A d v e r t i s e m e n t With Us

အဖွဲ့​ချုပ်နိုင်ငံ​ရေး​လှုပ်ရှား​မှု ရပ်ရန် ပြည်ထဲ​ရေး​ အ​ကြောင်း​ကြား

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​နေနဲ့​ နိုင်ငံ​ရေး​ပါတီတခုလို ဆက်လက် မလုပ်​ဆောင်​တော့​ဖို့​ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်​ရွှေတို့​ထံ အ​ကြောင်း​ကြား​လိုက်ပါတယ်။ ဒီအ​ကြောင်း​ကြား​စာကို ဒီ​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ထည့်​သွင်း​ထား​ရာမှာ- အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​ပါတီအဖြစ်က ပယ်ဖျက်ပြီး​ ဖြစ်လျက်နဲ့​ နိုင်ငံ​ရေး​ပါတီတရပ်ရဲ့​ လုပ်ငန်း​တွေကို ဆက်လုပ်​နေတာကို ရပ်တန့်​ဖို့​ ပါတီဥက္ကဋ္ဌ ဦး​အောင်​ရွှေနဲ့​အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ထံကို မ​နေ့​က ရက်စွဲနဲ့​ စာပို့​ခဲ့​တာဖြစ်ပြီး​ လူမှု​ရေး​လုပ်မယ်ဆို လာ​လျှောက်ပါလို့​ ကမ်း​လှမ်း​ပါတယ်။ ဒီစာဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လက်ရှိအစိုး​ရကို အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ခဲ့​ပြီး​တဲ့​နောက် အစိုး​ရဘက်က တုံ့​ပြန်ချက်လည်း​ ဖြစ်ပါတယ်။ ၂၀၁၀ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ကော်မရှင်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​အတူ ခွန်ထွန်း​ဦး​ ဦး​ဆောင်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါအဝင် ပါတီငါး​ခုကို ပါတီထပ်မံမှတ်ပုံမတင်တာ​ကြောင့်​ ဖျက်သိမ်း​ကြောင်း​ မနှစ် စက်တင်ဘာ ၁၄ ရက်မှာ ​ကြေညာခဲ့​တာကို ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနရဲ့​စာမှာ ​ထောက်ပြထား​ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ပယ်ဖျက်ပြီး​ဖြစ်​ပေမယ့်​ နိုင်ငံ​ရေး​ပါတီ​တွေ လုပ်ရိုး​အတိုင်း​ ရုံး​ဖွင့်​၊​ အလံထူ၊​ ​ကြေညာချက်ထုတ်ပြန်တာ၊​ နိုင်ငံခြား​အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​တာ၊​ အစည်း​အ​ဝေး​တွေ လုပ်​နေတာဟာ နိုင်ငံ​တော်အစိုး​ရကို ဆန့်​ကျင်​နေတဲ့​သ​ဘော သက်​ရောက်​ကြောင်း​နဲ့​ ဆက်လက် မလုပ်​ဆောင်​တော့​ဖို့​ အ​ကြောင်း​ကြား​တာလို့​ ​ရေး​ထား​ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ သူတို့​ပါတီဟာ ၁၉၈၈ ခုနှစ်က နိုင်ငံ​တော်ငြိမ်ဝပ်ပိပြား​မှု တည်​ဆောက်​ရေး​အဖွဲ့​ ဥပ​ဒေ ၄ မျဉ်း​စောင်း​ ၈၈ အရ မှတ်ပုံတင်ထား​တဲ့​ နိုင်ငံ​ရေး​ပါတီဖြစ်တယ်၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပယ်ဖျက်ခွင့်​၊​ ဖျက်သိမ်း​ခွင့်​ မရှိဘူး​လို့​ ရပ်တည်ပြီး​ ပါတီကိုပယ်ဖျက်ခြင်း​ဟာ တရား​မဝင်​ကြောင်း​ တရား​ရုံး​တွေမှာ ​လျှောက်ထား​ချက်​တွေကိုလည်း​ ပယ်ချခံခဲ့​ရပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပယ်ဖျက်ပြီး​ပြီလို့​အာဏာပိုင်ဘက်က ​ပြော​နေ​ပေမယ့်​ ​ဒေါ်​အောင်ဆန်း​စုကြည် ပြန်လွတ်ပြီး​တဲ့​နောက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုး​ရတာဝန်ရှိသူ​တွေ၊​ အထူး​သဖြင့်​ အ​မေရိကန်ပြည်​ထောင်စုနဲ့​ ဥ​ရောပသမဂ္ဂအဖွဲ့​ဝင်နိုင်ငံ​တွေက အစိုး​ရအရာရှိကြီး​တွေကို အကြိမ်ကြိမ်​တွေ့​ဆုံခဲ့​သလို ကမ္ဘာ့​မီဒီယာမှာလည်း​ ​နေရာယူထား​ပါတယ်။ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နိုင်ငံ​ရေး​ပါတီ​တွေကိုလည်း​ ဒီမိုက​ရေစီ​ရေး​အတွက် ပူး​ပေါင်း​ဆောင်ရွက်ရ​အောင် ကမ်း​လှမ်း​ခဲ့​သလို သမ္မတဦး​သိန်း​စိန်အစိုး​ရကို အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ အတွက် နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up