒုတိယတန်း​အရာရှိသင်တန်း​တွေကို ဇွန်လမှာ သင်တန်း​ဖွင့်​တာနဲ့​ စာ​မေး​ပွဲစစ်တာ​တွေ လုပ်​လေ့​ရှိ​ပေမယ့်​ ဒီနှစ်မှာ​တော့​ အခုချိန်ထိ မ​ရေမရာ ဖြစ်​နေတာပါ။ ဒုတိယတန်း​အရာရှိ သင်တန်း​တက်ဖို့​ ​စောင့်​နေတဲ့​ သ​င်္ဘောသား​တ​ယောက်က "ဘယ်လိုနစ်နာသလဲဆို​တော့​ ကျ​နော်အပါအဝင်၊​ လူ​ပေါင်း​ ၁၀၀ ​ကျော် ၂၀၀ ​လောက်က ဒီသင်တန်း​တက်ဖို့​ ​စောင့်​နေရတယ်။ သင်တန်း​ဖွင့်​ဖို့​ မ​ရေရာလို့​ စရိတ်ကုန်တယ်။ တချို့​ဆို မ​ရေရာလို့​ သ​င်္ဘော ပြန်လိုက်သွား​တဲ့​လူ​တွေရှိတယ်။ ဒီသင်တန်း​အောင်ပြီး​ရင် သ​င်္ဘောမှာ ရာထူး​တိုး​မယ်၊​ အလုပ်အကိုင်အဆင်​ပြေမယ်​ပေါ့​။ အခု​တော့​ ရန်ကုန်မှာပဲ ထိုင်​စောင့်​နေရ​တော့​ အလုပ်လည်း​မရှိဘူး​၊​ ပိုက်ဆံကုန်တာ​ပေါ့​" လို့​ ​ပြောပါတယ်။ ဒီလိုမျိုး​ သင်တန်း​ဖွင့်​မယ့်​အချိန်ကို ​စောင့်​နေတဲ့​လူ​တွေ ရာချီရှိသလို၊​ သင်တန်း​တက်ထား​ပြီး​မှ စာ​မေး​ပွဲ​ဖြေဖို့​ ​စောင့်​နေသူ​တွေလည်း​ ရာချီရှိတယ်ဆိုပါတယ်။ အရင်တုန်း​က ၆ လကြာတဲ့​ ဒီသင်တန်း​တွေကို ​ဒေါပုံ​ရေ​ကြောင်း​ ဦး​စီး​ဌာနဝင်း​ထဲမှာ ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့​ (Pacific Glory International) က သိန်း​ (၄၀) ယူ ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ ပိုက်ဆံတက်နိုင်တဲ့​ လူ​တွေက တက်ကြပါတယ်။ ငွေ​ကြေး​မတက်နိုင်တဲ့​လူ​တွေက ​ဈေး​ပိုသက်သာတဲ့​ ​ရေ​ကြောင်း​ကောလိပ်မှာပဲ အလား​တူ သင်တန်း​ကို တက်ကြပါတယ်။ ဒါ​ပေမယ့်​ ​ရေ​ကြောင်း​ဦး​စီး​ဌာနက စာ​မေး​ပွဲစစ်တဲ့​အခါမှာ သိန်း​ (၄၀) ယူပြီး​ဖွင့်​တဲ့​ သင်တန်း​က သင်တန်း​သား​တွေက အ​အောင်များ​တာ​ကြောင့်​ တိုင်တန်း​မှု​တွေ ဖြစ်လာပြီး​နောက်ပိုင်း​မှာ အခုလို အချိန်ကြန့်​ကြာတာ​တွေ ဖြစ်​နေတာပါ။ သ​င်္ဘောသား​တွေက ​ရေ​ကြောင်း​ကောလိပ် (Myanmar Mercantile Marine College) နဲ့​ ​ရေ​ကြောင်း​ ဦး​စီး​ဌာနနဲ့​ ပြဿနာဖြစ်တာ​ကြောင့်​ သူတို့​ကြား​ ညှပ်​နေရတာလို့​ ယုံကြည်​နေကြတယ်လို့​ ဒုတိယတန်း​အရာရှိ သင်တန်း​တက်ဖို့​ ​စောင့်​နေတဲ့​ သ​င်္ဘောသား​က ​ပြောပါတယ်။ "​ရေ​ကြောင်း​ကောလိပ်နဲ့​ ​ရေ​ကြောင်း​ဦး​စီး​ဌာန သူတို့​အချင်း​ချင်း​ ပြဿနာဖြစ်တာ ကျ​နော်တို့​က ကြား​ထဲက ခံ​နေရတယ်။ ဝန်ကြီး​ကလည်း​ ပုဂ္ဂလိကသင်တန်း​ကိုလည်း​ ခဏရပ်ခိုင်း​ထား​တယ်ကြား​တယ်။ ​မေး​ခွန်း​ကို သူတို့​စစ်မယ်၊​ ငါတို့​စစ်မယ်ဖြစ်​နေတယ်။ ​ကျောင်း​သား​တွေက ဘာ​ကြောက်​နေသလဲဆိုရင် ​ရေ​ကြောင်း​ကောလိပ်မှာ တက်တဲ့​လူ​တွေကို၊​ ​မေး​ခွန်း​ကို သတ်လိုက်ရင် ​ကျောင်း​သား​တွေက မ​အောင်ဘဲနဲ့​ တချို့​ဆို တနှစ်​ကျော်၊​ နှစ်နှစ်ကြာတယ်၊​ အဲလိုမျိုး​ဆို​တော့​ မ​နေနိုင်ဘူး​။ သူတို့​အချင်း​ချင်း​လည်း​ မတည့်​တော့​ ညှိနှိုင်း​လို့​မရဘူး​။" ဒီကိစ္စနဲ့​ပတ်သက်လို့​တော့​ ဒီဗွီဘီက သီး​ခြား​အတည်မပြုနိုင်​သေး​ပါဘူး​။ ဒေါပုံ​ရေ​ကြောင်း​ကောလိပ်ကို ဆက်သွယ်​မေး​မြန်း​တဲ့​အခါမှာ​တော့​ သင်တန်း​ဖွင့်​မယ့်​ရက်ကို အတိအကျမ​ပြောနိုင်​ပေမယ့်​ စာရင်း​တော့​ စလက်ခံ​နေပြီလို့​ ​ပြောပါတယ်။ “ဒုတိယတန်း​အရာရှိသင်တန်း​က ကျ​နော်တို့​ ဒီလထဲ​လောက် ဖြစ်ဖြစ်၊​ ဒီလအ​ကျော် ပထမပတ်​လောက်ပဲဖြစ်ဖြစ် ​ဖောင်​ရောင်း​မယ်လို့​တော့​ ကြား​ထား​တယ်။ ကျ​နော်တို့​က နာမည်​ပေး​ထား​တယ်။ ​ဖောင်စရပြီဆိုရင် ဒုတိယတန်း​အရာရှိ သင်တန်း​အတွက် ​ဖောင်​တွေ စပြီး​လက်သင့်​ခံ​နေပြီဆိုရင် ဖုန်း​ဆက်​ပေး​မယ်။ ကျ​နော်တို့​က သင်တန်း​ကြေး​ကျ​တော့​ ​အောင်သွား​ပြီဆိုရင် သိန်း​လေး​ဆယ်။ သိန်း​လေး​ဆယ်ကို အရစ်ကျသွင်း​ရတယ်။ နှစ်ခါခွဲသွင်း​ရတယ်။” ကောလိပ်နဲ့​ ဦး​စီး​ဌာနကြား​မှာ ဒီလိုမျိုး​ ပြဿနာ​တွေရှိ​နေတယ်လို့​ ယုံကြည်တာ​ကြောင့်​ အကယ်၍ သင်တန်း​ပြန်ဖွင့်​ ဖြစ်ရင်​တောင် ဘယ်သင်တန်း​ကို တက်ရမလဲ၊​ သိန်း​ချီ​ပေး​ရတဲ့​ သင်တန်း​က အချိန်ကုန်၊​ ​ငွေကုန်ဖြစ်သွား​မလား​ဆိုတာကို သ​င်္ဘောသား​တွေက စိုး​ရိမ်​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up