DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်အပစ်ရပ် ၈ ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးစတင်
DVB
·
October 29, 2015
အစိုးရနှင့်အပစ်ရပ် ၈ ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးစတင်
1 / 7
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရအကြား ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee Meeting-JMC) အစည်းအဝေးကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (အန်ပီစီ) မှာ အောက်တိုဘာ ၂၉ မနက် ၁၀ နာရီက စတင်ကျင်းနေပါတယ်။

တနိုင်ငံလုံး ပစ်ခိုက်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ရေးထိုးပြီးတာနဲ့ အန်စီအေစာချုပ်ပါ သဘောတူညီချက်အတိုင်း အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇ ရက်တွေမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JIMC) ကို ပြုလုပ်ခဲ့ပါသေးတယ်။

အန်စီအေ ပြဌာန်းချက်အတိုင်း ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee) ဆိုတဲ့ ကော်မတီ ၂ ရပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီနှစ်ရပ်ရဲ့ ထပ်ဖြည့်ရမယ့် အဖွဲ့ဝင်တွေကို ဆက်ပြီး လုပ်ဆောင်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013