A d v e r t i s e m e n t With Us

ဗန်း​မော်-မြစ်ကြီး​နား​လမ်း​ပိုင်း​ ခရီး​သည်ထိတ်လန့်

ကချင်ပြည်နယ်မှာ ဗန်း​မော်နဲ့​ မြစ်ကြီး​နား​ ကား​လမ်း​ပေါ်က ​ဒေါ့​ဖုန်း​ယန်မြို့​နယ် လွယ်​မောက်ယန်​ကျေး​ရွာမှာ စစ်ယူနီ​ဖောင်း​ဝတ်လူတစုဟာ ခရီး​သည်​တွေကို ကား​ပေါ်က​နေဆွဲချပြီး​ ရိုက်နှက်တာ​တွေ လုပ်​နေတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ အဲဒီစစ်ယူနီ​ဖောင်း​တွေမှာ ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ်တံဆိပ်နဲ့​ ကချင်လွတ်လပ်​ရေး​တပ်မ​တော်ရဲ့​ တံဆိပ်​တွေကို တဖက်တချက်စီမှာ တတ်ဆင်ထား​ကြတယ်လို့​ ​ပြောပါတယ်။ ဒီသတင်း​မြစ်ကြီး​နား​မြို့​နဲ့​ ဗန်း​မော်မြို့တွေမှာ ပျံ့​နှံ့​ပြီး​ လမ်း​ပေါ်မှာ ယာဉ်အသွား​အလာ ကင်း​မဲ့​နေတယ်လို့​ ဆိုပါတယ်။ ဒီလူ​တွေဟာ ​ကေအိုင်​အေတပ်ဖွဲ့​ဝင်​တွေ မဟုတ်တဲ့​အ​ကြောင်း​နဲ့​ အဲဒီကား​လမ်း​ပိုင်း​နေရာဟာ အစိုး​ရတပ် ခလရ (၃၇) လုံခြုံ​ရေး​ယူထား​တဲ့​ ​နေရာဖြစ်တယ်လို့​ ​ကေအိုင်အိုက ​ပြောဆို​ပေမယ့်​ တိုက်ရိုက် စွပ်စွဲခြင်း​တော့​ မရှိပါဘူး​။

A d v e r t i s e m e n t With Us

More News
Up