A d v e r t i s e m e n t With Us

ထိုင်းကို တရားမ၀င် ၀င်လာသည့် မြန်မာ ၇ ဦး ဖမ်းမိ

အဖမ်းခံရသည့် မြန်မာများ (ရှေ့တန်းတွင်ထိုင်နေသူများ)။ ဓာတ်ပုံ - chiangmaicitylife
ထိုင်းနိုင်ငံအတွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ အသက် ၁၉ နှစ်နဲ့ ၂၉ နှစ်အကြား မြန်မာနိုင်ငံသား ၇ ဦးကို လန်းပန်ခရိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အောက်တိုဘာ ၂၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ ချင်းမိုင်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၈ နှစ်ရှိ ထိုင်းလူမျိုး ပတ်တာပေါင် ပွန်နာရီ၊ အသက် ၄၉ နှစ် ပရာဆစ်ကောဆီကောနဲ့ ၂၅ နှစ် ဆီရီပေါင် ပင်ဆရီတို့က နယ်စပ်ဖြတ်ဖို့ ကူညီခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းလူမျိုး ၃ ဦးကို ဖမ်းဆီးခဲ့သလို ဆီရီပေါင်ကို ရဲတပ်ဖွဲ့တွေကို လာဘ်ထိုးမှုနဲ့ တရားစွဲဆိုထားပါတယ်။ ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ တရားမ၀င် ၀င်ရောက်လာတာဖြစ်ကြောင်း မြန်မာတွေက ပြောတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up