DVB Logo
Home
လူမှုရေး
စစ်တပ်က ဒေသခံရွာသား ၃၀၀ နီးပါးကို လုပ်အားခိုင်းစေ
DVB
·
June 28, 2011
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်ရှိ ဒေသခံရွာသား ၃၀၀ နီးပါးဟာ ဇွန်လဆန်းပိုင်းကစပြီး အခုချိန်ထိ မြန်မာ အစိုးရတပ်ရဲ့ လုပ်အားပေးခိုင်းစေတာကို ခံနေရတယ်လို့ ရွှေကျင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

ကျောက်ကြီးမြို့ အနောက်ဘက် ၆ မိုင်အကွာအဝေးရှိ ၀က်လာတော၊ ပတ္တလား၊ အေးနယ်၊ သာလဲ စတဲ့ ကျေးရွာအုပ်စုက  ဒေသခံ ၂၉၀ ကို ဘုရားကုန်းရှိ အစိုးရတပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၂ လက်အောက်ခံ ခမရ ၃၄၅ တပ်ရင်းက ဇွန်လ ၁၉ ရက်နေ့ကနေ နေ့စဉ် လုပ်အားခိုင်းစေတာလို့ ဆိုပါတယ်။

ရွှေကျင်ဒေသခံက “၃၄၅က ဘယ်မှာထိုင်လည်းဆိုတော့ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်နဲ့ အစပ်မှာ အဲလိုမျိုးခိုင်းနေတာတွေ ကြားတယ်။ အဲတော့ စခန်းဆောက်မယ့် ကိစ္စတွေက ရှိတယ်။ အခုလောလောဆယ်က သိတဲ့အတိုင်းပဲ။ ကရင်နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတာလည်း ပါတယ်။ မိုးတွင်းကျတော့ စခန်းအထိုင်ချတာပေါ့။ လုံခြုံရေးစခန်းဆိုရင်လည်း သစ်ဝါးစခန်းတွေပေါ့။ အဲဒီသစ်ဝါးစခန်းတွေအတွက် ၀ါးခုတ်ခိုင်းတယ်။ အဲဒီဝါးတွေ သစ်တွေနဲ့ စခန်းပြီးတော့ အထဲထဲမှာ သူတို့ဘန်ကာအတွက် သစ်တို့ဘာတို့ ထမ်းခိုင်းတယ်။ အဲလိုမျိုးတွေ ခိုင်းကြတယ်။ အဲဒါသူတို့ စစ်သားတွေကြီးပဲ လုပ်နေလို့ မပြီးနိုင်ဘူးလေ။ အဲဒါရွာသားတွေကို ခိုင်းတဲ့ဓလေ့လည်း ရှိတယ်” လို့ ပြောပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းမှု ပပျောက်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) နဲ့ နားလည်မှု စာချွန်လွှာ သက်တမ်း တိုးထားပေမယ့်  အခုအစိုးရသစ် လက်ထဲမှာလည်း  လုပ်အားပေးခိုင်းစေမှုတွေက ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013