DVB Logo
Home
မြန်မာသတင်း
ဦးအေးလွင်၏ ပါတီစည်းရုံးရေးခရီးစဉ် နှောင့်ယှက်ခံရ
DVB
·
June 27, 2011
Donate to DVB

ဦးအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီတို့ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်း နယ်မြေခံအုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ရဲတွေရဲ့ နှောင့်ယှက်မှုကို ကြုံတွေ့နေရတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

[caption id="attachment_11656" align="alignleft" width="310" caption="ဦးအေးလွင် (ဓာတ်ပုံ-အေအက်ဖ်ပီ)"][/caption]

ရန်ကုန်က စထွက်ကတည်းက ဟင်္သာတ ရောက်တဲ့အထိ သူတို့ ရောက်တဲ့ နေရာတိုင်းမှာ နှောင့်ယှက်ခံရတယ်လို့  ဦးအေးလွင်က ပြောပါတယ်။

“ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အချိန်မှာ နိုင်ငံရေးပါတီတွေက တရားဝင် လုပ်ဆောင်ချက်တွေကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဥပမာ ရဲတပ်ဖွဲ့လို အဖွဲ့အစည်းတွေက သတင်းယူတယ်လို့ အကြောင်းပြပြီးတော့ ပါတီတွေက တရားဝင်လုပ်ဆောင်နေတဲ့ နိုင်ငံရေးလုပ်ငန်းတွေကို အများပြည်သူတွေ စိုးရိမ်ထိတ်လန့်အောင် နည်းလမ်းပေါင်းစုံနဲ့ သူတို့က လုပ်ဆောင်နေကြတာပါပဲ။ ကျနော်တို့က တောက်လျှောက်ထွက်လာတာ တချို့နေရာတွေမှာ တမျိုးပြီး တမျိုးပေါ့။

ညအိပ်တယ်။ ညအိပ်တော့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးကျောင်းတွေမှာ ကျနော်တို့ တည်းတယ်။ အဲဒီမှာ ဘုန်းကြီးကျောင်းတွေကို လက်မခံဖို့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ရဲတပ်ဖွဲ့တွေက လုပ်ကြတယ်။ ဆရာတော်တွေကို သွားလျှောက်တယ်။ ဆရာတော်တွေက ခွင့်ပြုတယ်။ ပြီးတော့မှ တည်းလို့ မရဘူးဆိုပြီးတော့ ကျောင်းထဲကနေ ကျနော်တို့ပြန်ထွက်ရတယ်။ ခရမ်းမှာတော့ တော်တော်ဆိုးတယ်။ တည်းခိုခန်းတွေလည်း ပိတ်တယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း လိုက်လျှောက်တယ်။ စခန်းမှူးတွေ မြို့နယ်မှူးတွေကပေါ့။”

ဇွန်လ ၂၆ ရက်နေ့ကလည်း ဟင်္သာတဘူတာမှာ ပါတီထုတ် စာစောင်နှစ်ခုကို ဖြန့်ဝေရာမှာ ဦးစံလင်းဆိုသူက သံလျင်မြို့နယ်စည်းရုံးရေးမှူး ကိုကျော်ဌေးကို ဆဲဆို ထိုးကြိတ်ခဲ့ပါတယ်။

“မနေ့က ပဒေသာဈေးကြီးပြီးတော့ ဘူတာထဲကို ၀င်ကြတယ်။ ဘူတာထဲကို ၀င်တော့ သူ့ကိုယ်သူ အန်အယ်လ်ဒီလို့ ကြွေးကြော်သူတွေတယောက်ပေါ့။ မူးလည်းမူးနေတယ်။ နာမည်က ဦးစံလင်းတဲ့။ နောက်မှသိရတာ သူကမီးရထား ၀န်ထမ်းပြုတ်လို့ ပြောတယ်။ နောက်ပြီးတော့ မှုခင်းရှုထောင့် ဂျာနယ်မှာလည်းပဲ သတင်းထောက်လို့ ပြောတယ်။ အဲဒီပုဂ္ဂိုလ်က ကျနော်တို့အဖွဲ့ထဲက သံလျင်ခရိုင် စည်းရုံးရေးမှူး ကိုကျော်ဌေးကို အော်ဟစ်ဆဲဆိုပြီး ထိုးကြိတ်တယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ အဲဒီအခါမှာ မီးရထားရဲတွေလည်း ရောက်မလာဘူး။ စခန်းက ရဲတွေလည်း ရောက်မလာဘူး။ ၄၅ မိနစ်လောက်ကြာတယ်။ နောက်မှ စခန်းရဲရောက်လာတယ်။”

ဦးစံလင်း မိသားစုက တောင်းပန်လို့ သူတို့က ခွင့်လွှတ်လိုက်ပေမယ့် ရဲကလည်း ဦးစံလင်းဟာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ ဆိုကြောင်း သူက ပြောပါတယ်။

ဦးစံလင်းက ၀င်ရောက် ရိုက်နှက်တာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သူတို့အဖွဲ့ကို အာဏာပိုင်က ရန်တိုက်ပေးနေတယ်လို့ သံသယဖြစ်နေကြောင်း ဦးအေးလွင်က ပြောပါတယ်။

အများပြည်သူကို တာဝန်ယူထားတဲ့ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို ချိုးဖောက်တာတွေ၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးတာဟာ ဒီမိုကရေစီနည်းအရ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဝေဖန်ပါတယ်။

ဒါ့ကြောင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီအချက်ကို သတိပြုသင့်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“သမ္မတ ဦးသိန်းစိန်လည်း ဒါကို သတိပြုမူဖို့ လိုတာပေါ့။ ကိုယ့်ရဲ့ အစိုးရအဖွဲ့ထဲက လူကြီးတွေ၊ နောက်ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အမည်ခံပြီးတော့ လွှတ်တော်အသီးသီး အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေပေါ့။ ဒီပုဂ္ဂိုလ်တွေကိုလည်း သတိပေးစကား ပြောထားဖို့ လိုလိမ့်မယ်။ နောက်တခါ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက အစပေါ့။ သေချာမှာထားဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုလိုက်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ဒီအစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေကြောင့်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကြောင့် ဒီအခွင့်အရေးတွေ ဆုံးရှုံးနေရမယ်ဆိုရင်တော့ ဒါကျနော်တို့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမယ်။ ကျနော်တို့ကလည်း လျှော့လို့မရဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013