DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် လဲချားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
DVB
·
October 19, 2015
ရှမ်းပြည်နယ် လဲချားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
1 / 2
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် ၅ ရှိ ဟိုနောင်လုံကျေးရွာခန်းမ အနီးမှာ အောက်တိုဘာ ၁၇ ရက် ညက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ လဲချားမြို့နယ် ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စနေနေ့ည ၁၀ နာရီခွဲလောက်က ပေါက်ကွဲသံကြားလို့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ သွားစစ်ဆေးခဲ့ပါတယ်။ ရွာအစည်းအဝေးခန်းမရဲ့ အနောက်ဘက် ပေ ၅၀ လောက်မှာ ပေါက်ကွဲတာပါ။ လက်လုပ်ဗုံး အမျိုးအစားလို့ စစ်ဆေးသိရှိရပါတယ်။ လူနဲ့ အဆောက်အဦ တစုံတရာ ထိခိုက်မှုမရှိပါဘူး။"

လဲချားမှာ အခုလို ဗုံးပေါက်ခဲ့ပေမယ့် မြို့တွင်းအခြေအနေ ပုံမှန်လှုပ်ရှား သွားလာနေလျက်ပဲလို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရားခံကို သိရဖို့ ဆက်လက်စုံစမ်းနေတယ်လို့ လဲချားရဲတပ်ဖွဲ့က ပြောပါတယ်။

လဲချားမြို့မှာ ဒီလအတွင်း ဗုံးပေါက်မှု ၂ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ပထမအကြိမ်မှာ ရဲစခန်းအနီး အောက်တိုဘာ ၈ ရက်နေ့က ပေါက်ကွဲတာဖြစ်ပြီး ဘီအေ - ၁၀၉ ဗုံးအမျိုးအစားလို့  စစ်ဆေးတွေ့ရှိကြောင်း၊ ဒါပေမယ့် လူရော အဆောက်အဦပါ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ လဲချားရဲစခန်းက ပြောပါတယ်။

လဲချားမျြို့ ဟိုနောင်လုံရပ်ကွက်ထဲမှာ အောက်တိုဘာ ၁၈ ရက်နေ့က ရှမ်းစာပေဟောပြောပွဲတရပ် ကျင်းပခဲ့ပြီး ဒေသခံတချို့ကတော့ မသမာသူတွေက ဟောပြောပွဲ မဖြစ်စေချင်လို့  ခြိမ်းခြောက်တာ ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013