ပုသိမ်တွင် အန်အယ်လ်ဒီက တေးသီချင်းသံချပ်များဖြင့် မဲဆွယ် (ရုပ်သံ)
DVB
·
October 10, 2015
ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ မဲဆွယ်စည်းရုံး မဲပညာပေးပွဲကို တေးသီချင်း သံချပ်တွေနဲ့ ပုသိမ်မြို့ရပ်ကွက်အနှံ့ ဖျော်ဖြေခဲ့ကြပါတယ်။
ညနေ ၃ နာရီအချိန်မှာလည်း ဒါရိုက်တာ ကြည်ဖြူသျှင် ဦးဆောင်တဲ့ အနုပညာရှင်အဖွဲ့က တေးသီချင်းတွေနဲ့ ပုသိမ်မြို့ ကင်မလင်ကျွန်းမှစတင်ပြီး ပုသိမ်မြို့တော်ခန်းမရှေ့မှာ ည ၈ နာရီထိ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
ရိုက်ကူး- ကိုငြိမ်းသူ