DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသတွင် တိုက်ပွဲများပြန်စ
DVB
·
October 26, 2015
ကိုးကန့်ဒေသတွင် တိုက်ပွဲများပြန်စ
Donate to DVB

မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ အခုရက်ပိုင်းတွေအတွင်း အစိုးရတပ်တွေနဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ တရက်တည်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့  မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (အမ်အဲန်ဒီအေအေ) ကိုးကန့်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“တနေ့တုန်းကဆိုရင် တော်တော်ပြင်းထန်ပါတယ်။ ဖြစ်တာကတော့ အဓိက နယ်စပ်  ဘီဘီ ၁၁၁ နဲ့ ဘီပီ ၁၁၃ အကြားဖြစ်တာ။ သူတို့လာပြီးတော့ ထိုးစစ်ဆင်တာ။ အချိန်လည်း တော်တော်ကြာပါတယ်။ တပွဲဆိုရင် ၂ နာရီခွဲ ၃ နာရီလောက်ကြာတယ်။ အားလုံးပေါင်း ၄ ကြိမ်ဖြစ်တယ်။”

လတ်တလောတိုက်ပွဲတွေအတွင်း နှစ်ဘက်စစ်သည်တွေ သေဆုံး ထိခိုက်ဒဏ်ရာရမှု ဘယ်လောက်ရှိသလဲ ဆိုတာတော့ မသိရသေးပါဘူး။

ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလကစပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း  နှစ်ဘက် ရာနဲ့ချီတဲ့ စစ်သည်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့အတွက် အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတာကို လာမယ့် နိုဝင်ဘာ ၁၇ ရက်ထိ နောက်ထပ် ရက်ပေါင်း ၉၀ တတိယအကြိမ် ထပ်တိုးထားရပါတယ်။

ကေအန်ယူ အပါအ၀င် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား အောက်တိုဘာ ၁၅ ရက်နေ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပေမယ့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွေမှာတော့ တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013