DVB Logo
Home
မြန်မာသတင်း
အစိုးရက မူးယစ်ဆေးဝါးမှု ၂၆၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ဟုဆို
DVB
·
June 26, 2011
အစိုးရက မူးယစ်ဆေးဝါးမှု ၂၆၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ဟုဆို
Donate to DVB

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာပဲ မြန်မာ့အစိုးရက ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးမှု ၂၆၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြကြားလိုက်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးမှုကျူးလွန်သူ  ပြစ်မှုကျူးလွန် ၃၅၀၀ နီးပါးကိုလည်း ဥပဒေအရ အရေးယူထားတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဆိုပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပေးပို့တဲ့  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ သ၀ဏ်လွှာမှာ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

နေပြည်တော်ကလာတဲ့ အေဂျင်ဆီသတင်းတွေမှာတော့ ဒီကနေ့မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး နီးပါးကို အစိုးရက ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ မူး​ယစ်​ဆေး​ဝါး​နဲ့ ရာဇဝတ်မှုဆိုင်ရာရုံး​ UNODC က ထုတ်ပြန်​တဲ့ စာရင်းတွေမှာတော့ မြန်မာနိုင်ငံမှာ ပြီး​ခဲ့​တဲ့​နှစ်က ဘိန်း​စိုက်ပျိုး​ ၂၀ ရာခိုင်နှုန်း​ တိုး​လာတယ်လို့ ဆိုပါတယ်။

ခုလိုတိုး ​လာတဲ့​အတွက် မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်တုန်း​က ကမ္ဘာ့​ ဘိန်း​စိုက်ပျိုး​မှုရဲ့ ၅ ရာခိုင်နှုန်း​ပဲရှိရာက​နေ ၂၀၁၀ မှာ ၁၂ ရာခိုင်နှုန်း​ထိ ရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်နေပြီး မြန်မာအစိုး​ရက​တော့​ ဘိန်း​စိုက်ဧကရဲ့ ခြောက်ပုံတပုံကို ဖျက်ဆီးနိုင်ခဲ့​တယ်လို့ ပြီး​ခဲ့​တဲ့​ မတ်လက ​ကြေညာထား​ပါတယ်။

မြန်မာအစိုးရကတော့ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စီမံကိန်းချလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောကြားနေပေမယ့် ဒီစီမံကိန်းရဲ့ နောက်ဆုံး တတိယ ၅ နှစ်ကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် အခုလို ထွက်နှုန်းတွေ တိုးတက်လာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013