A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု သူရဦးရွှေမန်း ပြော

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတဲ့ စာကို လက်ခံရပြီး အဆင်ပြေမယ့်အချိန်မှာ တွေ့ဆုံဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်လက်မှတ်ရေးထိုး ဖိတ်ကြားတဲ့စာကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ လက်ခံရရှိခဲ့ပြီး လာမယ့်အပတ်အတွင်း အဆင်ပြေမယ့်အချိန်မှာ အမျိုးသားသင့်မြတ်ရေးကိုအခြေခံပြီး အခြားအရေးကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ဖို့ စီစဉ် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင် ကြပါစေလို့ သူရဦးရွှေမန်းက ရေးသားထားပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up