A d v e r t i s e m e n t With Us

မြို့​ကြီး​သုံး​မြို့​ ဗုံး​ဖောက်သူ ၃ ဦး​ကို အစိုး​ရထုတ်ပြန်

ဒီလ ၂၄ ရက်​နေ့​က အစိုး​ရရုံး​စိုက်ရာ ​နေပြည်​တော်၊​ မန္တ​လေး​နဲ့​ ပြင်ဦး​လွင်မြို့​တွေမှာ ​ရှေ့​ဆင့်​နောက်ဆင့်​ ​ပေါက်ကွဲမှုသုံး​ခုကို ပူး​ပေါင်း​ဆောင် ရွက်ကြသုံး​ဦး​ရဲ့​ နာမည်စာရင်း​ကို အစိုး​ရက ဒီက​နေ့​ သတင်း​ထုတ်ပြန်လိုက်ပါတယ်။ ဒီလူ​တွေ ဖမ်း​ဆီး​ရမိခြင်း​မရှိ​သေး​ဘဲ ဖမ်း​မိ​အောင် ကူညီကြပါလို့​ ပြည်သူ​တွေကို ​မေတ္တာရပ် လိုက်ပါတယ်။ ဒီသုံး​ဦး​ဟာ အသက် ၂၅ နှစ်အရွယ် စိုင်း​ဆမ်၊​ စိုင်း​အိုက်နဲ့​ စိုင်း​ကျော်မြင့်​ဦး​တို့​ ဖြစ်ပြီး​ အိမ်ငှား​စရိတ်အပါအဝင် ​နေရာသုံး​ခုစလုံး​ရဲ့​ ​ပေါက်ကွဲမှုအတွက် စုစု​ပေါင်း​ သိန်း​ (၁၀၀) ​ကျော် သုံး​စွဲခဲ့​တယ်လို့​ ဆိုပါတယ်။ ဒီ​ပေါက်ကွဲမှု​ကြောင့်​ ကား​တစီး​ ​နေအိမ် နှစ်လုံး​ ပျက်စီး​ခဲ့​ပြီး​ လူ ၃ ဦး​ ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့​လည်း​ အစိုး​ရက သတင်း​ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up