DVB Logo
Home
မြန်မာသတင်း
အန်စီအေလက်မှတ်ထိုးမည့် ကရင်၊ ရှမ်း လက်နက်ကိုင် ခေါင်းဆောင်များနှင့် သမ္မတ တွေ့ဆုံ
DVB
·
October 13, 2015
အန်စီအေလက်မှတ်ထိုးမည့် ကရင်၊ ရှမ်း လက်နက်ကိုင် ခေါင်းဆောင်များနှင့် သမ္မတ တွေ့ဆုံ
1 / 2
Donate to DVB

တပြည်လုံး အပစ်ရပ်စဲရေးသဘောတူညီချက် (အန်စီအေ) မှာ လက်မှတ်ထိုးမယ့် ရှမ်းနဲ့ ကရင် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့  သမ္မတကြီးဦးသိန်စိန်တို့ ဒီနေ့ မနက်ပိုင်းမှာ တွေ့ဆုံပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖထိုကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)  ဗဟို အလုပ်အမှုဆောင်ဗိုလ်ချုပ် ဘောင်ခေးတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့  သမ္မတလယ်တောအိမ်မှာ အလွတ်သဘော တွေ့ဆုံတယ်လို့ သိရပါတယ်။

မနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)   တို့ကို မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပြီးနောက် တွေ့ဆုံတာပါ။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ အကြား အန်စီအေစာချုပ်လက်မှတ်ရေးထိုးဖို့ရှိပြီး ပြည်တွင်းပြည်ပက အသိသက် သေတွေကို လည်း ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ကြားထားတာပါ။

လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့တွေက ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ရှမ်းပြည်တပ်မတော် – ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (SSA – RCSS) အဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013