Home
မြန်မာသတင်း
မင်းလှ၊ အုတ်ဖို၊ မိုညိုမြို့များတွင် အန်အယ်လ်ဒီ အသာစီးရ
ပိုင်စိုး
·
November 9, 2015
ပဲခူးတိုင်းဒေသကြီး မင်းလှ၊ အုတ်ဖို၊ မိုးညိုမြို့တွေမှာ အန်အယ်လ်ဒီက ပြည်ခိုင်ဖြိုးပါတီထက် မဲရလဒ် ၂ ဆကျော်နဲ့ အသာစီးရနေပါတယ်။ မင်းလှမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂၊ တိုင်းရင်းသားကိုယ်စားလှယ် နေရာတွေအတွက် အန်အယ်လ်ဒီက ၁၃၃၉၁၇ မဲ၊ ပြည်ခိုင်ဖြိုးက ၅၃၁၈၉ မဲ ရရှိထားပါတယ်။ မိုးညိုမြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂ ကိုယ်စားလှယ်နေရာတွေအတွက် အန်အယ်လ်ဒီက ၁၂၆၀၀၄ မဲ၊ ပြည်ခိုင်ဖြိုးက ၅၆၇၇၈ မဲ ရရှိထားပါတယ်။ အုတ်ဖိုမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂၊ တိုင်းရင်းသားကိုယ်စားလှယ် နေရာတွေအတွက် အန်အယ်လ်ဒီက ၁၄၀၇၄၄ မဲ၊ ပြည်ခိုင်ဖြိုးက ၅၃၃၂၄ မဲ ရရှိထားပါတယ်။ ဒီရလဒ်တွေကို သက်ဆိုင်ရာ ကိုယ်စားလှယ်နဲ့ ကော်မရှင်တွေက အတည်ပြုထားပြီးပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကြောင့် ထုတ်ပြန်တာတော့ မလုပ်သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024