A d v e r t i s e m e n t With Us

ဧရာဝတီမြစ်ဆုံ ဒေသခံများ​ကို ကုမ္ပဏီများ​က ခြိမ်း​ခြောက်

ကချင်ပြည်နယ်၊​ ဧရာဝတီမြစ်ဆုံရှိ တန်ဖရဲ​ကျေး​ရွာသား​တွေကို ​ဒေသအတွင်း​ ​ရွှေလုပ် ကိုင်​နေကြတဲ့​ ကုမ္ပဏီ​တွေက ခြိမ်း​ခြောက်ကာ ​ရွှေ့​ပြောင်း​ဖို့​ ဖိအား​ပေး​မှု​တွေ လုပ်​နေပါတယ်။ မြစ်ဆုံ​ရေကာတာ စီမံကိန်း​ကြောင့်​ ​ကျေး​ရွာသား​တွေကို မနှစ်က ​ရွှေ့​ပြောင်း​ ခိုင်း​ခဲ့​ရာမှာ တန်ဖရဲ​ကျေး​ရွာမှ အိမ်​ထောင်စု ၃ဝ၊​ ခရစ်ယာန်ဘုရား​ကျောင်း​၊​ ခရစ်ယာန်သီလ ရှင်​ကျောင်း​တွေက မပြောင်း​ရွှေ့​ဘဲ အာဏာပိုင်​တွေရဲ့​ အမိန့်​ကို ဖီဆန်​နေခဲ့​တာလည်း​ ဖြစ်ပါတယ်။ အခုအခါ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​(​ကေအိုင်အို)နဲ့​ မြန်မာစစ်တပ်​တွေ အကြား​ တိုက်ပွဲ​တွေ ပြန်ဖြစ်လာချိန်မှာ ခြိမ်း​ခြောက်မှု​တွေ လုပ်​နေတယ်လို့​ တန်ဖရဲ​ကျေး​ရွာသား​တဦး​က အခုလို ​ပြောပါတယ်။ “ခြိမ်း​ခြောက်တာက မင်း​တို့​ရဲ့​ သား​သမီး​တွေ ​ကေအိုင်အို၊​ ​ကေအိုင်​အေမှာ လုပ်တယ်။ အဲဒါကို ငါတို့​ တိုင်ချက် ​ဖောက်လိုက်မယ်ဆိုပြီး​ ကျ​နော်တို့​ ​ဒေသခံ​တွေကို ပြန်ခြိမ်း​ခြောက်လာတယ်၊​ ဒီတ​ခေါက် အဲဒီမျိုး​ ခြိမ်း​ခြောက်လာ​တော့​လည်း​ နည်း​နည်း​တော့​ စိတ်ထဲမှာ တမျိုး​ဖြစ်သွား​တာ​ပေါ့​။ ကုမ္ပဏီက လူ​တွေပဲ ဒါမျိုး​ ခြိမ်း​ခြောက်တာ။ ဟိုဘက်လူ​တွေ (​ကေအိုင်အို) မှာ မင်း​တို့​ သား​တွေ ပါရင် ပါမယ်၊​ အဲလို ​ပြောလာတယ်။ အစိုး​ရကလည်း​ လုံခြုံ​ရေး​ဆိုပြီး​ စစ်တပ်က ရဲ​ဘော်​တွေ လွှတ်ထား​တော့​ ကျ​နော်တို့​ အထိတ်တလန့်​ဖြစ်တာ​ပေါ့​။ ခါကာဘိုရာဇီတို့​၊​ ​ရွှေမင်း​ဟိန်း​တို့​ သူတို့​လူ​တွေပဲ၊​ ကုမ္ပဏီက လူ​တွေပဲ၊​ ခါကာ ဘိုရာဇီက ပိုဆိုး​တယ်။ ” ကချင်ပြည်နယ် ပြည်နယ်လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရား​ဝမ်ဂျုံ ပိုင်ဆိုင်တဲ့​ ခါကာဘိုရာဇီ၊​ ကချင်ပြည်နယ် ရဲမှူး​ကြီး​ ဦး​မင်း​လွင်ရဲ့​ သား​ပိုင်တဲ့​ ​ရွှေမင်း​ဟိန်း​ကုမ္ပဏီ​တွေက ခြိမ်း​ခြောက်​နေတာ ဖြစ်ပါတယ်။ တန်ဖရဲ​ကျေး​ရွာက​နေ မ​ပြောင်း​ရွှေ့​ဘဲ ကျန်​နေကြတဲ့​ အိမ်​ထောင်စု ၃ဝ ဟာ ရှိ​နေတဲ့​ ​မြေယာ​လေး​မှာ ဖြစ်သလို စိုက်ပျိုး​နေထိုင်စား​သောက်​နေကြပါတယ်။ အခုအခါ အဲဒီ​ဒေသမှာ ​ရွှေလုပ်ငန်း​ကို အကြီး​အကျယ်လုပ်ကိုင်လာ​နေတဲ့​ ကုမ္ပဏီ​တွေက သူတို့​ရဲ့​ အိမ်ရာ​မြေ​ပေါ်မှာ ​ရွှေရှာ​ဖွှေလိုတဲ့​အတွက် ​ပြောင်း​ရွှေ့​ဖို့​ ခြိမ်း​ခြောက်မှု​တွေ လုပ်လာ​နေတယ်လို့​ တန်ဖရဲ ​ကျေး​ရွာသား​က ​ပြောပါတယ်။ “စစ်​ရေး​ဖြစ်တဲ့​အခါမှာ သူတို့​ အခွင့်​ရေး​ယူပြီး​မှ ဒါမျိုး​ ပြန်ထပ်​ပြောလာတယ်။ ကျ​နော်တို့​က ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌ ဦး​ရား​ဝမ်ဂျုံ ကို အရမ်း​စိတ်နာတယ်။ သူက ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌ ဖြစ်ပြီး​မှ သူတိုယ်တိုင် ခါကာဘိုရာဇီ လုပ်ပြီး​မှ ကျ​နော်တို့​ရဲ့​ ပြည်သူ​တွေ ကာကွယ်​ပေး​ရမယ့်​အစား​ တဖက်လှည့်​ပြီး​ အဲလိုလုပ်တာ။ ကျ​နော်တို့​ အရမ်း​ခံပြင်း​တယ်။ ကြာပြီ။ သူက ကြံ့​ခိုင်​ရေး​လုပ်ပြီး​ လွှတ်​တော် ဥက္ကဋ္ဌ ဖြစ်လာတာ။ ” တန်ဖရဲ​ကျေး​ရွာ ​အောက်ဘက် ၃ မိုင်​ကျော်အကွာမှာ ​ရေကာတာစီမံကိန်း​လုပ်​နေတဲ့​ ​အေး​ရှား​ဝေါလ်ကုမ္ပဏီက စံပြ​ကျေး​ရွာ အိမ်ရာ​မြေတည်​ဆောက်ကာ မြစ်ဆုံ​ဒေသက ​ကျေး​ရွာသား​တွေကို အာဏာပိုင်​တွေရဲ့​ အမိန့်​အာဏာသုံး​ပြီး​ မနှစ်က ​ရွှေ့​ပြောင်း​ခိုင်း​ခဲ့​ပါတယ်။ ဆန်နဲ့​ အိမ်ရာ​မြေက လွဲလို့​ ဘာမှ​ထောက်ပံ့​တာမရှိတဲ့​အတွက် ​ဒေသခံတို့​မှာ ​တောင်ယာလုပ်စား​ဖို့​ ​မြေ​နေရာမရှိသလို ​ရွှေကျင်ခွင့်​လည်း​ မရရှိတဲ့​အတွက် မြစ်ကြီး​နား​သို့​ဆင်း​ကာ ကြုံရာကျပန်း​ လုပ်ကိုင်​နေရသလို အချို့​လည်း​ ​ဆွေမျိုး​အိမ်မှာ ခိုကပ်​နေထိုင်​နေရတယ်လို့​ သူက ​ပြောပါတယ်။        

A d v e r t i s e m e n t With Us

More News
Up