လမ်းစည်းကမ်းမဲ့ မောင်းနှင်သည့် ကွန်တိန်နာယာဉ်များကို ဖမ်းဆီး
DVB
·
October 21, 2015
ရန်ကုန်မြို့တွင်း စည်းကမ်း လိုက်နာမှု မရှိတဲ့ ကွန်တိန်နာတွေ၊ ကုန်တင်ယာဉ်တွေနဲ့ သစ်လုံးတင်ယာဉ်တွေကို သက်ဆိုင်ရာဌာနတွေက စုပေါင်းထားတဲ့ အဖွဲ့ ၃ ဖွဲ့က အလှည့်ကျ လှည့်လည် ဖမ်းဆီးနေပါတယ်။
ရန်ကုန်မြို့တွင်း အများပြည်သူ သွားလာတဲ့နေရာတွေမှာ ကွန်တိန်နာကားတွေဟာ စည်းကမ်းတကျ မောင်းနှင်မှုမရှိသလို သတ်မှတ်ထားတဲ့ ဧရိယာပြင်ပမှာ မောင်းနှင်သွားလာမှုတွေ ရှိတဲ့အတွက် အများပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့နေရတာကြောင့် အခုလို ဖမ်းဆီးနေတာလို့ သိရပါတယ်။
ကွန်တိန်နာ ယာဉ်တွေကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ မောင်းနှင်သွားလာခွင့် ပြုထားချိန်ဖြစ်တဲ့ မနက် ၈ နာရီက ၁၀ နာရီ အတွင်း နဲ့ ညနေ ၃ နာရီကနေ ၅ နာရီ အတွင်း၊ တချို့လမ်းပိုင်တွေမှာ ည ၇ နာရီခွဲကနေ မနက် ၅ နာရီ ခွဲ အထိ မောင်းနှင်ခွင့် ပြုထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာလည်း ကွန်တိန်နာ ကားတိမ်းမှောက်မှုတွေ များလာပါတယ်။