Home
ဆောင်းပါး
တပ်မ​တော် နည်း​ပညာ​ကောလိပ် အ​ရေး​အခင်း​ (တတိယပိုင်း​)
DVB
·
July 5, 2011
ပထမပိုင်း​နဲ့​ ဒုတိယပိုင်း​မှာ တပ်မ​တော်နည်း​ပညာ​ကောလိပ် ​ပေါ်​ပေါက်လာပုံ၊​ စစ်သည်​ကျောင်း​သား​တွေ ​နေထိုင်စား​သောက်ရပုံ​တွေနဲ့​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​တာ​တွေကို တင်ပြခဲ့​ပါတယ်။ စစ်သည်​ကျောင်း​သား​တွေရဲ့​ ရပိုင်ခွင့်​တွေ ​တောင်း​ဆိုပုံအ​ကြောင်း​ကို ဆက်လက်တင်ပြပါမယ်။ “​ကျောင်း​သား​တွေရဲ့​ စိတ်ထဲမှာ ရပိုင်ခွင့်​တောင်း​တယ်။ ရပိုင်ခွင့်​ဆိုတာထက် ရုန်း​ထွက်ချင်စိတ်​တွေ ပိုများ​တယ် အဲဒီအချိန်မှာက။ ရုန်း​ထွက်ချင်စိတ်​တွေ ပိုများ​လာ​တော့​၊​ စကား​ပုံ​လေး​ တခု​ပြောမယ်ဆိုရင် ကျ​နော်တို့​ နွား​ပြာကြီး​ ကျ​အောင် သား​ရေဖင်ခုမထိုင်နဲ့​ပေါ့​။ စစ်တပ်မ​ကောင်း​ကြောင်း​ကို သိသွား​တဲ့​အခါကျ​တော့​ စစ်တပ်ထဲမှာ မ​နေချင်ကြတဲ့​စိတ်​တွေ ပိုများ​လာတယ်။ ရပိုင်ခွင့်​ တခုဆိုတာထက်။ ကျ​နော်တို့​တွေ အား​လုံး​က စစ်တပ်ကို ယုံကြည်ခဲ့​ကြတယ်။ သူတို့​လည်း​ ​ကြေညာထား​တယ်။ တပ်မ​တော်သည်သာ အမိ၊​ တပ်မ​တော်သည်သာ အဖလို့​၊​ တကယ်တမ်း​ တပ်မ​တော်က အမိအဖ​နေရာက မ​နေခဲ့​တော့​ ကျ​နော်တို့​လည်း​ အဲဒီစစ်တပ်ထဲမှာ မ​နေချင်​တော့​ဘူး​။ အဲဒီအချိန်မှာ လုပ်ခဲ့​ကြတာ အဓိက စစ်တပ်မ​ကောင်း​ဘူး​ဆိုတာ သိ​နေတဲ့​အတွက် စစ်တပ်ထဲမှာ ​နေချင်စိတ် ကုန်ခန်း​သွား​တဲ့​အတွက် အဲလိုမျိုး​ ဖြစ်သွား​တာ​ပေါ့​။ ” စစ်တပ်ထဲမှာ ​နေခဲ့​တဲ့​ ကာလမှာ စစ်တပ်အ​ကြောင်း​ကို ပိုသိခဲ့​ရလို့​ စစ်တပ်က ထွက်ခဲ့​တာလို့​ ​ပြောဆိုသွား​ပေမယ့်​ စစ်တပ်ထဲက​နေ ထွက်ခွာဖို့​ စဖြစ်လာတာက​တော့​ ၂၀၀၂ ခုနှစ် နှစ်ဆန်း​ပိုင်း​မှာပါ။ အပတ်စဉ် ၃ သင်တန်း​ကစပြီး​ သင်တန်း​သား​တွေဟာ ၂ နှစ်သင်တန်း​ကို A.G.T.I လက်မှတ်နဲ့​ ​ကျောင်း​ဆင်း​ပေး​တော့​မှာဆိုတဲ့​ ​ကောလာပါလ သတင်း​တခု တပ်မ​တော်နည်း​ပညာ ​ကောလိပ်မှာ ​ပေါ်ထွက်လာခဲ့​ပါတယ်။ အဲဒီ သတင်း​ ထွက်​ပေါ်လာတဲ့​အချိန်မှာ အပတ်စဉ် ၁ သင်တန်း​သား​တချို့​မှာ စတုတ္ထနှစ် B.Tech. ဘွဲ့​ကို သင်ကြား​နေပြီး​ အပတ်စဉ် ၂ သင်တန်း​သား​အချို့​ကလည်း​ တတိယနှစ်မှာ B.Tech. ဘွဲ့​ကို သင်ကြား​နေချိန် ဖြစ်ပါတယ်။ အဲဒီသတင်း​ရဲ့​အဓိပ္ပာယ်က​တော့​ အပတ်စဉ် ၁ နဲ့​ ၂ သင်တန်း​သား​အား​လုံး​ဟာ B.E. အင်ဂျင်နီယာဘွဲ့​ကို ဆက်ပြီး​ သင်ယူခွင့်​မရ​တော့​ဘဲ B.Tech နည်း​ပညာဘွဲ့​ တတ်​မြောက်ပြီး​ရင် အဲဒီ နည်း​ပညာဘွဲ့​နဲ့​ပဲ ​ကျောင်း​ဆင်း​ပေး​တော့​မယ် လို ဖြစ်လာပါတယ်။ အင်ဂျင်နီယာဘွဲ့​ကို မ​ပေး​တော့​ဘူး​လို့​ ကြား​ကြား​ချင်း​ တပ်မ​တော်နည်း​ပညာ​ကောလိပ် တ​ကျောင်း​လုံး​ မ​ကျေနပ်တဲ့​အသံ​တွေ ဆူညံပွက်​လော ရိုက်သွား​ပါ​တော့​တယ်။ အဲဒီသတင်း​ အမှန်တကယ်ဖြစ်​ကြောင်း​ သိရှိကြရတဲ့​အခါမှာ​တော့​ တပ်မ​တော်နည်း​ပညာ​ကောလိပ်​ကျောင်း​သား​အား​လုံး​ရဲ့​ မ​ကျေနပ်စိတ်​တွေဟာ အမြင့်​ဆုံး​ကို ​ရောက်သွား​ပါ​တော့​တယ်။ အထူး​သဖြင့်​ ဒုတိယနှစ်ကို​ရောက်​နေတဲ့​ အပတ်စဉ် ၃ သင်တန်း​သား​တွေဟာ အနစ်နာဆုံး​ဖြစ်တဲ့​အတွက် မ​ကျေနပ်ဆုံး​သူ​တွေ ဖြစ်ပါတယ်။ အပတ်စဉ် ၃ ကစပြီး​ ​နောက်လာမယ့်​ သင်တန်း​အပတ်စဉ်​တွေကို ၂ နှစ်သင်တန်း​ (A.G.T.I လက်မှတ်) နဲ့​ ပညာသည် တပ်ကြပ်ကြီး​ရာထူး​နဲ့​ ​ကျောင်း​ဆင်း​ ​ပေး​တော့​မှာဖြစ်တယ်လို့​ တရား​ဝင် သတင်း​တွေ ထွက်​ပေါ်လာလို့​ ဖြစ်ပါတယ်။ MTC ​ကျောင်း​သား​တွေ မ​ကျေနပ်ဖြစ်တာဟာ တပ်မ​တော်က ​ပေး​အပ်မယ့်​ ရာထူး​ကို မရရှိမှာစိုး​လို့​မပါုတ်ပါဘူး​။ အဓိကအား​ဖြင့်​ B.Tech. နည်း​ပညာဘွဲ့​နဲ့​ B.E. အင်ဂျင်နီယာဘွဲ့​တွေကို ဆက်လက်မသင်ကြား​နိုင်တဲ့​အတွက် ဖြစ်ပါတယ်။ MTC သင်တန်း​သား​တွေ ​လျှောက်လွှာ​ခေါ်ယူစဉ်တုန်း​က နိုင်ငံပိုင်သတင်း​စာ​တွေနဲ့​တိုင်း​စစ်ဌာနချုပ်​တွေက ​ပေး​တဲ့​ လက်ကမ်း​စာအုပ်ငယ်​တွေမှာ ပဉ္စမနှစ်အထိ ထူး​ချွန်သူ​တွေကို ပညာသင်ကြား​စေပြီး​ B.E. ဘွဲ့​ပေး​အပ်မှာ ဖြစ်​ကြောင်း​ ပါရှိပါတယ်။ ကျောင်း​သား​တွေဟာ ​လေ့​ကျင့်​ရေး​ပြင်း​ထန်လွန်း​တာနဲ့​ စား​သောက်​ရေး​ အလွန်ညံ့​ဖျင်း​တာတို့​ကို သည်း​ခံခဲ့​ကြပါတယ်။ သို့​သော်လည်း​ပဲ ဘဝနှင့်​ချီပြီး​ ​ပြောင်း​လဲသွား​မယ့်​ မိမိတို့​ရဲ့​ ပညာ​ရေး​ကိစ္စမှာ​တော့​ ​ကျောင်း​သား​အား​လုံး​ မခံမရပ်နိုင် ဖြစ်လာပါ​တော့​တယ်။ အဲဒီအတွက်​ကြောင့်​လည်း​ အပတ်စဉ် ၃ ​ကျောင်း​သား​တွေဟာ B.Tech, B.E ဘွဲ့​တွေ မ​ပေး​တော့​တဲ့​ကိစ္စမှာ ​ရှေ့​ဆုံး​က ဦး​ဆောင်ပါဝင်ခဲ့​ကြပါတယ်။ အဲဒီအချိန်က တပ်မ​တော်နည်း​ပညာ​ကောလိပ် တ​ကျောင်း​လုံး​မှာ အပတ်စဉ် ၄ သင်တန်း​သား​တွေလည်း​ ရှိ​နေတဲ့​အတွက် အပတ်စဉ် ၁ မှ ၄ အထိ စုစု​ပေါင်း​ ​ကျောင်း​သား​ဦး​ရေ ၃၀၀၀ ​ကျော်ရှိပါတယ်။ ​ရှေ့​ဆက်ပြီး​ ဘာလုပ်ကြမလဲဆိုတာနဲ့​ ပတ်သက်ပြီး​ အရင်ဆုံး​ အပတ်စဉ် (၃) ​ကျောင်း​သား​အား​လုံး​ရဲ့​ သ​ဘောဆန္ဒကို တိုင်ပင်​ဆွေး​နွေး​ကြပါတယ်။ အဲဒီအခါမှာ ​ကျောင်း​သား​တွေက အပတ်စဉ်တခုတည်း​ မလုပ်ဘဲ စီနီယာ​တွေနဲ့​ ပူး​ပေါင်း​တိုင်ပင်ပြီး​ ​ဆောင်ရွက်တာ ပို​ကောင်း​တယ်လို့​ ယူဆပြီး​ အပတ်စဉ် ၁ နဲ့​ ၂ မှ စီနီယာ​တွေနဲ့​ ပူး​ပေါင်း​ညှိနှိုင်း​ကာ လုပ်​ဆောင်ခဲ့​ကြပါတယ်။ ဘွဲ့​မ​ပေး​တော့​တဲ့​ ကိစ္စကို ​ဆောင်ရွက်ရာမှာ ​ရှေ့​ဆုံး​က​နေ အား​ကျိုး​မာန်တက် အချိန်ပြည့်​ လုပ်​ဆောင်ကြတဲ့​ စစ်သည် ​ကျောင်း​သား​အချို့​ဟာ အလိုလို ​ခေါင်း​ဆောင်​တွေ ဖြစ်လာကြပါတယ်။ အဲဒီ​ခေါင်း​ဆောင်​တွေထဲက တ​ယောက်ဖြစ်တဲ့​ ​ထောင်ကျ စစ်သည်​ကျောင်း​သား​က သူရဲ့​ အတိတ်ကို ပြန်လည်​ပြောဆိုပါတယ်။ “တပ်မ​တော်သား​တွေ​တော့​ စစ်အင်ဂျင်နီယာတပ်လို့​ ​ခေါ်တာ​ပေါ့​။ စစ်အင်ဂျင်နီယာဆိုတာ ကျ​နော်တို့​ တိုက်ရိုက်က အရာရှိမဖြစ်ခင် ကျ​နော်တို့​တွေ အရာရှိဖြစ်လာမယ်။ ​နောက်ပြီး​အင်ဂျင်နီယာ တ​ယောက်ဆိုတဲ့​ အဆင့်​အတန်း​တခုနဲ့​ လိုက်​လျောညီ​ထွေမှု ရှိ​အောင် ​နေထိုင်ဖို့​အခွင့်​အ​ရေး​ တရပ်ရလာမယ်။ အဲဒီ၂ ခု​ကြောင့်​ ကျ​နော်တို့​ ဒီလမ်း​ကြောင်း​ကို ​ရွေး​လိုက်တာ။ အဓိက​တော့​ စစ်တပ်ကို ယုံစား​မိတာ​ပေါ့​။ စစ်တပ်က ​ပြောတဲ့​အတိုင်း​လုပ်မယ် ထင်ပြီး​တော့​ စစ်တပ်ကို ယုံစား​မိတဲ့​အချိန်မှာ စစ်တပ်က ​ပြောတဲ့​စကား​တခုနဲ့​ ညီ​အောင်မလုပ်နိုင်တဲ့​အတွက် ကျ​နော်တို့​တွေ ဘဝပျက်သွား​တာ။ ကျ​နော်တို့​တွေ အညွန့်​ချိုး​ခံလိုက်ရတာ။” ကျန်တဲ့​ကျောင်း​သား​တွေကလည်း​ သူတို့​ကို လိုလိုလား​လား​ ​ခေါင်း​ဆောင်တင်ခဲ့​ပါတယ်။ အဲဒီ​ခေါင်း​ဆောင်​တွေဟာ တပ်ခွဲတခွဲမှာ အနည်း​ဆုံး​ နှစ်​ယောက်မှ ​လေး​ငါး​ယောက်အထိ ပါခဲ့​ကြပါတယ်။ ​မေဂျာအခန်း​ အလိုက်လည်း​ သူတို့​ပဲ ​ခေါင်း​ဆောင် ပါဝင်ကြပါတယ်။ ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ လျှို့​ဝှက် တိုင်ပင်​ဆွေး​နွေး​ကြပါတယ်။ ​ကျောင်း​အုပ်ကြီး​ကစပြီး​ အရာရှိ​တွေအလယ် အကြပ်တပ်သား​အဆုံး​ လုံး​ဝမရိပ်မိ၊​ မသိရှိ​အောင် လျှို့​ဝှက်လုပ်ခဲ့​ပါတယ်။ အများ​ဆုံး​ စု​ဝေး​ တိုင်ပင်​ဆွေး​နွေး​ဖြစ်တဲ့​ အချိန်​တော့​ Night Study သင်တဲ့​ အချိန်ဖြစ်ပြီး​ ည ၇ - ၉ နာရီအထိ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ တခြား​လုံခြုံတဲ့​နေရာ​တွေမှာ စု​ဝေး​တိုင်ပင်ကြပါတယ်။ ​ဆွေး​နွေး​ကြပြီး​တော့​ ​နောက်ဆုံး​ ဆုံး​ဖြတ်ချက်​တွေနဲ့​ လုပ်​ဆောင်မယ့်​ လုပ်ငန်း​စဉ်​တွေကို တပ်ခွဲလိုက် ​ခေါင်း​ဆောင်​တွေကတဆင့်​ Night Study ဝင်ချိန်နဲ့​ ၉ နာရီ ​နောက်ပိုင်း​ တပ်ခွဲရှိ အိပ်​ဆောင်​တွေဆီ တိုး​တိုး​တိတ်တိတ် လာ​ရောက်​ပြောဆိုကြပါတယ်။ ​နောက်ဆုံး​မှာ ​ကျောင်း​သား​စစ်သည် အများ​စုရဲ့​ ဆန္ဒအရ B.Tech. , B.E. ဘွဲ့​တွေအထိ ပညာဆက်လက်သင်ကြား​ခွင့်​ရဖို့​ တပ်မ​တော်အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေနဲ့​ နအဖ အတွင်း​ရေး​မှုး​ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး​ ခင်ညွန်ထံ စာ​ရေး​တင်ပြမယ်လို့​ ဆုံး​ဖြတ် လိုက်ပါ​တော့​တယ်။ တပ်မ​တော် နည်း​ပညာ​ကောလိပ်ရဲ့​ ​ကျောင်း​သား​တွေထဲမှာ တပ်မ​တော်အရာရှိကြီး​တွေရဲ့​ သား​တွေ ပါရှိပါတယ်။ အဲဒီ အရာရှိကြီး​တွေထဲက တချို့​ ဟာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​တပ်မ​တော် ​ထောက်လှမ်း​ရေး​ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး​ခင်ညွန့်​ဆီ အဝင်အထွက် ရှိသူ​တွေဖြစ်ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး​ ခင်ညွန့်​ တန်ခိုး​ဩဇာ ကြီး​ထွား​နေချိန်ပါ။ ပထမဆုံး​အကြိမ် စာ​ရေး​ပေး​ပို့​ကြရာမှာ အရာရှိကြီး​အချို့​ရဲ့​ သား​တွေကတဆင့်​ သူ့​ဖခင်သို့​၊​ သူ့​ဖခင်က ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ ဗိုလ်ချုပ်ကြီး​ခင်ညွန့်​တို့​ဆီကို ​ရောက်​အောင်​ပေး​ပို့​ခဲ့​ကြပါတယ်။ တပ်မ​တော်အကြီး​အကဲများ​ရဲ့​ အ​ဖြေကို​စောင့်​မျှော်​နေရင်း​ တပ်မ​တော်နည်း​ပညာ​ကောလိပ်က အရာရှိဝန်ထမ်း​များ​ အား​လုံး​မရိပ်မိ​အောင် ပါန်မပျက် ​နေထိုင်ကြရင်း​ တလနီး​ပါး​ ကြာသွား​ခဲ့​ပါတယ်။ တပ်မ​တော်အကြီး​အကဲ ဗိုလ်ချုပ်ကြီး​တွေက ဘာမှ အ​ကြောင်း​ ပြန်ကြား​ခဲ့​ခြင်း​မရှိပါဘူး​။ ဒါ​ကြောင့်​ တပ်မ​တော်အကြီး​အကဲ​တွေဆီကို ဒုတိယအကြိမ် စာတင်ဖို့​ ဆုံး​ဖြတ်လိုက်ကြပါ​တော့​တယ်။ ဒုတိယအကြိမ် စာတင်ဖို့​ဆုံး​ဖြတ်ပြီး​တဲ့​အခါ ပထမအကြိမ်ကလို အ​ကြောင်း​မပြန်ခဲ့​လျှင် ဘာဆက်လုပ်ကြမယ် ဆိုတာကိုပါ ထည့်​သွင်း​ဆွေး​နွေး​ခဲ့​ကြပါတယ်။ ဒုတိယအကြိမ်​ပေး​ပို့​တဲ့​ စာကို အ​ကြောင်း​မပြန်ခဲ့​ရင် ​ရှေ့​ဆက်လုပ်​ဆောင်မယ့်​ အစီအစဉ်က​တော့​ စစ်သည် ​ကျောင်း​သား​တွေအား​လုံး​ တပ်မ​တော်နည်း​ပညာ ​ကောလိပ်​ကျောင်း​က​နေ တိတ်တဆိတ် ထွက်ခွာကြဖို့​ ဖြစ်ပါတယ်။ ထွက်ခွာမယ့်​အချိန်ကို ညသန်း​ခေါင် ၁၂ နာရီနဲ့​ သန်း​ခေါင်​ကျော် ၁ နာရီလို့​ အကြမ်း​ဖျင်း​ သတ်မှတ်ပြီး​ ​ကျောင်း​သား​အား​လုံး​ကို အသိ​ပေး​ထား​ပါတယ်။ အဲဒီလို​ရှေ့​ဆက်လုပ်မယ့်​ အစီအစဉ်​တွေကို ​ရေး​ဆွဲချမှတ်ပြီး​နောက်မှာ အ​ရေး​တကြီး​ လုပ်စရာအလုပ်တခု ​ပေါ်လာပါတယ်။ ဒါက​တော့​ တပ်မ​တော်နည်း​ပညာ​ကောလိပ်​ကျောင်း​ရဲ့​ ရုံး​ခန်း​မှာ သိမ်း​ဆည်း​ထား​တဲ့​ မိမိတို့​ရဲ့​ မှတ်ပုံတင်​တွေကို ပြန်ရ​အောင် လုပ်ဖို့​ဖြစ်ပါတယ်။ တပ်ထဲဝင်စဉ်က ကိုယ့်​မှတ်ပုံတင်ကို လူ​တွေ့​စစ်​ဆေး​တဲ့​ အရာရှိ​တွေထံ အပ်နှံခဲ့​ရပါတယ်။ အဲဒီမှတ်ပုံတင်ကတ်အား​လုံး​ဟာ ​ကျောင်း​ရဲ့​ ဌာနချုပ်ရုံး​မှာ သိမ်း​ဆည်း​ခံထား​ရပါတယ်။ တနင်္လာမှ ​သောကြာ​နေ့​အထိ ည​နေ (၄) နာရီနဲ့​ စ​နေ၊​ တနင်္ဂ​နွေ​နေ့​တွေမှာ မနက်ပိုင်း​နဲ့​ ည​နေပိုင်း​မှာ လုပ်အား​ပေး​ လုပ်ကြရပါတယ်။ အဲဒီအထဲမှာ ဌာနချုပ်ရုံး​ကို သန့်​ရှင်း​ရေး​ လုပ်​ပေး​ရတာလည်း​ ပါဝင်ပါတယ်။ ဌာနချုပ်ရုံး​မှာ လုပ်အား​ပေး​လုပ်ရတဲ့​ ​ကျောင်း​သား​စစ်သည်တိုင်း​ဟာ မှတ်ပုံတင်​တွေကို ပြန်ယူဖို့​ အစီအစဉ် လုပ်ခဲ့​ကြပါတယ်။ ​ကျောင်း​သား​တိုင်း​ မိမိမှတ်ပုံတင် မိမိပြန်ရပြီး​တဲ့​နောက် ​မေလ ၃၁ ရက်​နေ့​ လစာထုတ်အပြီး​ ည သန်း​ခေါင်​ကျော် ၁ နာရီ အချိန်မှာ တပ်မ​တော်နည်း​ပညာ​ကောလိပ်မှ ​ကျောင်း​သား​စစ်သည် ၃၀၀၀ ​ကျော်ဟာ ​ကျောင်း​က​နေ တိတ်တဆိတ် ထွက်ခွာသွား​မယ်လို့​ ​ကျောင်း​သား​စစ်သည် အများ​စုရဲ့​ ဆန္ဒအရ ဆုံး​ဖြတ်ထား​ပါတယ်။ ​ကျောင်း​သား​တွေဟာ ဒုဋ္ဌာဝတီမြစ် ​ဘေး​အတိုင်း​ မန္တ​လေး​မြို့​အထိ ​ရောက်​အောင်သွား​ကြဖို့​ ဆုံး​ဖြတ်ထား​ပါတယ်။ “အ​ကြောင်း​မပြန်ရင် ဘာလုပ်မယ်ဆိုတာ ပြင်ဆင်ထား​တယ်။ စာ ၅ ​စောင်ရှိပြီ။ စာတင်ဖို့​အတွက် ပြင်ဆင်ထား​တယ်။ ၅ ​စောင်အထိမှ ​နောက်ဆုံး​စာအထိမှ ​ရောက်မလာဘူး​ဆိုရင် ကျ​နော်တို့​အ​နေနဲ့​ ကိုယ့်​အိမ်ကိုယ်ပြန်ကြဖို့​ ပြင်ဆင်ထား​တယ်။ တစုတ​ဝေး​တည်း​ ဒုဋ္ဌဝတီ မြစ်​ကြောင်း​အတိုင်း​ပဲ သွား​မှာပါ။ ဒီအတိုင်း​သွား​ရင် စစ်တပ်က ခွင့်​မပြုဘူး​။ ပြန်ဖို့​လည်း​ မဖြစ်နိုင်ဘူး​။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ ဖြတ်လမ်း​ကပဲ ပြန်မယ်။ အား​လုံး​တစုတ​ဝေး​တည်း​ပါပဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024