DVB Logo
Home
မြန်မာသတင်း
မန္တလေးဗုံးကွဲအပြီး ကချင်နှစ်ဦး စစ်ဆေးခံရ
DVB
·
June 28, 2011
မန္တလေးဗုံးကွဲအပြီး ကချင်နှစ်ဦး စစ်ဆေးခံရ
Donate to DVB

မန္တလေးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် မျက်ပါးရပ်မှာ ရောက်ရှိနေသူ နှစ်ဦးကို သက်ဆိုင်ရာက ခေါ်စစ်နေတယ်လို့ မန္တလေးသားတချို့က ပြောပါတယ်။

သက်ဆိုင်ရာက ဗုံးကွဲတဲ့နေရာအနီးမှာ တယ်လီဖုန်းတလုံးကို တွေ့လို့ လိုက်ရာကနေ   အမှတ် ၃၆ လမ်း မျက်ပါးရပ်မှာ နေထိုင်တဲ့ အိမ်တအိမ်ကို ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်  အိမ်ရှင်တွေနဲ့ ဧည့်သည်တွေကို စခန်းကို ခေါ်ဆောင်ရာကနေ အိမ်ရှင်တွေကို ပြန်လွှတ်ပေးလိုက်ပြီး ဧည့်သည်ကချင်နှစ်ဦးကို စစ်မေးနေတာလို့ ဆိုပါတယ်။

“အဲဒီပတ်ဝန်းကျင်နားကို ဖုန်းတလုံး ကျကျန်ခဲ့တယ်။ အဲဒီဖုန်းက ဘယ်ကလဲဆိုပြီး လိုက်ရှာတာ အဲဒါ ၃၆ လမ်း မျက်ပါးရပ်က ရွှေဆိုင်းလုပ်တဲ့အိမ် ဖြစ်နေတယ်။ အဲဒီအိမ်ကို လာစစ်ဆေးတဲ့အခါ အဲဒီအိမ်မှာ ဧည့်သည်ကချင် ၂ ယောက် တွေ့တယ်။ တအိမ်လုံးကို စစ်ဆေးပြီးတော့ ညဘက်ကျတော့ ရွှေဆိုင်းလုပ်တဲ့ မိသားစုကိုတော့ ပြန်လွှတ်လိုက်တယ်။ ကချင် ၂ ယောက်ကိုတော့ ဖမ်းသွားတယ်။ ကချင် ၂ ယောက်က ဧည့်သည်ဆိုပြီး ကချင်ပြည်နယ်ဒေသက ဆိုပြီးတော့ အဲတော့ဒီ ၂ ယောက်ကိုတော့ ဖမ်းသွားတယ်။ အခုထိတော့ ပြန်လွတ်လာတဲ့ သတင်းတော့ မကြားရဘူး။”

ဇွန် ၂၄ ရက်နေ့က မန်းတလေးမြို့ ဈေးချိုအနီး ရပ်နားထားတဲ့ ကားတစီးမှာ ပြင်းထန်တဲ့ ဗုံးတလုံးပေါက်ကွဲခဲ့သလို နာရီခြားပြီး ပြင်ဦးလွင်နဲ့ နေပြည်တော်က လူမနေတဲ့အိမ်တွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့ပါတယ်။ ဒီဗုံးဖောက်တဲ့ တရားခံတွေကို အစိုးရက မကြေညာနိုင်သေးသလို လက်သည်ဘယ်သူမှန်း မသိရသလို ဘယ်သူကမှလည်း ထုတ်မပြောကြပါဘူး။

ဒီဗုံးတွေ မကွဲခင်က သီတင်းပတ် အနည်းငယ်အကြာတုန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မွေးနေ့ ဇွန် ၁၉ ရက် နောက်ပိုင်းကျရင် မန္တလေးဘက် ခရီးထွက်မယ်လို့ ထင်ကြေးပေး ခန့်မှန်းမှုတွေ ကျယ်ပြန့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013