DVB Logo
Home
မြန်မာသတင်း
ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ဖို့ရှိ
DVB
·
June 25, 2011
Donate to DVB

[caption id="attachment_11573" align="alignright" width="300" caption="photo_marles.gallery.dfat.gov.au "][/caption]

လာမယ့် သတင်းပတ်အတွင်းမှာပဲ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ မာကီတို ကီကူတာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မစ္စ ကီကူတာဟာ သူရဲ့ခရီးစဉ်အတွင်း မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့်အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း ဂျပန်ကလာတဲ့ အေဂျင်ဆီသတင်းတွေက ဆိုပါတယ်။

ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ ဦးတည်နေတဲ့ အစိုးရသစ်နဲ့ ဂျပန်အစိုးရအကြား ဆက်ဆံရေးအသစ် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ပထမခြေလှမ်းဖြစ်ဖို့ မျှော်လင့်မိတယ်လို့လည်း မစ္စ ကီကူတာက ပြောကြားထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ ငွေကြေးကူညီထောက်ပံ့ကူညီမှု ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိနေပါတယ်။

မစ္စ ကီကူတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံမှုဟာ ဂျပန် ထိပ်တန်းတာဝန်ရှိသူတွေထဲက ကိုးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်လာပါ။

ဂျပန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူတွေကို ဖိနှိုပ်မှုတွေကြောင့် လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီတွေကလွဲရင် အခြားစီးပွားရေး အကူအညီတွေကို ၂၀၀၃ ခုနှစ်က စပြီး ရပ်ဆိုင်းထားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013