DVB Logo
Home
နိုင်ငံရေး
ဟောလီး​ဝုဒ်ရုပ်ရှင်မင်း​သမီး​ ရန်ကုန်​လေဆိပ်က​နေ ပြန်ပို့​ခံရ
DVB
·
June 28, 2011
Donate to DVB

[caption id="attachment_11681" align="alignleft" width="310" caption="ဓာတ်ပုံ - အေအက်ဖ်ပီ"][/caption]

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဘဝအ​ကြောင်း​ ရိုက်ကူး​ထား​တဲ့​ “The Lady” ရုပ်ရှင်ကား​ရဲ့​ အဓိကဇာတ်​ဆောင် ​ဟောလီး​ဝုဒ် ရုပ်ရှင်မင်း​သမီး​ မစ်ရှယ်ယိုး​ကို မြန်မာနိုင်ငံက ပြန်ပို့​ခဲ့​ပြီး​ နာမည်ပျက်စာရင်း​ သွင်း​ထား​လိုက်တဲ့​အ​ကြောင်း​ အစိုး​ရအရာရှိတဦး​ကို ကိုး​ကား​ပြီး​ ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြပါတယ်။

သူဟာ ရန်ကုန် နိုင်ငံတကာ​လေဆိပ်ကို ​ရောက်လာပြီး​နောက် မြန်မာပြည်က အရင်ဆုံး​ ပြန်ထွက်ခွာတဲ့​လေယာဉ်နဲ့​ချက်ချင်း​ပြန်ပို့​ခံရတာဖြစ်ပြီး​ မြန်မာနိုင်ငံကို ​နောက်ထပ်လာခွင့်​မရှိ​တော့​တဲ့​အ​ကြောင်း​ အမည်မ​ဖော်လိုတဲ့​ မြန်မာအစိုး​ရအရာရှိက သတင်း​မှာ ​ပြောပါတယ်။

ဒါ​ပေမယ့်​ သူ့​ကို ဘာ​ကြောင့်​ ခုလို ပြန်ပို့​လိုက်တာလဲ ဆိုတာကို​တော့​ သတင်း​မှာ ​ဖော်ပြခြင်း​မရှိပါဘူး​။

မင်း​သမီး​ မစ်ရှယ်ယိုး​ဟာ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာလကလည်း​ မြန်မာနိုင်ငံကို ​ရောက်ရှိလာပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​နေအိမ်မှာ သွား​ရောက်​တွေ့​ဆုံခဲ့​ကာ ရုပ်ရှင်ဇာတ်ဝင်ခန်း​တွေအတွက် ​လေ့​လာမှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

သူပါဝင်သရုပ်​ဆောင်ထား​တဲ့​ “The Lady” ရုပ်ရှင်ကို ပြင်သစ်လူမျိုး​ ဒါရိုက်တာ Luc Besson က ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ရိုက်ကူး​ခဲ့​ပြီး​ ဒီနှစ်ကုန်ပိုင်း​လောက်မှာ ဇာတ်ကား​ ရုံတင်ဖို့​ရှိ​နေပါတယ်။

မ​လေး​ရှား​နွယ်ဖွား​ မင်း​သမီး​ မစ်ရှယ်ယိုး​ဟာ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး​ "Tomorrow Never Dies" ဂျိမ်း​စဘွန်း​ရုပ်ရှင်ကား​၊​ "Crouching Tiger, Hidden Dragon" တရုတ်သိုင်း​ကား​နဲ့​ "Memoirs of a Geisha" ဂျပန်​ဂေး​ရှား​မယ်​တွေအ​ကြောင်း​ ရိုက်ထား​တဲ့​ ရုပ်ရှင်ကား​တွေနဲ့​ နာမည်​ကျော်ကြား​သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013