Home နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးထွက်မည်
ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးထွက်မည်
assk1 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ကာလအတွင်း မြန်မာနိုင်ငံကို ခေတ္တအလည်အပတ် ရောက်ရှိနေတဲ့ သားငယ် ကိုထိန်လင်းနဲ့အတူ ပုဂံဘုရားဖူးသွားဖို့ရှိတယ်လို့ အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
မန္တလေးတိုင်းခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုကိစ္စဖြစ်တဲ့အတွက် ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ဖို့ မရှိဘူးလို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ၂၀၀၃ ခုနှစ် မေ ၃၀ မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ထိန်းသိမ်းခံရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းခရီးစဉ်အပြီးမှာ ရန်ကုန်ပြင်ပကို ထွက်မယ့် ပထမဆုံး ခရီးစဉ်လည်းဖြစ်ပါတယ်။
ဒီဘုရားဖူးအစီအစဉ်မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ပြင် ခရီးထွက်မယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် ဒီလ ၂၄ ရက်နေ့က မန္တလေးက လမ်းဘေးမှာ ရပ်ထားတဲ့ကားအပါအဝင် နေပြည်တော်နဲ့ ပြင်ဦးလွင်တို့က လူမနေတဲ့အိမ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ပြိုင်တူဖြစ်ပွားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ လေ့လာစောင့်ကြည့်သူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေမှာပဲ သမ္မတသစ် ဦးသိန်စိန် အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ရပ်တည်နေမှုကို ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်လာသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်ပြင်ပ ခရီးစဉ်တွေနဲ့ပတ်သက်ပြီး တော့လည်း နိုင်ငံပိုင်သတင်းစာတွေကတဆင့် ဝေဖန်ရေးသားမှုတွေ ရှိခဲ့ပါတယ်။
ဆက်စပ်သတင်းများ