DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေ တပ်ရင်း ၉ ကို အစိုးရတပ်က သိမ်းပိုက်
DVB
·
October 26, 2015
ကေအိုင်အေ တပ်ရင်း ၉ ကို အစိုးရတပ်က သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ ကေအိုင်အေတပ်ရင်း ၉ ကို အစိုးတပ်က ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်လိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက အဲဒီတပ်ရင်း ၉ ဒေသတ၀ိုက်မှာ အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မနေ့မနက်ပိုင်းက သိမ်းဆည်းသွားတာလို့ ကေအိုင်အေတပ်က ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။

“ဒီလ ၂၃ - ၂၄ လောက်ကနေ စဖြစ်တာ။ နှစ်ဘက် ဒဏ်ရာရတယ်၊ ကျဆုံးတယ်ဆိုတာတော့ တိတိကျကျတော့မရဘူး။ ဒါပေမယ့် သုံးလေးရက် ဆက်တိုက်ဖြစ်တာဆိုတော့ နှစ်ဘက်ကတော့ နစ်နာတယ်။ ကျဆုံးတာတော့ နည်းနည်းပါးပါးတော့  ရှိတယ်လို့ထင်တယ်။”

ကေအိုင်အေ တပ်မဟာ ၄ တပ်ရင်း ၉ ဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာရှိပြီး မနေ့ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်က အစိုးရတပ်က  စစ်မျက်နှာ ၈ ခု၊ စစ်အင်အား အလုံးအရင်းနဲ့ လာရောက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်တာလို့ ကချင်လူမှုကွန်ရက် စာမျက်နှာမှာလည်း ရေးသားထားပါတယ်။

ဗိုလ်မှူးကြီးနော်ဘိုကတော့ ဒါဟာ ကေအိုင်အေရဲ့ ရှေ့တန်းတပ်စခန်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013