Home
နိုင်ငံရေး
နယ်စပ်တိုက်ပွဲများ​နှင့်​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်၏ အမြင်သ​ဘောထား
DVB
·
June 30, 2011
  ကချင်ပြည်နယ်အပါအဝင် နယ်စပ်​ဒေသတိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အမြင်သ​ဘောထား​တွေကို တင်ဆက်ထား​ပါတယ်။ ပထမဆုံး​အ​နေနဲ့​ အခုဖြစ်​နေတဲ့​ နယ်စပ်စစ်ပွဲ​တွေ ရပ်တန့်​သွား​ဖို့​က အမျိုး​သား​ရင်ကြား​စေ့​ရေး​လုပ်ဖို့​ ငြိမ်ချမ်း​ရေး​ အ​ရေး​ပါပုံ​တွေကို ခုလို ​ပြောသွား​ပါတယ်။ “ကျမနား​လည်သ​လောက်က​တော့​ အစိုး​ရဘက်က​တော့​ ဒီဟာ​တွေအား​လုံး​ ငြိမ်း​ချမ်း​သွား​ပြီလို့​ ဆို​ပေမယ့်​လည်း​ ကချင်တပ်​တွေဘက်က ​ပြောတာ​တော့​ ငြိမ်း​ချမ်း​တယ်ဆိုတာ မဟုတ်​သေး​ပါဘူး​။ စပ်ကြား​စပ်ကြား​ တိုက်ခိုက်မှု​လေး​တွေ ရှိ​နေ​သေး​တယ်လို့​ ဆိုပါတယ်။ ဒီဟာ​တော့​ မဖြစ်သင့်​တဲ့​ ကိစ္စပါ။ ကျမတို့​နိုင်ငံမှာ ငြိမ်း​ချမ်း​ပြီး​တော့​ တကယ့်​ကို အား​လုံး​အတွက် ညီညီညွတ်ညွတ်နဲ့​ လုံလုံခြုံခြုံဖြစ်တဲ့​ တိုင်း​ပြည် ပြည်​ထောင်စုတခု ဖြစ်ဖို့​ဆိုရင် ဒီလိုကိစ္စမျိုး​တွေက ​ပေါ်ကို မ​ပေါ်သင့်​ပါဘူး​။ ကျမအ​နေနဲ့​ ဒီလိုဟာ​တွေဖြစ်လာလို့​ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​အတွက် ပိုပြီး​တော့​ ကြိုး​စား​ရမယ်လို့​ ဒီလိုပဲမြင်တယ်။ တချို့​က​တော့​ ဒါက အမျိုး​သား​ပြန်လည် ရင်ကြား​စေ့​ရေး​ကို ပျက်ပြား​စေတယ်လို့​ ဆိုတဲ့​ဘက်က မြင်တာ​ပေါ့​နော်။ ကျမမြင်တာ​တော့​ ပိုကြိုး​စား​ဖို့​လိုတယ်။ ဒီလိုကိစ္စ​တွေက ကျမတို့​ကို သတိ​ပေး​နေသလိုပဲ။ ကျမတို့​ဟာ အမျိုး​သား​ရင်ကြား​စေ့​ရေး​ ဖြစ်​အောင်မလုပ်လို့​ရှိရင် ​နောင်ဒုက္ခအမျိုး​မျိုး​ ဒီတိုင်း​ပြည်က ​တွေ့​ကြုံရဦး​မှာပဲလို့​ သတိ​ပေး​နေသလို ဖြစ်တာ​ကြောင့်​မို့​လို့​ ဒီအဖြစ်အပျက်က ကျမတို့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ကို ပိုပြီး​တော့​ တန်ဖိုး​ထား​ရမယ်။ ရင်ကြား​စေ့​ရေး​ကို ဖြစ်​မြောက်​ရေး​အတွက် ပိုကြိုး​စား​ရမယ်၊​ ကြိုး​ပမ်း​ဆောင်ရွက်ရမယ်လို့​ ကျမ ဒီလိုမြင်ပါတယ်။ ငြိမ်း​ချမ်း​ရေး​အတွက် အဓိကလိုအပ်ချက်က​တော့​ နား​လည်ဖို့​ပဲ​လေ။ ဘယ်သူ့​ကြား​မှာပဲ ဖြစ်ဖြစ် ငြိမ်း​ချမ်း​ချင်တယ်ဆိုရင် ဟိုဘက်အမြင်ကို ဒီဘက်က နား​လည်မှ၊​ ဒီဘက်အမြင်ကို ဟိုဘက်ကနား​လည်မှ၊​ ဒါနား​လည်မှု​ပေါ့​။ နား​လည်မှုကို အ​ခြေမခံဘဲနဲ့​တော့​ ငြိမ်း​ချမ်း​ရေး​ဘက်ကို ​ရောက်ဖို့​ဆိုတာ အင်မတန်မှ ခက်ပါတယ်။ အဲ​တော့​ ဒီလိုနား​လည်မှုကို ယူဖို့​နေရာမှာ​တော့​ အမြင်ကျယ်ဖို့​လိုတယ်။ ကိုယ်လိုချင်တာ တခုတည်း​ကိုပဲ စဉ်း​စား​နေလို့​ မဖြစ်ဘူး​။ ကိုယ့်​ရဲ့​ ဆန္ဒတခုတည်း​ကိုပဲ ​ရှေ့​တန်း​တင်​နေလို့​ မဖြစ်ဘူး​။ အများ​ကောင်း​ကျိုး​အတွက် ဘယ်လိုလုပ်သင့်​သလဲ။ အများ​က ဘာလိုချင်သလဲ။ ကျမတို့​ ပြည်သူပြည်သား​အများ​စုက ငြိမ်း​ချမ်း​ရေး​ပဲ လိုချင်တာပဲ။ ကျမတို့​ တ​ယောက်မှ ဒီလိုတိုက်ခိုက်မှု​တွေ ဖြစ်​နေတာကို မလိုလား​ဘူး​။ တိုက်ခိုက်မှု​တွေ ဖြစ်တယ်ဆိုရင် ဘယ်​နေရာမှာပဲ ဖြစ်ဖြစ် ကချင်မှာပဲဖြစ်ဖြစ်၊​ ရှမ်း​မှာပဲဖြစ်ဖြစ်၊​ ကရင်မှာပဲဖြစ်ဖြစ်၊​ မွန်မှာပဲဖြစ်ဖြစ်၊​ ကျန်တဲ့​ ရခိုင်​တွေ​ရော၊​ ချင်း​တွေ​ရော၊​ ဗမာ​တွေ​ရော အင်မတန်မှ စိတ်ပူရတယ်။ စိတ်မ​ကောင်း​ဖြစ်ရတယ်။ ဘာလို့​လဲဆို​တော့​ ကျမတို့​က အား​လုံး​အတူတူပဲ။ ဒီနိုင်ငံထဲမှာ အတူတူ​နေကြသူ​တွေ ဖြစ်တယ်။ ဒီ​မြေ​ပေါ်​နေ၊​ ဒီ​ရေကို​သောက်၊​ ​နေတဲ့​သူ​တွေပဲ၊​ ဘယ်စိတ်ချမ်း​သာပါ့​မလဲ။ အဲ​တော့​ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုရင် နံပါတ်တစ်က ဆန္ဒက​တော့​ ရှိရမှာ​ပေါ့​။ ကျမတို့​ ရိုး​ရိုး​ပဲ တရား​သ​ဘောအရ၊​ ​အောင်မြင်ခြင်း​တရား​ ​လေး​ပါး​ရဲ့​ သ​ဘောအရ ​ပြောရမယ်ဆိုရင် ငြိမ်း​ချမ်း​ရေး​ရဖို့​ဆိုတာ ငြိမ်း​ချမ်း​ရေး​လိုချင်တဲ့​ ဆန္ဒက ပထမပဲ။ အဲဒါနဲ့​ စရမှာပဲ။” ဆက်လက်ပြီး​ ကချင်ပြည်နယ်နဲ့​ထိစပ်​နေတဲ့​ တရုတ်အစိုး​ရအ​ပေါ်ထား​ရှိတဲ့​ သ​ဘောထား​အမြင်ကိုလည်း​ ခုလို မှတ်ချက်​ပေး​ ​ပြောပါတယ်။ “တရုတ်အစိုး​ရကလည်း​ ကျမတို့​ မြန်မာနိုင်ငံသူ နိုင်ငံသား​တွေရဲ့​ ငြိမ်း​ချမ်း​ရေး​ လိုချင်တဲ့​ စိတ်ဆန္ဒကို ​လေး​စား​ပြီး​တော့​ တတ်နိုင်သမျှ လုပ်​ပေး​သင့်​တယ်လို့​ ကျမထင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျမတို့​တွေက အိမ်နီး​နား​ချင်း​တွေ​လေ။ ဟိုဘက်ဒီဘက်ပဲ။ ဟိုဘက်ဒီဘက် အင်မတန်မှ နီး​ကပ်​နေတဲ့​ အိမ်နီး​နား​ချင်း​တွေဟာ တဖက်အိမ်က မသာယာရင်၊​ တဖက်အိမ်က မငြိမ်း​ချမ်း​ရင်၊​ ဟိုဘက်အိမ်က​ကော ဒီဟာ​တွေကို မခံစား​ရဘဲ ​နေနိုင်မလား​။ အခု ဥပမာအား​ဖြင့်​ဆိုရင် ဒုက္ခသည်​တွေက ဟိုဘက်နိုင်ငံကို ​ပြေး​တယ်။ ကျမတို့​ကြား​တယ်။ ဒီလိုတိုက်ပွဲ​တွေ ဖြစ်ကတည်း​က တချို့​ဒုက္ခသည်​တွေက တရုတ်နိုင်ငံဘက်ကို ​ပြေး​သွား​တယ်လို့​ ကျမတို့​ ကြား​ရတယ်။ အဲ​တော့​ ဒီနိုင်ငံမှာ မငြိမ်း​ချမ်း​ဘူး​။ ကိုယ့်​ရဲ့​ အိမ်နီး​ချင်း​နိုင်ငံမှာ မငြိမ်း​ချမ်း​ဘူး​ဆိုရင် ကိုယ့်​နိုင်ငံကိုပဲ ထိလာတာပဲ ဆိုတာ​တော့​ တရုတ်​ခေါင်း​ဆောင်​တွေလို အ​မြော်အမြင် ကြီး​တဲ့​ပုဂ္ဂိုလ်ကြီး​တွေ​တော့​ နား​လည်မှာ ဖြစ်ပါတယ်။ အဲဒီနား​လည်မှုအ​ပေါ်မှာ အ​ခြေခံပြီး​တော့​ ကျမတို့​ မြန်မာနိုင်ငံမှာ ငြိမ်း​ချမ်း​ရေး​ဖြစ်ဖို့​အတွက် တတ်နိုင်သမျှ​တော့​ ဝိုင်း​ပြီး​တော့​ ကြိုး​ပမ်း​ပေး​သင့်​တယ်လို့​ ကျမထင်တယ်။ ​ပေး​မယ်လို့​လည်း​ ကျမယုံကြည်ပါတယ်။ တကယ်​တော့​ ဘယ်သူ့​ရဲ့​ ကြား​ဝင်​စေ့​စပ်မှုမှ မလိုဘဲနဲ့​ ကိုယ့်​အချင်း​ချင်း​ ​ပြေလည်​အောင်လုပ်နိုင်ရင်​တော့​ အ​ကောင်း​ဆုံး​ပေါ့​။ ဒါ​ပေမယ့်​ ကျမတို့​ရဲ့​ အခု​ခေတ် ကမ္ဘာကြီး​မှာဆိုရင် အား​လုံး​က တတိုင်း​ပြည်နဲ့​ တတိုင်း​ပြည် ဆက်နွှယ်မှု​တွေက ရှိ​နေ​တော့​ ဝိုင်း​ဝန်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​အတွက် ကြိုး​ပမ်း​ပေး​တာ၊​ ဖျန်​ဖြေ​ပေး​တာ၊​ ကြား​နေ​ဆောင်ရွက်​ပေး​တာက ဘယ်ဟာမှ တန်ဖိုး​မရှိတာ မရှိပါဘူး​။ ဒါ​တွေက လုပ်သင့်​တဲ့​အလုပ်​တွေပါ။ ​စေတနာမှန်မှန်နဲ့​ လုပ်​ပေး​တယ်ဆိုရင် ကျမတို့​က ကြိုဆိုရမှာဖြစ်ပါတယ်။” စစ်​ကြောင့်​ ထွက်​ပြေး​တိမ်း​ရှောင်​နေကြရတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကိုလည်း​ အခုလို အား​ပေး​တိုက်တွန်း​ စကား​ဆိုပါတယ်။ “စစ်​ကြောင့်​ဖြစ်လာတဲ့​ ဒုက္ခသည်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောရမယ့်​စကား​ နှစ် ခုရှိတယ်။ တခုက​တော့​ သူတို့​ရောက်သွား​တဲ့​ နိုင်ငံ​ပေါ့​။ ဥပမာ ကျမတို့​ ကချင်အမျိုး​သား​တပ်​တွေနဲ့​ ဒီဘက်က တပ်မ​တော်တပ်​တွေနဲ့​ ပြဿနာဖြစ်တဲ့​အချိန်မှာ တရုတ်ပြည်ဘက်ကို ထွက်​ပြေး​သွား​တဲ့​ ဒုက္ခသည်​တွေ ​တော်​တော်များ​တယ်လို့​ ကြား​သိရတယ်။ အဲဒီ​တော့​ ပထမဆုံး​ သတင်း​စကား​ပါး​ရမှာက တရုတ်နိုင်ငံ​ပေါ့​။ ဒီလိုဒုက္ခသည်​တွေ ဝင်လာတဲ့​အခါမှာ ကရုဏာနဲ့​ ဆက်ဆံ​ပေး​ပါ၊​ နား​လည်မှု​ပေး​ပါ။ သူတို့​ဟာလည်း​ သူတို့​ရဲ့​ အိုး​အိမ်​တွေ၊​ ရွာ​တွေ၊​ မြို့​တွေကို စွန့်​ပြီး​သွား​ချင်တာ မဟုတ်ပါဘူး​။ ဒီလို ဒုက္ခ​တွေကို မခံနိုင်ဘူး​။ ဒုက္ခသည်ဆိုတာ ဒုက္ခ​တွေကို သယ်ပြီး​ပြေး​ရတာပါ။ တခြား​သယ်စရာမရှိဘူး​။ ကိုယ့်​အိမ်လည်း​ ပစ်ခဲ့​။ ကိုယ့်​ရွာလည်း​ ပစ်ခဲ့​၊​ ဒုက္ခ​တွေသာ သယ်ပြီး​ပြေး​ရတဲ့​ ဒုက္ခသည်​တွေပါ။ အဲဒါ​ကြောင့်​ ကရုဏာနဲ့​ မြင်ပါ။ တတ်နိုင်သမျှ ကူညီပါဆိုတာ ပထမဆုံး​တော့​ ဒီဒုက္ခသည်​တွေ ​ရောက်သွား​တဲ့​ နိုင်ငံက အကြီး​အကဲ​တွေကို ကျမသတင်း​စကား​ ပါး​ချင်ပါတယ်။ ကျမတို့​ ဒုက္ခသည်​တွေကို​တော့​ ကျမ​ပြောချင်တာက ​မျှော်လင့်​မှုကို မစွန့်​လွှတ်ပါနဲ့​။ ကျမတို့​အား​လုံး​ ဒီနိုင်ငံကို ဆန္ဒမရှိဘဲနဲ့​ စွန့်​ခွာသွား​တဲ့​ လူမှန်သမျှ အား​လုံး​ပြန်လာနိုင်​အောင်လို့​ ကျမတို့​ ဆက်ကြိုး​စား​ပါမယ်။ ဒီဒုက္ခသည်​တွေရဲ့​ အ​ခြေအ​နေ၊​ ဒုက္ခသည်​တွေ ခံစား​နေရတဲ့​ အ​ခြေအ​နေ​တွေကို မသိတဲ့​လူ​တွေဆိုတာ မရှိကြပါဘူး​။ ဒီနိုင်ငံမှာ သိကြပါတယ်။ ကမ္ဘာကလည်း​ သိကြပါတယ်။ ကူညီချင်တဲ့​လူ​တွေလည်း​ အများ​ကြီး​ ရှိကြပါတယ်။ ဒါ​ကြောင့်​ ​မျှော်လင့်​ချက်ကို မစွန့်​လွှတ်ပါနဲ့​။ သတ္တိ​မွေး​ပါ။ ကိုယ်​ရောက်သွား​တဲ့​ နိုင်ငံက ပုဂ္ဂိုလ်​တွေကိုလည်း​ ကိုယ့်​ကို ဒီလိုလက်ခံတဲ့​အတွက် ​ကျေး​ဇူး​တရား​နဲ့​ ဆက်ဆံပါ။ ကျမတို့​ တ​နေ့​ကျလို့​ရှိရင် ကျမတို့​ တိုင်း​ရင်း​သား​များ​ အား​လုံး​ဟာ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့​ ​နေနိုင်တဲ့​ ပြည်​ထောင်စုကြီး​ကို ထူ​ထောင်ဖို့​ ကြိုး​စား​နေပါတယ် ဆိုတာကို မ​မေ့​ပါနဲ့​။” နောက်ဆုံး​အ​နေနဲ့​ ရင်ဆိုင်တိုက်​နေကြတဲ့​ နှစ်ဘက်စစ်သည်​တွေကို အခုလို တိုက်တွန်း​သွား​ပါတယ်။ “ကျမရဲ့​ စိတ်ထဲမှာ​တော့​ ဘယ်သူမှ တကယ်​တော့​ တခြား​လူတ​ယောက်ကို တိုက်ခိုက်ချင်တဲ့​ စိတ်ရှိမယ်လို့​ မထင်ဘူး​။ အဲဒီလို လူ​တွေအချင်း​ချင်း​ သဘာဝအရ တိုက်ချင်ခိုက်ချင်တဲ့​ ပုဂ္ဂိုလ်များ​ဟာ အင်မတန်မှ ရှား​ပါတယ်။ ဒီမြန်မာ့​တပ်မ​တော်သား​တွေ​ကော၊​ ကချင်တပ်က တပ်သား​တွေ​ကောက သူတို့​စိတ်ထဲမှာ ဒီလိုစစ်ထွက်တိုက်ရတာ ဘယ်လိုလုပ် စိတ်ချမ်း​သာနိုင်မလဲ။ ကျမစဉ်း​စား​ကြည့်​တာ၊​ စစ်ထွက်တိုက်တယ်ဆိုတာ ကိုယ့်​အသက်လည်း​ ​ပျောက်ဆုံး​သွား​နိုင်တယ်။ အသက်မ​ပျောက်ဆုံး​တာ​တောင်မှ ဒုက္ခိတ ဖြစ်သွား​နိုင်တယ်။ ဒီလို ကိုယ်က​နေ ဒုက္ခိတဖြစ်သွား​လို့​ အ​နောက်က​နေ ဒုက္ခ​ရောက်မယ့်​ ကိုယ့်​မိသား​စု​တွေ ရှိမယ်။ အဲဒီ​တော့​ ဘယ်တပ်သား​တွေက ဒီလိုအလုပ်မျိုး​ကို လုပ်ချင်ပါ့​မလဲ။ ​နောက်ပြီး​ ကျမတို့​က အချင်း​ချင်း​တွေ၊​ အပြင်လူကိုလည်း​ တိုက်​နေတာ မဟုတ်ဘူး​။ ကချင်တပ်သား​တွေ​ကော၊​ ဗမာ့​တပ်မ​တော် တပ်သား​တွေ​ကော ကျမတို့​ အား​လုံး​ဟာ ဒီပြည်​ထောင်စုကြီး​ရဲ့​ သား​သမီး​တွေ အား​လုံး​ဖြစ်တယ်။ အဲ​တော့​ ကျမတို့​က တမိသား​စုပဲ။ ကိုယ့်​မိသား​စု အချင်း​ချင်း​ကို ပြန်ပြီး​တော့​ တိုက်ခိုက်​နေသလို၊​ ပြန်ပြီး​တော့​ ဒုက္ခ​ပေး​နေသလို သတ်ဖြတ်​နေသလို ဖြစ်​နေတဲ့​ ကိစ္စက ဘယ်သူ့​အတွက်မှ စိတ်ချမ်း​မြေ့​စရာ ​ကောင်း​တယ်လို့​ ကျမမထင်ဘူး​။ အဲဒီ​တော့​ ကျမက​တော့​ ဟိုဘက်ဒီဘက် တပ်သား​တွေကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ ထား​စေချင်တယ်။ ကျမတို့​အား​လုံး​က ဒီနိုင်ငံသား​တွေပါ။ ဒီလိုအ​ခြေအ​နေမှာ ကိစ္စရပ်အမျိုး​မျိုး​ကြောင့်​၊​ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ အချင်း​ချင်း​ကို တိုက်ခိုက်​နေရ​ပေမယ့်​ တ​နေ့​တချိန်တခါမှာ ကျမတို့​ဟာ တကယ့်​ညီရင်း​အစ်ကို​တွေသဖွယ် ပြန်ပြီး​လက်တွဲရမယ့်​လူ​တွေ ဖြစ်တယ်ဆိုတာကို ဘယ်​တော့​မှ မ​မေ့​ပါနဲ့​၊​ နာကြည်း​စိတ် မဝင်ပါ​စေနဲ့​၊​ ဘယ်လိုစိတ်မျိုး​ ဝင်ရမလည်း​ဆိုရင် ​နောင်ငါတို့​ ဒါမျိုး​တွေ မဖြစ်​အောင် ငါတို့​ တတ်နိုင်သမျှ ကြိုး​စား​သွား​မယ်ဆိုတဲ့​ စိတ်ကိုသာ ခိုင်မာ​အောင်လုပ်ပါလို့​ ကျမက​တော့​ တိုက်တွန်း​ချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024