DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်သည် အဆင်းရဲဆုံးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ
DVB
·
June 30, 2011
ချင်းပြည်နယ်သည် အဆင်းရဲဆုံးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ
Donate to DVB

မြန်မာပြည်ထဲ ဆင်းရဲနွမ်းပါးမှု အများဆုံးဒေသဟာ ချင်းပြည်နယ် ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ယူအန်ဒီပီနဲ့ မြန်မာအစိုးရ စီမံကိန်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

[caption id="attachment_11862" align="alignright" width="240" caption="ချင်းပြည်နယ်"][/caption]

အဲ့ဒီစစ်တမ်းအရ ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်းနဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး သူ့နောက်မှာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ အစဉ်လိုက် ရပ်တည်နေကြောင်း တွေ့ရပါတယ်။

ဆင်းရဲနွမ်းပါးဆုံး ပြည်နယ်အဖြစ် ချင်းပြည်နယ် တည်ရှိနေတာနဲ့ ပတ်သက်ပြီး ချင်းတိုးတက်ရေးပါတီက အတွင်းရေးမှူး ဦးဒိုင်ထုန်းက ချင်းပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစနိမ့်ကျနေပြီး အထူးသဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးဖို့ လိုမယ်လို့ ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ပညာရေးကို ပထမဆုံး ဦးစားပေးစေချင်တယ်။ ပညာရေးကို အမြန်ဆုံး အဆင့်မြှင့်ချင်တယ်။ ဒုတိယမှာ ကျန်းမာရေးပေါ့။ ပညာရေးမှာ ကလေးတွေ အကုန်လုံး စာတတ်မြောက်ရင်တော့ နောက် ၁၀ နှစ်၊ ၁၅ နှစ်ဆိုရင် ပညာတတ်တွေ ပေါ်လာမှာပေါ့။ အဲဒီအတွက်ပါ။”

ပညာရေးမြှင့်ဖို့ အစိုးရပိုင်းက လုပ်ဆောင်ပေးရမယ့် အချက်တွေကိုလည်း အခုလို ပြောပါတယ်။

“အစိုးရပိုင်းက ဆရာကောင်းကောင်တွေ ထားပေးဖို့ လိုမယ်၊ အောက်ခြေမှာဆိုရင် အခမဲ့ ပညာသင်ကြားရေးပေါ့။ ဒါတွေ လုပ်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ လူတကာ ချောင်လည်အောင်ပေါ့။ ကလေးတွေ ပညာရေး တတ်နိုင်အောင်၊ ဆေးကုနိုင်အောင် အဲဒီအပိုင်းမှာလည်း အများကြီး လိုမယ်။ အစိုးရအပိုင်းက လုပ်ပေးဖို့ အများကြီး လိုမယ်။ ပြည်သူကလည်း ကြိုးစားဖို့ လိုမှာပေါ့နော်။”

ချင်းပြည်နယ်ထဲ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ဖြည့်ဆည်းပေးဖို့ လိုအပ်ချက်တွေကို ပြီးခဲ့တဲ့ လွှတ်တော်ထဲ တင်ပြဆွေးနွေးခဲ့ပေမယ့် ခုချိန်ထိ ထိထိရောက်ရောက် ဖြည့်ဆည်းပေးတာ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှု စစ်တမ်းကောက်ယူတဲ့နေရာမှာ အိမ်ထောင်စု တစုချင်းအလိုက် ကောက်ယူတာ ဖြစ်ပါတယ်။ နေထိုင်မှု အခြေအနေ၊ ၀င်ငွေ၊ အလုပ်အကိုင် အနေအထားစတဲ့ အချက်တွေအပေါ် အခြေခံထား ကောက်ယူတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013