မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသားများ ကြိုတင်မဲပေး
DVB
·
November 1, 2015
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ်ခံထားရတဲ့ ကစားသမားတွေနဲ့ အသင်း တာဝန်ရှိသူတွေဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲရုံတွေမှာ ကြိုတင်ဆန္ဒမဲတွေ ပေးနေကြပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ဟောင်ကောင်၊ တောင်ကိုရီးယား အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားဖို့ ရွေးကောက်ပွဲရက်မတိုင်ခင် နိုဝင်ဘာ ၅ ရက်နေ့ ရန်ကုန်ကနေ ထွက်ခွာဖို့ရှိလို့ ခုလို ကြိုတင်မဲတွေပေးဖို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆက်သွယ် စီစဉ်ဆောင်ရွက်ရတာလို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - ကိုသန်းတိုးအောင် နှင့် ကိုရန်အောင်ကျော် ဖေ့စ်ဘွတ်ခ်