DVB Logo
Home
မြန်မာသတင်း
အစိုးရတပ် ရှားတောဒေသခံရွာသားများကို တပ်ရိက္ခာထမ်းခိုင်း
DVB
·
July 1, 2011
အစိုးရတပ် ရှားတောဒေသခံရွာသားများကို တပ်ရိက္ခာထမ်းခိုင်း
Donate to DVB

ကယားပြည်နယ် ရှားတောမြို့နယ်မှာ အခြေစိုက်နေထိုင်တဲ့ မြန်မာအစိုးရတပ် ခမရ ၅၇၅ စစ်ကြောင်းဟာ ဇွန်လ ၁၈ နဲ့ ၁၉ ရက်နေ့အတွင်းမှာ ရွာသားအယောက် ၅ဝ လောက်ကို တပ်ရိက္ခာတွေ ထမ်းခိုင်းခဲ့တယ်လို့ ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ခမရ ၅၇၅ စစ်ကြောင်းဟာ ရှားတောမြို့နယ် တငူးဆို (ထင်းရှူးတောင်) မှာ အခြေစိုက်နေထိုင်တဲ့ ခမရ ၃၃၂ နဲ့ ပြီးခဲ့တဲ့ အပတ်က တပ်အလဲအလှယ် လုပ်ခဲ့ပါတယ်။

ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ခူးညေးရယ်က “ပြီးခဲ့တဲ့အပတ်က သူတို့တွေ တပ်လဲကြတော့ သူတို့ရိက္ခာတွေကို ၂ လ၊ ၃လ အတွက် သိမ်းထားချင်တယ် ထင်တယ်။ အဲဒါ ရွာသားတွေကို တရွာ ၁ဝ ယောက် ခေါ်ယူတယ်” လို့ ပြောပါတယ်။

တပ်စခန်းအနီးမှာရှိတဲ့ ဒေါတနော၊ ဒေါဝယ်ရော၊ ဒေါမူးလဲ၊ တနောင်ကလု နဲ့ တရီးဒါး ကျေးရွာတွေကို တရွာ ကျေးရွာသား ၁ဝ ယောက်စီ ဆင့်ခေါ်ပြီး တပ်ရိက္ခာအတွက် တပ်စခန်းကို အရောက်ထမ်းပို့ခိုင်းတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

တပ်ရိက္ခာတွေကို လွိုင်ကော်မြို့ကနေ စစ်ကားတွေနဲ့ တင်ဆောင်လာပြီး ရှားတောမြို့နယ် ဒေါမူးမာ ကျေးရွာအနီး မြန်မာစစ်တပ်စခန်းမှာ ချထားပြီး ရွာသားတွေက ဒေါမူးမာ တပ်စခန်းမှ တရီးဒါးရွာကို ထမ်းပို့သွားခဲ့ရတယ်။ တရီးဒါးရွာကတဆင့် ခမရ ၅၇၅ တပ်စခန်းအရောက် ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်။

ရွာသားတွေဟာ ဆန်၊ သကြား၊ နို့ဘူး၊ ငါးဘူး၊ အမဲဘူးနဲ့ အခြားရိက္ခာတွေကို ထမ်းပို့ပေးရတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

ခမရ ၅၇၅ တပ်ဟာ ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ရဲ့ လက်အောက်ခံ တပ်ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013