ဒေါ်အောင်ဆန်းစုကြည် အဖျောက်ကျေးရွာ ဟောပြောပွဲမလုပ်ခင် မြင်ကွင်း (ဓာတ်ပုံ)
DVB
·
October 24, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖျောက်ကျေးရွာ ဘောလုံးကွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ညနေ သုံးနာရီ ဟောပြောမှာဖြစ်ပြီး ကော့မှူးမြို့မှာ ညအိပ်မှာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ကော့မှူးမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ပုပ္ပါးရွာနဲ့မှော်တောရွာတွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး ကျိုက်ထော်မှာ ခတ္တနားနေတာဖြစ်ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ ကော့မှူးမြို့ အရှေ့ဘက်ခြမ်းဖြစ်တဲ့ ကျုံဒရယ်၊ သခွပ်နဲ့လက်ခုပ်ကုန်းရွာတွေကို ဟောပြောမှာဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်သူ