A d v e r t i s e m e n t With Us

၉ နှစ်အရွယ်က​လေး​ငယ်ကို ဆိုင်ရှင်က နှိပ်စက်

ဧရာဝတီတိုင်း​ ဟင်္သတမြို့​က You & Me လက်ဖက်ရည်ဆိုင်မှာ စာပွဲထိုး​အဖြစ် အလုပ်လုပ်​နေတဲ့​ ၉ နှစ်သား​ ​မောင်ထိပ်ကွက်ကို အလုပ်ရှင်က ရိုက်နက်ပြီး​ လျှပ်စစ်မီး​ပူနဲ့​ ​ပေါင်နဲ့​ကျောကိုထိုး​တဲ့​အတွက် လက်ရှိ ဟင်္သာတ ​ဆေး​ရုံမှာ ကုသမှု ခံယူ​နေရပါတယ်။ ဖြစ်ပွား​ပုံက အခုလ ၂၇ ရက်​နေ့​က ​မောင်ထိပ်ကွက်ဟာ ဆိုင်ရှင်ရဲ့​အလှ​မွေး​ ​ခွေး​ကို တုတ်နဲ့​ ရိုက်လို့​ဆိုပြီး​ ဆိုင်ရှင်သမက်က ရိုက်နှက်နှိပ်စက်တာလို့​ ဟင်္သာတမြို့​ခံ တဦး​က ​ပြောပါတယ်။ “ဟင်္သာတမြို့​ ဦး​ပါရဲဘုရား​ရှေ့​မှာ ညပိုင်း​ ​ရောင်း​တဲ့​ You & Me လက်ဖက်ရည်ဆိုင်ဆိုတာ ရှိတယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တဲ့​ ​ကောင်​လေး​က ၉ နှစ်သား​ ​ကောင်​လေး​။ အဲဒီ​ကောင်​လေး​က လက်ဖက်ရည်ဆိုင် ပိုင်ရှင်ရဲ့​ အလှ​မွေး​ထား​တဲ့​ ​ခွေး​လေး​ကို သူက တုတ်နဲ့​ ရိုက်လိုက်မိလို့​ ဆိုပြီး​တော့​ အဲဒီ ဆိုင်ပိုင်ရှင်ရဲ့​ ဆိုင်ပိုင်ရှင်သမက်​ကောင်​လေး​က​နေပြီး​တော့​ ဒီ ၉ နှစ်အရွယ် အလုပ်သမား​ကောင်​လေး​ကို လက်ပြန်ကြိုး​တုပ်ပြီး​တော့​ လက်သီး​တွေနဲ့​ထိုး​ပြီး​တော့​ လျှပ်စစ်မီး​ပူနဲ့​ ​ကျောကုန်း​ကို ကပ်တာ ​ဆေး​ရုံတင်ထား​ရတယ်။ အပူ​လောင်တဲ့​ ​နေရာ​တွေက၊​ ​ပေါင်း​အတွင်း​ပိုင်း​တို့​ ​ကျောကုန်း​တို့​က။” မောင်ထိပ်ကွက်ဟာ မိဘမဲ့​က​လေး​ငယ်တဦး​ဖြစ်ပြီး​ သူ့​ဆွေမျိုး​တွေက အဲဒီလက်ဖက်ရည်ဆိုင်မှာ အလုပ်သွင်း​ပေး​ထား​တာ ဖြစ်ပါတယ်။ ​ကျောင်း​နေအရွယ် က​လေး​ငယ်ဖြစ်မယ့်​ မိဘနှစ်ပါး​လုံး​ မရှိ​တော့​လို့​ You & Me လက်ဖက်ရည်ဆိုင်မှာပဲ စား​ပွဲထိုး​အဖြစ်လုပ်ပြီး​ အဲဒီဆိုင်မှာပဲ ညအိပ်ည​နေ ​နေတာလို့​ ဆိုပါတယ်။ အရွယ်မ​ရောက်​သေး​တဲ့​ က​လေး​ငယ်ကို အခုလို နှိပ်စက်တာနဲ့​ပတ်သက်ပြီး​ ​ဒေသခံ​တွေက ရဲစခန်း​ကို သွား​ရောက်အမှုဖွင့်​ခဲ့​ပေမယ့်​ ရဲက နာကျင်​စေမှုနဲ့​သာ အမှုဖွင့်​ပေး​ခဲ့​ပါတယ်။ က​လေး​ငယ် ရိုက်နှက်နှိပ်စက်ရခံမှုအ​ပေါ် ဒီထက်ပြင်း​ထန်တဲ့​အမှုနဲ့​ အ​ရေး​ယူသင့်​ကြောင်း​လည်း​ ဟင်္သာတမြို့​ခံက ဆက်​ပြောပါတယ်။ “ဒါ တမင် သက်သက် လူသား​တ​ယောက်ကို လူမဆန်စွာ ညှဉ်း​ပန်း​နှိပ်စက်တာ ဆို​တော့​ ပြင်း​ထန်တဲ့​ အ​ရေး​ယူမှုလည်း​ ပြုလုပ်​စေချင်တယ်။ ဒီက​လေး​ရဲ့​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​တာကို သက်ဆိုင်ရာ တရား​ရုံး​က​နေပြီး​တော့​ ​လျော်​ကြေး​ငွေ ဆိုတာမျိုး​ ​ပေး​ဖို့​ သတ်မှတ်​ပေး​စေချင်တယ်။ ပုဒ်မ ၃၂၄ ဆိုတာ လူတိုင်း​ကို တတ်​ပေး​နေတဲ့​ ပုဒ်မပဲ။ ​တော်ကြာ သူက စီရင်ချက် ချ​ပေး​တယ်ဆိုရင် ဒဏ်​ငွေ​ဆောင်ရင် ပြီး​တာပဲ။ အဲဒါ ကျ​နော်တို့​က ဒီလို ​ပေါ့​ပျက်ပျက်အမှုမျိုး​ မဖြစ်​စေချင်ဘူး​ပေါ့​။ တမင်တကာ လက်ပြန်ကြိုး​တုပ်ပြီး​တော့​ နှိပ်စက်တယ်ဆို​တော့​ ဒါ က​လေး​သူငယ်များ​ဆိုင်ရာ ဥပ​ဒေအရဆိုရင်လည်း​ပဲ အများ​ကြီး​ ဥပ​ဒေ​တွေ ချလို့​ရတာပဲ။ ဒါလည်း​ ပြင်း​ထန်တဲ့​ ပုဒ်မမျိုး​ တတ်ရင် ရတာ​ပေါ့​။ လုံး​ဝ လူမဆန်တဲ့​ နှိပ်စက်ညှဉ်း​ပန်း​မှုမျိုး​နဲ့​ မီး​ပူနဲ့​ပါ ​ကျောကုန်း​ကို ကပ်ပြီး​တော့​ ​ဆေး​ရုံတင်​လောက်တဲ့​ အဆင့်​အထိ ဖြစ်တဲ့​အမှုကို ဘာဖြစ်လို့​ ရိုး​ရိုး​နာကျင်​စေမှု ဖွင့်​ရတာလဲ။ အဲဒါကို ကျ​နော်တို့​ ဧရာဝတီတိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​သိန်း​အောင် ကိုယ်တိုင်လည်း​ သိ​စေချင်တယ်။ ​နောက်ပြီး​တော့​ ကျ​နော်တို့​ မြန်မာနိုင်ငံမှာ ဆင်း​ရဲမွဲ​တေမှု ပ​ပျောက်​ရေး​ ဘာညာ ​အော်ဟစ်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်ကိုလည်း​ သိ​စေချင်တယ်။”

A d v e r t i s e m e n t With Us

More News
Up