A d v e r t i s e m e n t With Us

လောင်း​ကစား​ကင်း​စင်သည့်​ မြို့​များ​ဖြစ်​ရေး​ စီမံချက်ချ​ဆောင်ရွက်​နေ

ဧရာဝတီတိုင်း​ထဲက မြို့​တချို့​မှာ မည်သည့်​လောင်း​ကစား​မှ မပြုလုပ်ဖို့​ သက်ဆိုင်ရာ အာဏာပိုင်​တွေက ဇူလိုင်လဆန်း​ကစပြီး​ အသံချဲ့​စက်​တွေနဲ့​ လိုက်လံနှိုး​ဆော် သတိ​ပေး​နေပါတယ်။ ဧရာဝတီတိုင်း​ထဲ ​လောင်း​ကစား​ကင်း​စင်တဲ့​ မြို့​တွေဖြစ်​ရေး​ စီမံချက်ချ ​ဆောင်ရွက်​နေတယ်လို့​ သိရ​ကြောင်း​ မြို့​ခံ​တွေက ​ပြောပါတယ်။ ဧရာဝတီတိုင်း​၊​ ဘိုက​လေး​မြို့​ခံတဦး​က “ဒီမှာလည်း​ ဆိုင်း​ဘုတ်​တွေ ဘာ​တွေလည်း​ ​ထောင်တယ်။ စပီကာနဲ့​ မြို့​ထဲမှာ လိုက်​အော်တယ်။ အဲဒီအလုပ်​တွေ​တော့​ လုပ်တယ်။ အဲဒီရက်ပိုင်း​က​တော့​ တ​ယောက်၊​ နှစ်​ယောက်​တော့​ အဖမ်း​ပြလိုက်တယ်။ ရုပ်​တွေ​တော့​ မ​ပေါ်ပါဘူး​။ ​သေး​သေး​မွှား​မွှား​ပါ” လို့​ ​ပြောပါတယ်။ ဖျာပုံမြို့​ခံတဦး​ကလည်း​ ​လောင်း​ကစား​ကိစ္စနဲ့​ပတ်သက်ပြီး​ သူတို့​မြို့​မှာ အခုရက်ပိုင်း​ ​တွေ့​မြင်​နေရပုံ​တွေကို အခုလို​ပြောပြပါတယ်။ “ရပ်​နေကြတယ်။ ​နောက်ပြီး​တော့​ ခြိမ်း​ခြောက်ထား​တာက ဖျာပုံဆိုရင်​တော့​ ဖျာပုံရဲက မဖမ်း​ဘူး​။ တခြား​မြို့​က လာဖမ်း​မှာ၊​ ​မြောင်း​မြ​ပေါ့​။ ဖျာပုံဆို ​မြောင်း​မြက ရဲ​တွေ လာဖမ်း​မယ်​ပေါ့​။” ဧရာဝတီတိုင်း​ထဲက ​လောင်း​ကစား​ဒိုင်ချုပ်​တွေရဲ့​ စာရင်း​ရထား​ပြီး​ အမြန်ဆုံး​ ​ဖော်ထုတ်အ​ရေး​ယူသွား​ဖို့​ တိုင်း​ရဲမှူး​က တိုင်း​ဝန်ကြီး​ချုပ်ကို အစီရင်ခံတင်ပြထား​တယ်လို့​ ရဲအသိုင်း​အဝိုင်း​က သိရ​ပေမယ့်​ အခုအချိန်ထိ​တော့​ နာမည်ကြီး​ဒိုင်ချုပ်​တွေ တဦး​တ​ယောက်မျှ ဖမ်း​တာ မကြား​ရ​သေး​ဘူး​လို့​လည်း​ အဲ့​ဒီမြို့​ခံက ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​ ဆင်း​ရဲမွဲ​တေမှု​လျှော့​ချ​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ နှစ်လုံး​၊​ သုံး​လုံး​ ​လောင်း​ကစား​ကြောင့်​ ​တောင်သူ လယ်သမား​တွေ ဆင်း​ရဲတွင်း​နက်​နေတာတ​ကြောင်း​ပါတယ်လို့​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ လောင်း​ကစား​ဒိုင်​တွေနဲ့​ အ​ရေး​ယူမယ့်​ရဲ​တွေရဲ့​ အ​ပေး​အယူ ပ​ပျောက်မှပဲ ​လောင်း​ကစား​ကိစ္စ ချုပ်ငြိမ်း​ပ​ပျောက်နိုင်မယ်လို့​ အမည်မ​ဖော်လိုတဲ့​ ပြည်နယ်လွှတ်​တော်အမတ်တဦး​က မှတ်ချက်​ပေး​ ​ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up