A d v e r t i s e m e n t With Us

ပုဂ္ဂိုလ်​ရေး ​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​ လေး​စား​ရန် ​ဒေါ်​အောင်ဆန်း​စုကြည်​ ပြောကြား

မြန်မာ့​ယဉ်​ကျေး​မှု ​ရှေး​ဟောင်း​အ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​ကို သား​ငယ် ကိုထိန်​လင်း​နဲ့​အတူ မိသား​စုဘုရား​ခရီး​စဉ်အဖြစ် ​ရောက်ရှိ​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​ရဲ့​ပုဂ္ဂိုလ်​ရေး​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​လေး​စား​ဖို့​ ​ပြောကြား​လိုက်ပါတယ်။ ဒီက​နေ့​မနက် အာနန္ဒာဘုရား​ကို မူး​မြော်ကြည်ညိုအပြီး​ သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံစဉ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ပုဂံဘုရား​ဖူး​ ခရီး​စဉ်ကို လိုက်ပါ သတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို ​ပြောပြပါတယ်။ “အာနန္ဒာကထွက်​တော့​ သတင်း​ထောက်​တွေကို ​တွေ့​တဲ့​အချိန်မှာ ဘာ​မေး​မလဲဆိုပြီး​ ရပ်ပြီး​စကား​ပြောတယ်။ ဒီခရီး​စဉ်က သူရဲ့​ ကိုယ်​ရေး​ကိုယ်တာ ဘုရား​ဖူး​ခရီး​ပါတဲ့​။ နိုင်ငံ​ရေး​ခရီး​စဉ်မဟုတ်ပါဘူး​တဲ့​။ အ​ပျော် ​လေ့​လာ​ရေး​ထွက်တဲ့​ သ​ဘောမျိုး​ဖြစ်တဲ့​အတွက်​ကြောင့်​ လွတ်လွတ်လပ်လပ်ထွက်လာရတာ ဖြစ်တဲ့​အတွက်​ကြောင့်​ စိတ်​ကော ​ပျော်ပါတယ်တဲ့​။ တခြား​ ဘယ်မှသွား​ဖို့​ အစီအစဉ်လည်း​ မရှိဘူး​ပေါ့​နော်။ မ​ကွေး​၊​ ပုပ္ပါး​တို့​ ဘာတို့​လည်း​ သွား​ဖို့​ အစီအစဉ်မရှိပါဘူး​တဲ့​။ ၈ ရက်​နေ့​ ပြန်မှာပါတဲ့​။ ဒါ​ပေမယ့်​ သူ့​ဟာသူ လွတ်လွတ်လပ်လပ် private ခရီး​စဉ်​လေး​ဖြစ်တဲ့​အတွက်​ကြောင့်​ privacy ​လေး​ လိုချင်ပါတယ်လို့​ ​ပြောပါတယ်။ အဲအဓိပ္ပာယ်ရဲ့​ စကား​က​တော့​ ​နောက်က​နေ ရုန်း​ရုန်း​ ရုန်း​ရုန်း​လိုက်တာ သူသိပ်မကြိုက်ဘူး​နဲ့​ တူပါတယ်။” ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ပြီး​ဆုံး​သွား​တဲ့​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံ ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ပတ်သက်ပြီး​တော့​လည်း​ အနိုင်ရ ​ပွေ့​ထိုင်း​ပါတီရဲ့​ ​ခေါင်း​ဆောင် ထိုင်း​နိုင်ငံရဲ့​ ပထမဦး​ဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ် ဖြစ်လာမယ့်​သူ မစ္စရင်လတ်ရှင်နာဝတ် လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံ​ရေး​ လက်ရှိအ​ခြေအ​နေထက် ပိုမို​ကောင်း​မွန်လာဖို့​ ​မျှော်လင့်​တယ်လို့​လည်း​ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်​တွေကို ပြန်လည် ​ဖြေကြား​ခဲ့​ပါ​​တယ်။ ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​မနက်ပိုင်း​ သူ့​ရဲ့​ပုဂံဘုရား​ဖူး​ခရီး​စဉ်ထဲမှာ​တော့​ အာနန္ဒာ၊​ သဗ္ဗညု၊​ မြ​စေတီနဲ့​ မနုဟာဘုရား​တွေကို သွား​ရောက်ဖူး​ ​မျှော်ခဲ့​ပါတယ်။ ဒီခရီး​စဉ် မတိုင်ခင်က ​ဒေသခံအာဏာပိုင်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ကို အား​မ​ပေး​ဖို့​ ဘုရား​ဂေါပကအဖွဲ့​တွေ အပါအဝင် ​ဒေသခံ​တွေကို ချိန်း​ခြောက် ဖိအား​ပေး​ ပိတ်ပင်ထား​တဲ့​ကြား​က ​ဒေသခံ​တွေ အများ​အပြား​လာ​ရောက် အား​ပေး​ခဲ့​ကြပါတယ်။ ဒီက​နေ့​ ဘုရား​ဖူး​ခရီး​စဉ်အတွင်း​ ပုဂံ​ဒေသခံ​တွေရဲ့​ အား​ပေး​မှု​တွေကိုလည်း​ သူမြင်​တွေ့​ခဲ့​ရတဲ့​အတိုင်း​ သတင်း​ထောက်က အခုလို ​ပြောပါတယ်။ “အကုန်လုံး​ကြည့်​ရတာ ရှင်း​ထား​ပုံရတယ်။ ဒါ​ပေမယ့်​ မနူဟာဘုရား​မှာ​တော့​ လူ​တော်​တော်များ​တယ်။ လူ​တွေက တချို့​ လာလာကြည့်​တယ်။ လာကြည့်​ပေမယ့်​ သူတို့​ မဝံ့​မရဲဘူး​ ​ကြောက်တယ်။ ​ကြောက်တယ်ဆိုတာက သူတို့​ပြန်သွား​ရင်များ​ တခုခုဖြစ်မလား​ဆိုပြီး​ ​ကြောက်တယ်နဲ့​တူပါတယ်။ ​နောက်ဆုံး​ ဖူး​တဲ့​ မနူဟာဘုရား​လည်း​ ​ရောက်​ရော ​ကောင်မ​လေး​နှစ်​ယောက်က ပန်း​စည်း​လေး​ကိုင်ပြီး​ သွား​ပေး​တယ် ဘုရား​လှူဖို့​ပေါ့​။ သူဘုရား​မှာ လှူ​ပေး​လိုက်တယ် ပန်း​အိုး​ထဲထည့်​ပြီး​။ အဲဒါလည်း​ လူ​တွေက ​တော်​တော်လာကြည့်​နေကြတယ်။ အဲမတိုင်ခင်က မြ​စေတီ​ကျောက်စာမှာကတည်း​က လူ​တွေက အကဲစမ်း​ပြီး​ လာကြည့်​နေကြတယ်။ ပြန်မယ်ပြန်မယ်​ပေါ့​ နည်း​နည်း​ကြောက်တာကိုး​။ ဘာဖြစ်လဲတဲ့​ ကြည့်​လို့​ရပါတယ်တဲ့​ဆိုပြီး​ ကြည့်​ကြတာ။ အဲဒီက​နေစပြီး​ ဝိုင်း​ပြီး​နှုတ်ဆက်ကြတာ။ အန်တီ​နေ​ကောင်း​လား​တို့​၊​ တချို့​ဆို တကယ့်​ကို နာမည်ကြီး​ မင်း​သမီး​တ​ယောက်လာသလိုပဲ​ပေါ့​။ ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီခရီး​စဉ်ဟာ ​နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်​မြောက်လာပြီး​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပခရီး​စဉ်တခုဖြစ်သလို သူ့​ရဲ့​ ဒီခရီး​စဉ်အ​ပေါ် ၂၀၀၃ ခုနှစ် စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​လုပ်ကြံမှုလို ထက်မံကြုံ​တွေ့​လာရမှာကို မြန်မာပြည်သူ​တွေ၊​ နိုင်ငံ​ရေး​လောကသား​တွေနဲ့​အတူ နိုင်ငံတကာကပါ အထူး​စိုး​ရိမ်ပူပန်မှု​တွေ ရှိ​နေကြပါတယ်။
ပုဂ္ဂိုလ်​ရေး​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​လေး​စား​ရန် ​ဒေါ်​အောင်ဆန်း​စုကြည်​ပြောကြား အံ့​ဘုန်း​မြတ် (၅ ဇူလိုင် ၂၀၁၁) မြန်မာ့​ယဉ်​ကျေး​မှု ​ရှေး​ဟောင်း​အ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​ကို သား​ငယ် ကိုထိန်း​လင်း​နဲ့​အတူ မိသား​စုဘုရား​ခရီး​စဉ်အဖြစ် ​ရောက်ရှိ​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် အမျိုး​သား​ဒီမို က​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​ရဲ့​ပုဂ္ဂိုလ်​ရေး​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​လေး​စား​ဖို့​ ​ပြောကြား​လိုက်ပါတယ်။ ဒီက​နေ့​မနက် အာနန္ဒာဘုရား​ကို မူး​မျှော်ကြည်ညိုအပြီး​ သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံစဉ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ပုဂံဘုရား​ဖူး​ ခရီး​စဉ်ကို လိုက်ပါ သတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို ​ပြောပြပါတယ်။ “အာနန္ဒာကထွက်​တော့​ သတင်း​ထောက်​တွေကို ​တွေ့​တဲ့​အချိန်မှာ ဘာ​မေး​မလဲဆိုပြီး​ ရပ်ပြီး​စကား​ပြောတယ်။ ဒီခရီး​စဉ်က သူရဲ့​ ကိုယ်​ရေး​ကိုယ်တာ ဘုရား​ဖူး​ခရီး​ပါတဲ့​။ နိုင်ငံ​ရေး​ခရီး​စဉ်မဟုတ်ပါဘူး​တဲ့​။ အ​ပျော် ​လေ့​လာ​ရေး​ထွက်တဲ့​ သ​ဘောမျိုး​ဖြစ်တဲ့​အတွက်​ကြောင့်​ လွတ်လွတ်လပ်လပ်ထွက်လာရတာ ဖြစ်တဲ့​အတွက်​ကြောင့်​ စိတ်​ကော ​ပျော်ပါတယ်တဲ့​။ တခြား​ ဘယ်မှသွား​ဖို့​ အစီအစဉ်လည်း​ မရှိဘူး​ပေါ့​နော်။ မ​ကွေး​၊​ ပုပ္ပါး​တို့​ ဘာတို့​လည်း​ သွား​ဖို့​ အစီအစဉ်မရှိပါဘူး​တဲ့​။ ၈ ရက်​နေ့​ ပြန်မှာပါတဲ့​။ ဒါ​ပေမယ့်​ သူ့​ဟာသူ လွတ်လွတ်လပ်လပ် private ခရီး​စဉ်​လေး​ဖြစ်တဲ့​အတွက်​ကြောင့်​ privacy ​လေး​ လိုချင်ပါတယ်လို့​ ​ပြောပါတယ်။ အဲအဓိပ္ပာယ်ရဲ့​ စကား​က​တော့​ ​နောက်က​နေ ရုန်း​ရုန်း​ ရုန်း​ရုန်း​လိုက်တာ သူသိပ်မကြိုက်ဘူး​နဲ့​ တူပါတယ်။” ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ပြီး​ဆုံး​သွား​တဲ့​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံ ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ပတ်သက်ပြီး​တော့​လည်း​ အနိုင်ရ ​ပွေ့​ထိုင်း​ပါတီရဲ့​ ​ခေါင်း​ဆောင် ထိုင်း​နိုင်ငံရဲ့​ ပထမဦး​ဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ် ဖြစ်လာမယ့်​သူ မစ္စရင်လတ်ရှင်နာဝတ် လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံ​ရေး​ လက်ရှိအ​ခြေအ​နေထက် ပိုမို​ကောင်း​မွန်လာဖို့​ ​မျှော်လင့်​တယ်လို့​လည်း​ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်​တွေကို ပြန်လည် ​ဖြေကြား​ခဲ့​ပါ​သေး​တယ်။ ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​မနက်ပိုင်း​ သူ့​ရဲ့​ပုဂံဘုရား​ဖူး​ခရီး​စဉ်ထဲမှာ​တော့​ အာနန္ဒာ၊​ သဗညု၊​ မြ​စေတီနဲ့​ မနုဟာဘုရား​တွေကို သွား​ရောက်ဖူး​ ​မျှော်ခဲ့​ပါတယ်။ ဒီခရီး​စဉ် မတိုင်ခင်က ​ဒေသခံအာဏာပိုင်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ကို အား​မ​ပေး​ဖို့​ ဘုရား​ဂေါပကအဖွဲ့​တွေ အပါအဝင် ​ဒေသခံ​တွေကို ချိန်း​ခြောက် ဖိအား​ပေး​ ပိတ်ပင်ထား​တဲ့​ကြား​က ​ဒေသခံ​တွေ အများ​အပြား​လာ​ရောက် အား​ပေး​ခဲ့​ကြပါတယ်။ ဒီက​နေ့​ ဘုရား​ဖူး​ခရီး​စဉ်အတွင်း​ ပုဂံ​ဒေသခံ​တွေရဲ့​ အား​ပေး​မှု​တွေကိုလည်း​ သူမြင်​တွေ့​ခဲ့​ရတဲ့​အတိုင်း​ သတင်း​ထောက်က အခုလို ​ပြောပါတယ်။ “အကုန်လုံး​ကြည့်​ရတာ ရှင်း​ထား​ပုံရတယ်။ ဒါ​ပေမယ့်​ မနုအာဘုရား​မှာ​တော့​ လူ​တော်​တော်များ​တယ်။ လူ​တွေက တချို့​ လာလာကြည့်​တယ်။ လာကြည့်​ပေမယ့်​ သူတို့​ မဝံ့​မရဲဘူး​ ​ကြောက်တယ်။ ​ကြောက်တယ်ဆိုတာက သူတို့​ပြန်သွား​ရင်များ​ တခုခုဖြစ်မလား​ဆိုပြီး​ ​ကြောက်တယ်နဲ့​တူပါတယ်။ ​နောက်ဆုံး​ ဖူး​တဲ့​ မနူအာဘုရား​လည်း​ ​ရောက်​ရော ​ကောင်မ​လေး​နှစ်​ယောက်က ပန်း​စည်း​လေး​ကိုင်ပြီး​ သွား​ပေး​တယ် ဘုရား​လှူဖို့​ပေါ့​။ သူဘုရား​မှာ လှူ​ပေး​လိုက်တယ် ပန်း​အိုး​ထဲထည့်​ပြီး​။ အဲဒါလည်း​ လူ​တွေက ​တော်​တော်လာကြည့်​နေကြတယ်။ အဲမတိုင်ခင်က မြ​စေတီ​ကျောက်စာမှာကတည်း​က လူ​တွေက အကဲစမ်း​ပြီး​ လာကြည့်​နေကြတယ်။ ပြန်မယ်ပြန်မယ်​ပေါ့​ နည်း​နည်း​ကြောက်တာကိုး​။ ဘာဖြစ်လဲတဲ့​ ကြည့်​လို့​ရပါတယ်တဲ့​ဆိုပြီး​ ကြည့်​ကြတာ။ အဲဒီက​နေစပြီး​ ဝိုင်း​ပြီး​နှုတ်ဆက်ကြတာ။ အန်တီ​နေ​ကောင်း​လား​တို့​၊​ တချို့​ဆို တကယ့်​ကို နာမည်ကြီး​ မင်း​သမီး​တ​ယောက်လာသလိုပဲ​ပေါ့​။ ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီခရီး​စဉ်ဟာ ​နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်​မြောက်လာပြီး​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပခရီး​စဉ်တခုဖြစ်သလို သူ့​ရဲ့​ ဒီခရီး​စဉ်အ​ပေါ် ၂၀၀၃ ခုနှစ် စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​လုပ်ကြံမှုလို ထက်မံကြုံ​တွေ့​လာရမှာကို မြန်မာပြည်သူ​တွေ၊​ နိုင်ငံ​ရေး​လောကသား​တွေနဲ့​အတူ နိုင်ငံတကာကပါ အထူး​စိုး​ရိမ်ပူပန်မှု​တွေ ရှိ​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up