A d v e r t i s e m e n t With Us

ရောင်း​စား​ခံရသူ မြန်မာ ၃ ဦး​ကို ထိုင်း​ရဲ ကယ်တင်

ထိုင်း​နိုင်ငံ ဘန်​ကောက်မှာ အလုပ်လုပ်​နေရာက​နေ ဖမ်း​ဆီး​ရောင်း​စား​ခံရတဲ့​ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​ (၃) ဦး​ကို ရဲက ဒီက​နေ့​ ​နေ့​ခင်း​မှာ လူကုန်ကူး​သူ​တွေ လက်က​နေ ကယ်ထုတ်နိုင်ပြီး​ ပတ်သက်သူ​တွေကိုလည်း​ ဖမ်း​ဆီး​လိုက်ပါတယ်။ ဘန်​ကောက်မြိုနဲ့​ မဟာချိုင်ကိုအသွား​ လမ်း​မှာရှိတဲ့​ ဘန်​ဘော်အရပ်က ငါး​သေတ္တာစက်ရုံမှာ အလုပ်လုပ်​နေတဲ့​ မြန်မာသုံး​ဦး​ဟာ ပြီး​ခဲ့​တဲ့​ တနင်္ဂ​နွေ​နေ့​ ည​နေက လမ်း​လျှောက်ထွက်ရာ ရဲကဖမ်း​ဆီး​ပြီး​ စခန်း​ကို ​ခေါ်သွား​ရာက​နေ လူကုန်ကူး​သူ​တွေ လက်ထဲကို​ရောက်ပြီး​ လွှဲ​ပြောင်း​ရောင်း​ချမှု ဖြစ်ခဲ့​တာပါ။ ဖြစ်စဉ်က ရဲက သူတို့​သုံး​ဦး​ကို ထပ်ခန်းရဲစခန်း​ကို ​ခေါ်ပြီး​ အ​ထောက်အထား​ ပြခိုင်း​လို့​ ပါလာတဲ့​ ​ဆေး​စစ်လက်မှတ်ထုတ်ပြပြီး​ လက်မှတ်လုပ်ထား​ဆဲလို့​ ​ပြောခဲ့​တယ်လို့​ ဆိုပါတယ်။ ထို့​နောက် ဖမ်း​တဲ့​ရဲ​တွေက သူတို့​သုံး​ဦး​ကို မြန်မာပြည်​ပေါက် ကုလား​လေး​နှစ်ဦး​ထံ ​ငွေရှစ်​ထောင်နဲ့​ ​ရောင်း​စား​ခဲ့​ပါတယ်။ ရောင်စား​ခံရပြီး​ ပြန်လွတ်လာသူ (၃) ဦး​က ​မောင်​ဗျောက်အိုး​-၁၈ နှစ်၊​ ကို​ကျော်- ၃၀ နှစ် နဲ့​ ​မောင်အိုး​ ၁၉ နှစ် တို့​ ဖြစ်ပါတယ်။ သူတို့​သုံး​ဦး​ ပြန်လွတ်​အောင် ရဲအကူအညီနဲ့​ အန္တရာယ်ကြား​ကို စွန့်​စား​ပြီး​ လူပွဲစား​တွေ ချိန်း​ဆိုတဲ့​နေရာကို သွား​ရောက်ခဲ့​သူ ​မောင်​ဗျောက်အိုး​ရဲ့​ အစ်မ မ​မေသဇင်ဦး​က ဖြစ်စဉ်ကို ခုလို ​ပြောပါတယ်။ “သူတို့​ကို ဖမ်း​တဲ့​ပုလိပ်နှစ်​ယောက်က ​မော်​တော်ဆိုင်ကယ်နဲ့​။ တ​ယောက်က ပုလိပ်အင်္ကျီနဲ့​၊​ တ​ယောက်က အရပ်သား​အင်္ကျီနဲ့​။ ဘတ် (အလုပ်သမား​လက်မှတ်) ရှိလား​ ​မေး​တော့​ ​မောင်​လေး​တို့​က မရ​သေး​ဘူး​။ ​ဆေး​စစ်ထား​တာရှိတယ်ဆိုပြီး​ပြ​တော့​ ဖြဲလိုက်တယ်။ အဲဒီ​နောက် ကား​တစီး​နဲ့​ ထပ်ခန်း​ပုလိပ်ရုံး​ကို ​ခေါ်သွား​တယ်။ စခန်း​ရောက်​တော့​ ​မောင်နှမ​တွေနဲ့​ ဆက်သွယ်ခိုင်း​တယ်။ ​မောင်​လေး​တို့​က ဗြုန်းခ​နဲဆို ဖုန်း​နံပါတ်လည်း​ မရဘူး​။ ဖုန်း​လည်း​မရှိဘူး​ဆို​တော့​ ပုလိပ်က သူ့​အချိတ်အဆက်နဲ့​ ပဲ​ပေါ့​နော်၊​ ကုလား​နှစ်​ယောက်က ​မောင်​လေး​တို့​ကို လာ​ရွေး​သွား​တယ်တဲ့​။ အဲဒီကုလား​လေး​တွေက ကျမတို့​ကို ဖုန်း​ဆက်လာတယ်။ ​မောင်​လေး​တို့​ကို ပုလိပ်ဆီက​နေ သွား​ရွေး​လာတယ်။ အခု တ​ယောက်ငါး​ထောင်နဲ့​ လာပြန်​ရွေး​တဲ့​။ ကျမ​မောင်​လေး​ရဖို့​ သွား​စောင့်​ပေမယ့်​ မတွေ့​ဘူး​။” ဒီ​နောက် အဲဒီကုလား​လေး​တွေက မွန်လူပွဲစား​တွေထံ တခါထပ်​ရောင်း​ပါတယ်။ အဲဒီ မွန်လူပွဲစား​တွေက တ​ယောက်ကို တ​သောင်း​ခြောက်​ထောင်နဲ့​ ပြန်လာ​ရွေး​ဖို့​ မိသား​စုကို ကမ်း​လှမ်း​ပြီး​ လာမ​ရွေး​ရင် ပင်လယ်ပြင် ငါး​ဖမ်း​လှေ​တွေမှာ ပြန်လည်​ရောင်း​စား​လိုက်မယ်လို့​ ခြိမ်း​ခြောက်တယ်လို့​ အစ်မဖြစ်သူက ​ပြောပါတယ်။ ဒီလိုနဲ့​ ရဲကိုအကူအညီ​တောင်း​ပြီး​ မဟာချိုင်က လူပွဲစား​တွေရဲ့​ ချိန်း​ဆိုတဲ့​အတိုင်း​ မမေသဇင်ဦး​က ​ငွေသွား​အ​ပေး​မှာ ​နောက်​ယောင်ခံလိုက်တဲ့​ ရဲက ​ရောင်စား​ခံရသူ (၃) ဦး​လုံး​ကို ပြန်လည်ကယ်တင်နိုင်ခဲ့​တာ ဖြစ်ပြီး​ မွန်ပွဲစား​ (၃) ဦး​ကိုလည်း​ ဖမ်း​ဆီး​ရမိခဲ့​ပါတယ်။ မြန်မာ​တွေကို ဖမ်း​ပြီး​ လူပွဲစား​ထံက​နေ ​ငွေယူ လွှဲ​ပေး​ခဲ့​တဲ့​ ထိုင်း​ရဲ​တွေဟာလည်း​ မ​မေသဇင်တို့​ သွား​ရောက် အကူအညီ​တောင်း​တဲ့​ ထပ်ခန်း​ရဲစခန်း​ကပဲ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ရဲ​တွေက စခန်း​တာဝန်ရှိရဲ​တွေရဲ့​ ဓာတ်ပုံအယ်လ်ဘန်ကို ​ရောင်း​စား​ခံရတဲ့​ လူငယ်​တွေကို ပြသခိုင်း​ပြီး​ ဆက်လက်စိစစ်​နေတယ်လို့​ ဆိုပါတယ်။ မ​မေသဇင်ဦး​က မြန်မာပြည်သား​သုံး​ဦး​ ပြန်လည်လွတ်​မြောက်​အောင် ကူညီ​ဆောင်ရွက်​ပေး​တဲ့​ ထိုင်း​ရဲ​တွေရဲ့​ ကူညီမှုအ​ပေါ် ​ကျေး​ဇူး​အထူး​တင်ရှိပါတယ်လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up