DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်သူ့​စစ်များ​ နယ်​မြေစိုး​မိုး​ရေး​ လုပ်​ဆောင်
DVB
·
June 28, 2011
ကချင်ပြည်သူ့​စစ်များ​ နယ်​မြေစိုး​မိုး​ရေး​ လုပ်​ဆောင်
Donate to DVB

[caption id="attachment_11700" align="alignleft" width="310"] သင်တန်းပေးနေစဉ်[/caption]

ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​နယ်အတွင်း​က မြို့​ရွာ၊​ ရပ်ကွက်​တွေမှာ မြန်မာစစ်တပ်က စစ်သင်တန်း​ပေး​ ဖွဲ့​စည်း​ထား​တဲ့​ ပြည်သူ့​စစ်အဖွဲ့​ဟာ အခုခါ ​ဒေသအတွင်း​ နယ်​မြေလုံခြုံ​ရေး​ ​ဆောင်ရွက်​နေတဲ့​ စစ်တပ်၊​ ရဲ​တွေနဲ့​အတူ အဓိက​နေရာမှ ​ဆောင်ရွက် နေရတယ်လို့​ မြစ်ကြီး​နား​ဒေသခံတဦး​က ​ပြောပါတယ်။

ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) က နယ်ခြား​စောင့်​တပ်ဖွဲ့​ လက်မခံနိုင်​ကြောင်း​ ငြင်း​ဆိုပြီး​နောက် နှစ်ဖက်အကြား​ စစ်​ရေး​တင်မာမှု​တွေ ရှိ​နေချိန် ယမန်နှစ်အတွင်း​ မြစ်ကြီး​နား​ရှိ ဒူက​ထောင်၊​ စီတာပူ ရပ်ကွက်​တွေအပါအဝင် အနီး​က ​ကျေး​ရွာ​တွေမှာ မြန်မာစစ်တပ်က ပြည်သူ့​စစ်အဖွဲ့​တွေ ဖွဲ့​စည်း​ပေး​ထား​ခဲ့​တာ ဖြစ်ပါတယ်။

အဲဒီပြည်သူ့​စစ် တပ်ဖွဲ့​ဝင်​တွေဟာ ကချင်လူငယ်​တွေ အများ​ဆုံး​ပါဝင်​နေကြပြီး​ အခုအခါ သူတို့​တွေက ​ကျေး​ရွာ၊​ ရပ်ကွက်​တွေအတွင်း​ မိမိတို့​နဲ့​ စကား​များ​ထား​သူ​တွေ၊​ ရန်ငြိုး​ရန်စ ရှိထား​သူ​တွေကို ​ချောက်တွန်း​အပြစ်ကျ​အောင် လုပ်​ဆောင်​နေတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“၁ဝ ​ယောက်က​နေ ၁၅ ​ယောက်​လောက်ရှိတယ်။ ရွာတိုင်း​၊​ ရွာတိုင်း​မှာ ရှိတယ်။ အရင် အရန်မီး​သတ်အဖွဲ့​ဝင်​တွေကို ကြံ့​ခိုင်​ရေး​နဲ့​ ပူး​ပေါင်း​ပြီး​ သင့်​တော်မယ့်​ သူ​ရွေး​နုတ်ပြီး​ ပြည်သူ့​စစ်သင်တန်း​ပေး​ထား​တာ။ အဲဒီသူ​တွေက လမ်း​ပြလုပ်ပြီး​မှ ဧည့်​စာရင်း​စစ်တာတို့​၊​ မသင်္ကာတဲ့​သူ ဖမ်း​ အဲလို။ ပြည်သူ့​စစ် ကချင်​တွေနဲ့​ ဗမာစစ်တပ်နဲ့​ ​ပေါင်း​ပြီး​မှ မသင်္ကာတဲ့​သူ လိုက်ဖမ်း​တာ။ အဲဒီခါကျ​တော့​ ကြက်၊​ ဘဲ ကိစ္စနဲ့​ စကား​များ​ထား​တာတို့​ ဘာတို့​ကို အဲဒီပြည်သူ့​စစ်အဖွဲ့​ဝင်​တွေက လိုက်ချွန်တာ​ပေါ့​ဗျာ။ ဟိုလူက ​ကေအိုင်​အေအဖွဲ့​ဝင်ဖြစ်နိုင်တယ်။ ဒီလူက ​ကေအိုင်​အေ အဖွဲ့​ဖြစ်နိုင်တယ်။ အဲလိုမျိုး​ပေါ့​။”

ဟူး​ကောင်း​ချိုင့်​ဝှမ်း​၊​ တနိုင်း​ဒေသအတွင်း​ ယုဇနကုမ္ပဏီရဲ့​ ပ​လောပီနံစိုက်ခင်း​ ဝန်ထမ်း​တွေအတွင်း​မှာလည်း​ အလား​တူ စစ်သင်တန်း​တွေ​ပေး​ကာ ပြည်သူ့​စစ်တပ်ဖွဲ့​ဝင် အဖြစ် စု​ဆောင်း​ထား​တာ အ​ယောက် ၁၅ဝဝ ရှိ​နေပြီး​ လက်နက်ငယ် အလက် ဂဝဝ ခန့်​ ထုတ်​ပေးထား​ကြောင်း​၊​ လီဒို လမ်း​မကြီး​ပေါ်ရှိ ဖား​ကန့်​မြို့​နယ်အတွင်း​က ဘန်​ကောက်၊​ ရှဒူဇွပ်၊​ ဝရာဇွပ် စတဲ့​ကျေး​ရွာ​တွေက ဥယျာဉ်ခြံနဲ့​ လယ်​မြေသိမ်း​ကာ ​အောက်ပြည်​အောက်ရပ်မှ ​ခေါ်ယူလာတဲ့​ ​ထောင်နဲ့​ချီရှိတဲ့​ အလုပ်သမား​ဝန်ထမ်း​တွေအတွင်း​ ပြည်သူ့​စစ်တပ်ဖွဲ့​ ဖွဲ့​စည်း​ထား​တာဖြစ်ပြီး​ အခုအခါ ​ဒေသအတွင်း​ နယ်​မြေလုံခြုံ​ရေး​တွေ တာဝန်ယူ​နေကြတယ်လို့​ တနိုင်း​ကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

အခုလ ၉ ရက်​နေ့​ကစလို့​ ​ကေအိုင်အိုနဲ့​ မြန်မာစစ်တပ်အကြား​ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​ပြီး​ ​နောက်ပိုင်း​ ကချင်ပြည်နယ်​နေရာအနှံ့​မှာ တိုက်ပွဲ​တွေနဲ့​ ဗုံး​ခွဲမှု​တွေ ​ပေါ်​ပေါက်လာ​နေချိန်မှာ အာဏာပိုင်​တွေကလည်း​ နယ်​မြေလုံခြုံ​ရေး​အတွက် ဧည့်​စာရင်း​ စစ်တာ၊​ နယ်​မြေစိုး​မိုး​ရေး​ လှည့်​ကင်း​ ​ဆောင်ရွက်တာ​တွေ လုပ်​နေလို့​ လူ​နေ​ကျေး​ရွာ၊​ ရပ်ကွက်​တွေအတွင်း​ တိုက်ပွဲ​တွေ ဖြစ်လာနိုင်တယ်လို့​ အဲဒီ ​ဒေသခံက ​ပြောပါတယ်။

“ရွာထဲမှာ အခုက နည်း​နည်း​ရှုပ်ရှုပ်​ထွေး​ထွေး​ ဖြစ်လာပြီ။ ​ကေအိုင်အိုကလည်း​ ညတိုင်း​လို လှုပ်ရှား​၊​ ပြည်သူ့​စစ်​တွေနဲ့​ အစိုး​ရ စစ်တပ်ကလည်း​ ညတိုင်း​လိုလို တအိမ်တက် တအိမ်ဆင်း​ အဲလို။ တချိန်မဟုတ် တချိန် ရွာထဲမှာ ပစ်ကြခတ်ကြမယ့်​ သ​ဘောရှိတယ်။”

၁၉၉၄ ခုနှစ်က နှစ်ဖက်အပစ်ရပ်ခဲ့​ကြတဲ့​ ​ကေအိုင်အိုနဲ့​ မြန်မာစစ်တပ်အကြား​ မကြာ​သေး​မီကစလို့​ တိုက်ပွဲ​တွေ ဖြစ်လာလို့​ ​ဒေသခံလူထု​တွေ ထွက်​ပြေး​တိမ်း​ရှောင်​နေရဆဲရှိ​နေသလို တိုက်ပွဲနဲ့​အလှမ်း​ဝေး​တဲ့​ မြို့​၊​ ရွာ​နေ လူထုကလည်း​ အနီး​အနား​ စစ်မက်ဖြစ်ပွား​မှာကို စိုး​ရိမ်ထိတ်လန့်​မှု​တွေလည်း​ ရှိ​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013