A d v e r t i s e m e n t With Us

ကံမလယ်သမား​ ၅ ဦး​ကို ရွာစဉ်တ​လျှောက် ကြိုဆို

သရက်​ထောင်မှာ ကျခံရာက​နေ မင်ဘူး​ခရိုင်တရား​ရုံး​က ပြစ်ဒဏ်​လျှော့​ပေါ့​စီရင်လို့​ ပြန်လွတ်လာကြတဲ့​ ကံမမြို့​နယ် စစ္စရံရွာသား​ ငါး​ဦး​ကို အိုး​စည်ဗုံ​ဗောင်း​ တီး​ခတ်ကြိုဆိုဖို့​ စစ္စရံ​ကျေး​ရွာကမ်း​နဖူး​မှာ ရွာသား​တွေ ကမ်း​လုံး​ညွတ်နီး​ပါး​ ​ရောက်ရှိ ​အောင်ပွဲခံ​နေကြပါတယ်။ မ​နေ့​ည​နေက ပြန်လွတ်လာသူ​တွေဟာ လမ်း​ခရီး​ကား​ပေါ်မှာပဲ ရှိ​နေ​သေး​ပြီး​ ကံမမြို့​ပေါ် ​ရောက်ရှိလာမယ့်​ သူတို့​တ​တွေကို တခမ်း​တနား​ကြိုဆိုမယ့်​အဖွဲ့​ဟာ ​မော်​တော်​ပေါ်မှာ အိုး​စည်ဝိုင်း​ကို အသံချဲ့​စက်နဲ့​ ​အောင်ပွဲခံ ​အော်ဟစ်​နေကြပါတယ်။ “​ပျော်သလား​ဟေ့​ ​မောင်တို့​ရေ။ ​ပျော်တယ်​ဟေ့​” ဆိုတဲ့​ အသံ​တွေ စစ္စရံမြစ်ကမ်း​နဖူး​မှာ အသံချဲ့​စက်က​နေ အတိုင်အ​ဖောက် လုပ်​နေကြတာပါ။ ရွာသား​တွေ အခုလို ​အောင်ပွဲခံ​နေတာက​တော့​ သက်ဆိုင်ရာ အာဏာပိုင်​တွေကို အန်တုရင်ဆိုင်တဲ့​ ရွာသား​ငါး​ဦး​ ပြစ်ဒဏ်စီရင်ခံရ​ပေမယ့်​ ပြန်လည် လွတ်​မြောက်လာတဲ့​အတွက် ဖြစ်ပါတယ်။ ထူး​နဲ့​ဦး​ပိုင်ကုမ္ပဏီ​တွေက ရွာသား​ပိုင်​မြေ​တွေ​ပေါ်မှာ ​ကော့​စတစ်စက်ရုံတည်ဖို့​ ​မြေသိမ်း​တာကို မ​ကျေနပ်လို့​ တရား​စွဲတဲ့​ရွာသား​တွေကို ထူး​နဲ့​ ဦး​ပိုင်ကုမ္ပဏီဘက်က တရား​လိုလုပ်ပြီး​ ပြန်ဆွဲတဲ့​အမှု​တွေနဲ့​ရှစ်နှစ်က​နေ ၁၂ နှစ်​ကျော်ထိ ချမှတ်ခံရအပြီး​မှာ မ​နေ့​က ခရိုင်တရား​ရုံး​က ပြစ်ဒဏ်​လျှော့​ပေါ့​ပေး​ခဲ့​တာ ဖြစ်ပါတယ်။ ရွာသား​တွေအမှုကို လိုက်ပါကူညီ​နေသူ ကိုရဲထင်က ပြစ်ဒဏ်​လျှော့​ပေါ့​ပေး​မှုကို ခုလို ​ပြောပါတယ်။ “ဒီလိုဗျ။ ဒီလယ်သမား​ကြီး​တွေက မြန်မာ့​စီး​ပွား​ရေး​ ဦး​ပိုင်လီမိတက်နဲ့​ ထူး​ကုမ္ပဏီက သူတို့​လယ်​ပေါ်ကျူး​ကျော်တဲ့​အခါ တရား​စွဲဆိုတဲ့​အတွက်​ကြောင့်​ လယ်သမား​တွေကို အခု မြန်မာ့​စီး​ပွား​ရေး​ ဦး​ပိုင်လီမိတက် မဇစ်အ​ခြေစိုက်ရုံး​က တာဝန်ရှိတဲ့​လူ​တွေက လုပ်ကြံရိုက်နှက်ပြီး​ ​အောက်​ခြေအာဏာပိုင်​တွေနဲ့​ ပူး​ပေါင်း​ပြီး​တော့​ ​ထောင်ချတဲ့​ကိစ္စဗျ။ အခု လယ်သမား​ကြီး​တွေက ဒါ တရား​ဥပ​ဒေရဲ့​ တစိတ်တပိုင်း​ အမှန်တရား​မျှတမှုကို ​တောင်း​ဆိုတာ ရရှိလို့​ ပြန်လွတ်လာတာပါ။ အခု ရွာသူရွာသား​တွေ အား​လုံး​လည်း​ ​ပျော်ရွင်​နေကြပါတယ်ဗျ။” ဒီ​နေ့​ခင်း​ ၂ နာရီခွဲမှာ စစ္စရံ​ကျေး​ရွာကမ်း​နဖူး​က ရွာသား​တွေ မြင်ကွင်း​ကို ​မေး​ရာမှ သူက ခုလို ​ပြောပါတယ်။ “ဟာ ရွာသား​တွေဗျာ ကမ်း​လုံး​ညွတ်ပါပဲဗျာ။ ရွာသူရွာသား​ ရာချီပြီး​တော့​ လာကြတာဗျ။ ကမ်း​တ​လျှောက်မှာရှိတဲ့​ ရွာ​တွေရွာ​တွေအား​လုံး​ကလည်း​ ရွာသူရွာသား​တွေ ကြိုကြတယ်ဗျ။” “ကိုသန်း​ဦး​တို့​က အပြင်​ရောက်ပြီး​ ကျ​နော်တို့​ဆီကို ဖုန်း​ဆက်ထား​ပြီး​ပြီ။ သူတို့​ သရက်က ထွက်လာပြီ၊​ ကံမကို သုံး​နာရီ ဆိုက်မယ်လို့​ ​ပြောတယ်။ ကျ​နော်တို့​ ကံမကို သွား​ကြိုမယ်​ပေါ့​။ ကျ​နော်တို့​မော်​တော်​ပေါ်မှာ ရွာသား​ အ​ယောက် (၇၀) ​ပေါ့​ဗျာ။ ရွာအုပ်ချုပ်​ရေး​တွေကလည်း​ ဘာမှ မ​ပြောပါဘူး​။”

A d v e r t i s e m e n t With Us

More News
Up