A d v e r t i s e m e n t With Us

မန္တ​လေး​တွင် မီး​လောင်

မန္တ​လေး​ မဟာ​အောင်​မြေမြို့​နယ်မှာ ဒီမနက် မီး​လောင်လို့​ အိမ်သုံး​လုံး​ ​လောင်ကျွမ်း​ဆုံး​ရှုံး​ပါတယ်။ ဦး​ကျား​ကြီး​ဝင်း​နဲ့​ မျက်နှာချင်း​ဆိုင် ၃၅ လမ်း​နဲ့​ ၈၄ လမ်း​ထောင့်​မှာ ဖွင့်​ထား​တဲ့​ စက်ဘီး​အပိုပစ္စည်း​ဆိုင်နဲ့​ဆိုင်ကယ်အပိုပစ္စည်း​ရောင်း​တဲ့​ တိုက်ခန်း​ (၃) ခန်း​ကို မနက်ကိုး​နာရီခွဲက​နေ ​လောင်ကျွမ်း​ရာမှာ ဆယ်နာရီခွဲမှာ ငြိမ်း​သတ်နိုင်ခဲ့​တယ်လို့​ မျက်မြင်တဦး​က ​ပြောပါတယ်။ “တိုက်ကြီး​တိုက်​ကောင်း​တွေဖြစ်တဲ့​အတွက် မီး​ကူး​စက်မှု​နှေး​ကွေး​တယ်။ အထဲမှာက ဆိုင်ကယ်အပိုပစ္စည်း​တွေ၊​ စက်ဘီး​အသစ်​တွေ ​ရောင်း​တာဖြစ်လို့​အင်ဂျင်ဝိုင်တို့​၊​ တာယာ​တွေပါ ပါတဲ့​အတွက် မီး​က ​တော်​တော်ကြီး​ကို ​လောင်ကျွမ်း​တာ ​တွေ့​ရတယ်ဗျ။” မီး​ဘယ်က စတင်​လောင်ကျွမ်း​တယ်ဆိုတာ မသိရ​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up