DVB Logo
Home
နိုင်ငံရေး
တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော
DVB
·
July 1, 2011
တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော
Donate to DVB

တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ကျယ်ပြန့်​လာ​နေတာကို အထူး​စိုး​ရိမ်ပူပန်တယ်လို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ) ​ပြောခွင့်​ရ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ဦးအေးသာအောင်

ကချင်ပြည်နယ်မှာ အစိုး​ရနဲ့​ ​ကေအိုင်အကြား​ တဖက်နဲ့​တဖက် ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​အ​ပေါ် ဝမ်း​မြောက်​ပေမယ့်​ ကျန်တိုက်ပွဲဖြစ်တဲ့​အဖွဲ့​တွေကိုလည်း​ ဒီလိုပဲ​ဆွေး​နွေး​ပြီး​ တတိုင်း​ပြည်လုံး​သ​ဘော​ဆောင်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ရ​အောင် ​ဆောင်ရွက်ဖို့​ သူက တိုက်တွန်း​ပါတယ်။

“အခုလို လက်နက်ကိုင်တိုက်ပွဲ​တွေ ကျယ်ပြန့်​လာတဲ့​အခါမှာ ကျ​နော်တို့​ အ​နေနဲ့​ အထူး​စိုး​ရိမ်တယ်။ အခု လက်တ​လောအ​နေနဲ့​ ကချင်ပြည်နယ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ တာ​တွေ ကြား​ရ​တော့​လည်း​ ဒါကို ကျ​နော်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ ဒီ ​ဆွေး​နွေး​ရုံနဲ့​ မပြီး​သေး​ဘူး​။ ကချင်ပြည်နယ်တခုတည်း​မှာ ​ဆွေး​နွေး​တာထက်စာရင် တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲပြီး​တော့​ ​ဆွေး​နွေး​ဖို့​ လိုမယ်။ ပြီး​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အား​လုံး​နဲ့​ အပြန်အလှန် ယုံကြည်မှုကို တည်​ဆောက်ပြီး​တော့​ တကယ့်​ စစ်မှန်တဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်ဖို့​ လိုမယ်။ ပြည်တွင်း​စစ်ကို ရပ်စဲပြီး​တော့​ တတိုင်း​ပြည်လုံး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​က​နေ စစ်မှန်တဲ့​ပြည်​ထောင်စုကို တည်​ဆောက်နိုင်မှသာ တကယ့်​ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို တည်​ဆောက်နိုင်မယ်လို့​ ကျ​နော်တို့​က ယုံလည်း​ ယုံကြည်တယ် ဒီအတိုင်း​ပဲ၊​ အား​လုံး​ကို ကျ​နော်တို့​က တိုက်တွန်း​လိုပါတယ်။”

ဒီက​နေ့​ကျင်း​ပတဲ့​ စီအာပီပီအစည်း​အ​ဝေး​မှာ လက်ရှိနိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ၊​ ပင်လုံနဲ့​ပြည်​ထောင်စုစိတ်ဓာတ်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ စာတမ်း​ဖိတ်​ခေါ်မှု​တွေကို ​ဆွေး​နွေး​ပါတယ်။ စီအာပီပီလုပ်ငန်း​တွေမှာ လူငယ်​တွေကို တွဲ​ခေါ်ဖို့​ ကိစ္စကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ဒီလုပ်​ဆောင်ချက်ဟာ အဖွဲ့​ဝင်အတိုး​အ​လျော့​ကိစ္စ မဟုတ်သလို စီအာပီပီကို ချဲ့​ထွင်တာလည်း​ မဟုတ်ဘဲ စီအာပီပီရဲ့​ လက်​တွေ့​လုပ်ငန်း​နယ်ပယ်​တွေမှာ လူငယ်​တွေကို လုပ်​ဆောင်​စေဖို့​ ဖြစ်တယ်လို့​ ရှင်း​ပြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မြို့​ပြင်ထွက်မယ့်​ကိစ္စနဲ့​ ပတ်သက်လို့​ စိုး​ရိမ်ပူပန်မှု​တွေ ထွက်​ပေါ်​နေတဲ့​အ​ပေါ် ​မေး​မြန်း​ချက်ကို ဦး​အေး​သာ​အောင်က မကြာခင်သွား​မယ့်​ ခရီး​စဉ်ဟာ မိသား​စုခရီး​စဉ် ဖြစ်တာ​ကြောင့်​ အ​ထွေအထူး​ပြောစရာမရှိပါဘူး​လို့​ ​ပြောပါတယ်။

ကနဦး​ပိုင်း​တုန်း​က နယ်မြို့​တွေကိုသွား​မယ့်​ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်ပူပန်တာ မှန်​ပေမယ့်​ နိုင်ငံ​ရေး​ခေါင်း​ဆောင်တဦး​အ​နေနဲ့​ လုပ်သင့်​လုပ်ထိုက်တာကို လုပ်တယ်လို့​ မြင်ပါတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“အခု သွား​မယ့်​ ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သူ့​ရဲ့​သား​က ဘုရား​ဖူး​ သက်သက်သွား​မှာပါ။ ဒီခရီး​စဉ်နဲ့​ ပတ်သက်လို့​တော့​ ကျ​နော်တို့​ ဘာမှ အ​ထွေအထူး​ ​ပြောစရာ မရှိပါဘူး​။ ဒါ​ပေမယ့်​ အရင်က ကျ​နော်တို့​ ​ပြောခဲ့​သလို​ပေါ့​။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ပါတီ ​ခေါင်း​ဆောင် တ​ယောက်လည်း​ ဖြစ်တဲ့​အတွက်​ကြောင့်​ နိုင်ငံ​ရေး​အရ ​ဆောင်ရွက်တဲ့​ ​နေရာမှာ လိုအပ်တဲ့​ ​နေရာ​တွေကို ခရီး​ထွက်ခဲ့​တာ​တွေက ယခင့်​ ယခင်ကလည်း​ ရှိတယ်။ အခု ထွက်ဖို့​အတွက် စီစဉ်တာနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်တို့​ အ​နေနဲ့​က​တော့​ စိုး​ရိမ်ရတာ တပိုင်း​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒါ လုပ်သင့်​လုပ်ထိုက်တဲ့​ အလုပ်ကို လုပ်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ မြင်ပါတယ်။”

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013