DVB Logo
Home
နိုင်ငံရေး
ကချင်ပြည်နယ်တွင် တည်ငြိမ်​အေး​ချမ်း​မှု ကင်း​မဲ့
DVB
·
June 29, 2011
ကချင်ပြည်နယ်တွင် တည်ငြိမ်​အေး​ချမ်း​မှု ကင်း​မဲ့
Donate to DVB

ကချင်ပြည်နယ် မြို့​တော် မြစ်ကြီး​နား​မြို့​မှာ ညမထွက်ရ အမိန့်​မထုတ်ထား​သော်လည်း​ ​ဒေသခံလူထုတို့​မှာ ည​ရေး​ညတာ အပြင်ထွက်ဖို့​ ခက်​နေပြီး​ ညစဉ်ဖမ်း​ဆီး​မှု​တွေလည်း​ရှိ​နေလို့​ ​ဒေသခံလူထုတို့​မှာ စိုး​ရိမ်ထိတ်လန့်​ ​နေကြပါတယ်။

မြစ်ကြီး​နား​မြို့​ခံတဦး​က “မြစ်ကြီး​နား​မြို့​ထဲမှာလည်း​ ညတိုင်း​လိုလို ဖမ်း​ဆီး​မှု​တွေ များ​နေတယ်။ ဧည့်​စာရင်း​စစ်ပြီး​ မသင်္ကာဘူး​ဆိုပြီး​ ​ခေါ်သွား​တယ်။ ဘယ်​ခေါ်သွား​လဲ မသိဘူး​၊​ ​ထောက်လှမ်း​ရေး​ ​ခေါ်သွား​သလား​၊​ ရဲစခန်း​ခေါ်သွား​သလား​ ဘယ်​နေရာ​ခေါ်သွား​လဲ မသိဘူး​၊​ အခု ည ၇ နာရီ ၈ နာရီ လမ်း​ပေါ်သွား​လာတဲ့​သူ​တွေကို မသင်္ကာဘူး​ဆိုပြီး​မှ၊​ မသင်္ကာဘူး​ဆိုရင် ပြီး​ပြီဗျာ ပစ္စည်း​တွေ အကုန်သိမ်း​တာပဲ။ ဆိုင်ကယ်​တွေလည်း​ သိမ်း​တာပဲ။ လမ်း​လျှောက်သွား​တဲ့​သူကိုလည်း​ ကား​ပေါ်တင်သွား​တာ၊​ ကချင်လူမျိုး​ပေါ့​ဗျာ၊​ များ​တော့​ အား​ဖြင့်​ ကချင်ရွာ​တွေ ဖြစ်တာ​လေ” လို့​ ​ပြောပါတယ်။

စစ်သား​အများ​အပြား​ မြစ်ကြီး​နား​မြို့​ပြင် ဆယ်မိုင်ရွာသစ်ဘက်မှာ ​ရောက်ရှိ တပ်စွဲထား​ပြီး​ အနီး​နား​ ကချင်​ကျေး​ရွာက ​တောင်ယာစိုက်ခင်း​တွေကိုလည်း​ ဝင်​ရောက် ရှာ​ဖွေတာ​တွေ လုပ်​နေလို့​ ​ဒေသခံ​ကျေး​ရွာသား​တို့​မှာ မိမိတို့​တောင်ယာခင်း​ကို မသွား​ရဲကြ​တော့​ဘူး​လို့​ ​ဒေသခံက ​ပြောပါတယ်။

ကချင်ပြည်နယ်၊​ ဗန်း​မော်မြို့​မှာ​တော့​ ညမထွက်ရ အမိန့်​ထုတ်ပြန်ထား​တာမို့​ မြို့​ခံလူထုမှာ ကျီး​လန့်​စာစား​ဖြစ်​နေရတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“အခုက ကျီး​လန့်​စာစား​ဖြစ်​နေတာ၊​ ၈ နာရီထိုး​တာနဲ့​ လူ​တွေက ပျာယာ ပျာယာနဲ့​ ကိုယ့်​အိမ်ကို ပြန်​ပြေး​ရ​တော့​တာ။ ​နောက် ​ကျေး​ရွာ​တွေက​နေ ဟင်း​သီး​ဟင်း​ရွက် ည​ဈေး​တန်း​ လာ​ရောင်း​တယ်၊​ မိုး​မလင်း​ဈေး​ဆိုတာ ရှိတယ်၊​ အခွန်လွတ် ​ဈေး​ပေါ့​။ အဲဒီ​ဈေး​ကလည်း​ မရှိ​တော့​ အပြင်ရွာကလာတဲ့​ ​တောသူ​တောင်သား​တွေ ကျပ်ကုန်ပြီ၊​ ဘယ်သွား​ရောင်း​ရမလဲ ဒီပစ္စည်း​က။ ရွာနီး​ချုပ်စပ်က ည​နေဆိုရင် ​မော်​တော်နဲ့​ လာတယ်၊​ တချို့​ဆို ​ထော်လာဂျီနဲ့​ လာတယ်။ လာပြီး​ရင် ည​ဈေး​တန်း​မှာ​ရောင်း​တယ်၊​ မိုး​လင်း​ရင် ပြန်တယ်။ ခြံစိုက်ထား​ပြီး​တော့​ အလကား​ ဖြစ်ပြီ​လေ။ အိမ်မှာ နွား​ကျွေး​နေရတယ်တဲ့​၊​ ည​နေလာလို့​ မရ​တော့​ဘူး​။ မနက်မှ လာ​တော့​လည်း​ ၆ နာရီမှ ရွာက ထွက်တယ်ထား​၊​ မြို့​ထဲကို ၈ နာရီ​လောက်မှ ​ရောက်တယ်။ ​ဝေး​တော့​ သီး​နှံ​တွေက ပုပ်ပဲ့​ပြဲ၊​ ခြံထဲမှာ အလုပ်သမား​ခ​တောင် မရ​တော့​ဘူး​ တချို့​ဆိုရင်။

ဗန်း​မော်မှ တရုတ်နယ်စပ်သို့​ သွား​ရာ လမ်း​ကြောင်း​တွေအား​လုံး​ ဗုံး​ခွဲမှု​ကြောင့်​ လမ်း​ပိတ်ထား​ရဆဲဖြစ်ပြီး​ နယ်စပ်ကုန်သွယ်​ရေး​ကို မှီခို​နေရတဲ့​ ကုန်သည်၊​ ကား​သမား​၊​ သစ်နဲ့​ဆိုင်ကယ် ကယ်ရီသမား​တွေ အလုပ်ရပ်နား​ထား​ရသလို ဗန်း​မော်သ​င်္ဘောဆိပ် ကုန်တင်ကုန်ချအလုပ်သမား​ စတဲ့​ အလွှာ​ပေါင်း​စုံက ​ဒေသခံ​တွေက ဝင်​ငွေထိခိုက်​နေပါတယ်။

အခုလ ၂၄ ရက်​နေ့​က ပြည်သူ့​လွတ်​တော် ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ရန်ကုန်တိုင်း​ ​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ၊​ စာနယ်ဇင်သမား​တွေနဲ့​ ​တွေ့​ဆုံပွဲမှာ မြစ်ကြီး​နား​ ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ဇော်ရဲ့​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​နဲ့​ မြန်မာတပ်မ​တော်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေကို ကြား​ဝင်​ဆောင်ရွက်​ပေး​လို့​ ကချင်ပြည်နယ်အတွင်း​ ပုံမှန်အ​ခြေအ​နေပြန်​ရောက်​နေပြီလို့​ ​ပြောခဲ့​ပေမယ့်​လည်း​ ဒီက​နေ့​အထိ ​အေး​ချမ်း​တည်ငြိမ်မှုကင်း​မဲ့​ကာ ​ဒေသခံလူထု​တွေ စိုး​ရိမ်ထိတ်လန့်​မှု ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013