A d v e r t i s e m e n t With Us

ထိပ်ပိုင်း​စစ်ရာထူး​အ​ပြောင်း​အလဲ ပြုလုပ်

ပြီး​ခဲ့​သည့်​ရက်ပိုင်း​အတွင်း​ မြန်မာစစ်တပ်ရဲ့​ စစ်တိုင်း​မှူး​အပါအဝင် စစ်ဖက်​ရေး​ရာ လုံခြုံ​ရေး​ အရာရှိချုပ် (စရဖ) ​နေရာတို့​မှာ ​ပြောင်း​ရွှေ့​လဲလှယ်မှု​တွေ လုပ်ခဲ့​တယ်လို့​ စစ်ဖက်သတင်း​ရပ်ကွက်အရ သိရပါတယ်။ ရန်ကုန်တိုင်း​ တိုင်း​မှူး​ ဗိုလ်မှူး​ချုပ် ထွန်း​သန်း​နေရာကို ​တောင်ကြီး​အ​ခြေစိုက် အ​ရှေ့​ပိုင်း​တိုင်း​ တိုင်း​မှူး​ ဗိုလ်မှူး​ချုပ် ဆန်း​ဦး​က ​ပြောင်း​ရွှေ့​သွား​ပြီး​ အ​ရှေ့​ပိုင်း​တိုင်း​နေရာကို ​တောင်ပိုင်း​တိုင်း​ တိုင်း​မှူး​ ဗိုလ်မှူး​ချုပ် စိုး​ထွတ်က ​ပြောင်း​ရွှေ့​လာ​ကြောင်း​ စစ်ဖက် သတင်း​ရပ်ကွက်အရ သိရပါတယ်။ ရန်ကုန်တိုင်း​၊​ ​တောင်ပိုင်း​တိုင်း​၊​ အ​နောက် ​တောင်တိုင်း​၊​ အ​နောက်ပိုင်း​တိုင်း​၊​ အ​ရှေ့​ပိုင်း​တိုင်း​၊​ တြိဂံ​ဒေသတိုင်း​ စစ်ဌာနချုပ် ဆိုပြီး​ အနည်း​ဆုံး​ စစ်တိုင်း​ ၆ ခု အ​ပြောင်း​အ​ရွှေ့​ အလဲအလှယ်​တွေ လုပ်ခဲ့​တယ်လို့​ ဆိုပါတယ်။ စစ်ဖက်​ရေး​ရာ လုံခြုံ​ရေး​အရာရှိချုပ် ဗိုလ်ချုပ်​ကျော်​ဆွေ​နေရာမှာ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေရဲ့​ လက်ရင်း​တပည့်​လည်း​ဖြစ်၊​ သူရဲ့​လုံခြုံ​ရေး​အရာရှိ လုပ်လာခဲ့​သူ ဗိုလ်ချုပ် စိုး​ရှိန်နဲ့​ အစား​ထိုး​လိုက်တယ်လို့​ စစ်ဖက်သတင်း​ရပ်ကွက်အရ သိရပါတယ်။ ပြီး​ခဲ့​တဲ့​နှစ် ဩဂုတ်လအတွင်း​က တိုင်း​မှူး​၊​ တပ်မမှူး​အပါအဝင် ထိပ်ပိုင်း​စစ်ရာထူး​တွေ အ​ပြောင်း​အ​ရွှေ့​နဲ့​ ရာထူး​တိုး​မြင့်​မှု​တွေ လုပ်ခဲ့​ပြီး​နောက် တနှစ်မပြည့်​ခင်မှာ ကာကွယ်​ရေး​ဦး​ချုပ်အသစ် ဗိုလ်ချုပ်ကြိး​ မင်း​အောင်လှိုင် လက်ထက် ပထမဆုံး​အကြိမ် ပြုလုပ်လာတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up